Category: နိုင်ငံရေး / တိုက်ပွဲ

စစ်ကောင်စီတပ်သား ၄၈ ဦးထိုင်းဘက်သို့ ထွက်ပြေးလာ

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၅ စစ်ကောင်စီတပ်သား ၄၈ ဦး ထိုင်းနိုင်ငံ အုန်းဖန်းမြို့ (ဒိုင်ပင်ခြိုင်း) ဗန်းပွိုင်းခွိုင်ရွာ သို့ထွက်ပြေးလာခြင်းကြောင့် ထိုင်းစစ်တပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံထံမှသိရသည်။ မတ်လ ၁၉ ရက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ထိုင်းစစ်တပ်မှ ဖမ်းဆီးခြင်းဖြစ်ပြီး လက်နက်များကိုလည်း သိမ်းဆည်းသွားသည်။ “ဖမ်းတာကတော့ ထိုင်းစစ်တပ်ကဖမ်းတာ ရွာသားတွေကသတင်းပေးလိုက်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ကရင်ပြည်နယ် KNU…

ရှမ်းတောင်အတွင်းရှိ စစ်ဘေးရှောင်နေရသူ တစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများလိုအပ်

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် သူတစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ပအိုဝ်း လူငယ်အစည်းအရုံး PYO ထံမှ သိရသည်။ စစ်ရှောင်များသည် ပင်လောင်းဒေသခံ ၁၇၀၀၀ ကျော်၊ဆီဆိုင်ဒေသခံ ၆၆၀၀၀ နီးပါးနှင့် ဟိုပုံးဒေသခံ ၁၈၀၀၀ ဦးတို့ ဖြစ်ပြီး ဘေးကင်းရာထင်သည့် တောတောင်ထဲနှင့်…

TNLA ထိန်းချုပ်သည့်မြို့နယ်အတွင်း စစ်ကောင်စီ အတွက် အုပ်ချုပ်ရေးမူးက စစ်သားစုဆောင်းပေးလျှင်ပြင်းထန်စွာ အရေးယူမည်ဟုဆို

ခမ်းသားငေါဝ်း မတ်လ၁၉၊ ၂၀၂၄ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်မြို့နယ်အတွင်း စစ်ကောင်စီ အတွက် အုပ်ချုပ်ရေးမူးက စစ်သားစုဆောင်းပေးလျှင်ပြင်းထန်စွာ အရေးယူမည်ဟု TNLA ကထုတ်ပြန်ကြေညာလိုက်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီအတွက် တပ်သားသစ်စုစာရင်းကောက်ပေးပါက PSLF/ TNLA ကိုတိုင်ကြားနိုင်သည်ဟုဖော်ပြထားသည်။ စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းပုံသည် ရပ်ကွက်၊ ကျေးရွာအုပ်စု…

နောင်တရားဒေသတွင် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်ဟုဆိုပြီးငွေကောက်ခံနေသည်ဟုဆို

ခမ်းသားငေါဝ်း မတ်၁၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် PNO ပြည်သူ့စစ်က စစ်အသုံး စရိတ်ကောက်ခံနေသည်ဟုမတ်လ ၁၉ ရက်က ဒေသခံထံက သိရပါသည်။ စစ်အသုံးစရိတ်အဖြစ် တအိမ်လျှင် တစ်သိန်း ကျပ်ကောက်ခံနေပြီး အိမ်စီးကားတစ်စီးလျှင် ငါးသောင်းကျပ်၊ canter ကားတစ်စီးလျှင် တစ်သိန်းကျပ်၊ ထွန်စက်တစ်စီးလျှင် (တစ်သောင်းခွဲ)တစ်သောင်းငါးထောင်ကျပ်စသည်ဖြင့် ကောက်ခံနေသည်။ “ခုဆက်ကြေးကောက်လည်းပေးရတယ် ဒီလိုအခြေအနေမှာ အားလုံးက အခက်အခဲရှိနေတဲ့ကြားက…

ဆောင်းပြောင်းရဲစခန်း ကို ကရင်နီ တော်လှန်ရေးအဖွဲ့သိမ်းပိုက်

ခမ်းသားငေါဝ်း မတ်လ ၁၈၊ ၂၀၂၄ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရဲစခန်းကို ကရင်နီ တော်လှန်ရေး အင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဆောင်းပြောင်း ဒေသခံတစ်ဦးခံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရဲစခန်းကို ယနေ့ ၁ နာရီအချိန်ခန့်က တော်လှန်ရေးအဖွဲ့များက သိမ်းလိုက်ကြောင်း သိရသည်။ ” PDF အဖွဲ့ဝင်တိုက်ပြီး စစ်သားနဲ့ရဲတွေ ပြေးကုန်တယ်။သူတို့ပြေးကုန်တော့တော့ ရွာသားတွေလည်း အကုန်နီးပါးရှောင်ကြပြီ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို…

EAO (၇) ဖွဲ့ မျက်နှာစုံညီအစည်းဝေးမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့ မဟာမိတ်ဖွဲ့လိုက်သည့်အပေါ် PNLO သဘောထားမပါဝင်ကြောင်း PNLO ဥက္ကဌပြောဆို

ခမ်းသားငေါဝ်း မတ်လ ၁၈၊ ၂၀၂၄ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ၏ မျက်နှာစုံညီအစည်းအဝေးတွင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း(၇) ဖွဲ့၏မဟာမိတ်အဖွဲ့အဖြင့် ဖွဲ့စည်းလိုက်သည်ဟု( 7 NCA-S EAO Summit) မျက်နှာစုံညီအစည်းအဝေးမှ ယနေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။ အစည်းအဝေးထုတ်ပြန်ချက်တွင် PNLO ကအဖွဲ့ဝင်ဟုထည့်ထားခြင်းသည် PNLO သဘောထားမပါ ကြောင်း…

ပင်လောင်းတိုက်ပွဲတွင် မကွဲသေးသည့်လက်နက်ကြီးရှိ၍ အန္တရာယ်ဖြစ်မည်ကိုဒေသခံစိုးရိမ်

ခမ်းသားငေါဝ်း မတ် ၁၈၊၂၀၂၄ ပင်လောင်းမြို့တောင်ဘက် တိုက်ပွဲအတွင်းမပေါက်ကွဲသေးသည့် လက်နက်ကြီးများရှိသည့်အတွက် ဒေသခံထိခိုက်အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်နေရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့၏ တောင်ဘက်ဒေသတွင် စစ်ကောင်စီ၊PNOပြည်သူ့စစ်နှင့် တော်လှန် ရေးအင်အားစုတို့ကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။ “မပေါက်ကွဲတာရှိတယ် တောင်ယာသွားတာ တောထဲသွားတာမျိုးဆိုစိုးရိမ်ရတာပေါ့ ဒါပေမယ့် မသွားဖို့တားထားတာရှိတယ်လေ အဲ့လိုနဲ့ရွာပြင်တွေသိပ်မထွက်ကြဘူး လုံးပျဥ်ကလူဆိိုလုံးဝမသွားတာမျိုးရှိတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ မပေါက်ကွဲသည့်လက်နက်ကြီးအန္တရာယ်ကိုစိုးရိမ်နေသည့်အပြင် ယမန်နေ့ နံနက်ပိုင်းအစောမှာလည်း တောင်မဲသင်းရွာအနီးတိုက်ပွဲထပ်မံဖြစ်ပွားခဲ့၍ ည လေယာဥ်ပျဲဝဲခြင်း ဒရုန်းပြန်ဝဲခြင်း ရှိသည့်အတွက် သတိထားပြီးနေနေရကြောင်းဆိုသည်။…

နောင်ကားကျေးရွာအုပ်စုအတွင်းတွင် PNOပြည်သူ့စစ်က အဆမတန်ဆက်ကြေးကောက်ခံနေခြင်းကြောင့် ဒေသခံအချို့မှာအခက်ခဲရှိနေ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ နောင်ကားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို စက်အမျိုးမျိုး ယာဥ်အမျိုးမျိုးရှိသည့်ပြည်သူများထံ PNO ကအဆမတန် သိန်းချီ ဆက်ကြေးကောက်နေသည့်အတွက် ဒေသခံအချို့ အခက်အခဲဖြစ်ရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့နယ်ခွဲ နောင်ကားကျေးရွာအုပ်စုအတွင်းရှိကျေးရွာကို PNO ပြည်သူ့စစ်က ယာဥ်များ စက်များအတွက် အခွန်ပေးဆောင်ရန် စာထုတ်ပြီး အတင်းဆက်ကြေးကောက်နေသည်။ “အာဏာသိမ်းချိန်ဆို ပြည်သူက စစ်ကောင်စီအတွက်ရော သူတို့(PNO)အတွက်ပါ အခွန်ပေးနေရတာ အဲ့လိုပေးဖို့ပြည်သူမှာ…

တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံနှင့် လူငယ်အများစုစိတ်ပိုင်​ဆိုင်ရာထိခိုက်မှုများနေ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်ရှိဒေသခံပြည်သူနှင့် လူငယ်အများစုမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တောင်ဘက်ဒေသတွင် မတ်လ ၁၀ ရက်နေ့ကစပြီး ယနေ့အထိ တိုက်ပွဲထပ်မံဖြစ်ပွားခြင်းကြောင့် ဒေသခံများ၊လူငယ်များအခက်အခဲဖြစ်နေရကြောင်းဆိုသည်။ “စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသူတွေတော်တော်များများမြင်တွေ့ရတယ် အချို့ဆို အသံအကျယ်ကြားတာနဲ့ ဂနာမငြိမ် စိတ်ကယောင်ခြောက်ချားနေရတာလည်းမြင်တယ်”ဟုအမည်မဖော်သူသည့်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောင်းသည်။ အချို့သော လူငယ်များသည် ပြည်ပသို့ထွက်ခွာသွားခြင်းရှိသလို အချို့က ဘာမှမထူးဘူးဟုဆိုပြီး ရှေ့ဆက်ရမည့်လုပ်ဆောင်စရာမရှိ လမ်းပျောက် အနာဂတ်ပျောက်နေသည့်လူငယ်လည်းမြင်တွေ့နေရကြောင်း၎င်းကဆက်ပြောသည်။…

တောင်မဲသင်းတွင်ယနေ့ တိုက်ပွဲပြင်းထန်နေပြီး ရွာသားများ ထပ်မံထွက်ပြေးရ

ခမ်းသားငေါဝ်း မတ်လ ၁၇၊ ၂၀၂၄ တောင်မဲသင်းကျေးရွာတွင်ယနေ့ တိုက်ပွဲ ပြင်းထန်နေပြီး ရွာသားများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ်၊တောင်မဲသင်းကျေးရွာ ယနေ့မနက်က စစ်ကောင်စီ၊PNOပြည်သူ့စစ်နှင့် ကရင်နီ တော်လှန်ရေး အင်အားစု များအကြား တိုက်ပွဲပြင်းထန်နေ ကြောင်း သိရသည်။ “လူကမနိုးသေးဘူး။လက်နက်သံဆက်တိုက်ကြားရတယ်။ ရွာအနီးကော ရွာထဲပါ ပစ်တယ်။ရွာသားတွေလည်း ရုတ်တရက်ရုတ်ရုတ်သဲသဲထွက်ပြေးကုန်ကြတယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ယခု ဆောင်းပြောင်းရွာအနီး…