Category: နိုင်ငံရေး / တိုက်ပွဲ

ရပ်စောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် အိမ်တိုင်းလိုလို စစ်ထဲဝင်နေရဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၂၄၊ ၂၀၂၄ ရပ်စောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် အိမ်တိုင်းလိုလို PNO ပြည်သူစစ် ကောက်ခံခြင်း ခံရသလို စစ်ကောင်စီမှလည်း စစ်ကောက်ခံခြင်း ခံနေရသည့်အတွက် အိမ်တိုင်းလိုလို စစ်ထဲဝင်နေရသည်ဟု ဒေသခံက ဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် (ချို့ထီ)ဆတ်သေရွာ၊ (ဟမ်းဖြေင်း)မြေမဲရွာ၊ (ထီတဖြေ)ရေသပြေရွာ၊ ကောင်ထိုရွာ၊ မုဲင်းတွိုင်တမွူးရွာ၊ လုဲင်းလောင်းရွာရှိ အမျိုးသားများသည် အိမ်တိုင်းလိုလို စစ်ထဲဝင်ပြီး…

PNO ပြည်သူ့စစ်ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် စင်းတောင်းရွာသားများ အိမ်တွင်မအိပ်ရဲဘဲ တောထဲအိပ်နေရ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ PNO ​ပြည်သူ့စစ် ပေါ်တာဆွဲဖမ်းဆီးသဖြင့် စင်းတောင်းရွာ လူလတ်ပိုင်း အမျိုးသားများ အိမ်တွင်မအိပ်ရဲကြဘဲ တောတောင်ထဲ သွားအိပ်နေရကြောင်း ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာတွင် ဧပြီလအတွင်း PNO ပြည်သူ့ စစ်က ရွာသားများအား ပေါ်တာဆွဲဖမ်းဆီးပြီး အလှည့်ကျဖြင့် တိုက်ပွဲဖြစ်ပွားရာရှေ့တန်းသို့ သွားခိုင်းသည့်အတွက် အိမ်တွင်မအိပ်ရဲကြဘဲ တောတောင်ထဲအိပ်နေရသည်၊၊ “၁၅ ရက်…

မိုးဗြဲအခြေစိုက်ခလရ- ၄၂၂ စခန်းသိမ်းတိုက်ပွဲတွင်တော်လှန်ရေးအင်အားစုမှ ရဲဘော် ၂၅ ဦးကျဆုံးဟုသိရ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊၂၀၂၄ ရှမ်း- ကယားအစပ်ရှိ မိုးဗြဲမြို့အခြေစိုက်စစ်ကောင်စီတပ် ခလရ ၄၂၂ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုတပ်မှ ရဲဘော် ၂၅ ဦးကျဆုံးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ စစ်ကောင်စီ၏ ၄၂၂ စခန်းကိုသိမ်းနိုင်ရန်ယနေ့အချိန်ထိ စစ်ဆင်ရေးပြုလုပ်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရခြေထောက်ဆုံးရှုံးရသည့်ရဲဘော်များလည်း ၁၅ ဦးဝန်းကျင်ရှိကြောင်းဆိုသည်။ “တော်လှန်ရေးတပ်ဖွဲ့တော့ ထိခိုက်ဆုံးရှုံးမှုရှိတာကအမှန်ပါပဲဗျ စစ်ဆင်ရေးကလည်းမပြီးပြတ်သေးတဲ့အတွက် အသေးစိတ်အချက်အလက်ကိုတော့အတိ အကျမသိရသေးဘူး” KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ပြောဆိုခွင့်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

မြဝတီသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါဝင် ၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား K.N.L.Aနှင့် ပူးပေါင်းတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဗိုလ်ကြီး(၁)ဦးအပါ (၆)ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားများအစည်းအရုံး(KNU) ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်၊ ကောကရိတ်မြို့မှ မြဝတီမြို့သို့ ဧပြီလ(၂၁)ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)ဦးဆောင်ပြီး PDFပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီမှဗိုလ်ကြီးတစ်ဦး၊ ဗိုလ်လေးတစ်ဦးအပါ (၆)ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ၎င်းကြားဖြတ်တိုက်ခိုက်ရာမှ စစ်ကောင်စီသံချပ်ကာယာဥ်(၁)စီး၊ စက်သေနတ်တပ်ဆင်ထားသည့် စစ်သုံးယာဥ်(၂)စီး၊…

ထိုင်းသို့သွားသည့် လူငယ်များ ခိုလမ်အရောက်တွင် RCSS မှဖမ်းဆီးပြီးတပ်သားသစ်အဖြင့်စုဆောင်းမှုရှိနေ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊၂၀၂၄ ထိုင်းနိုင်ငံသို့ထွက်သွားသည့်လူငယ်အချို့ရှမ်းပြည်နယ် ခိုလမ်မြို့ အရောက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ပြီး တပ်သားသစ်အဖြစ်စုဆောင်းခေါ်ယူနေကြောင်း သိရသည်။ ဖမ်းဆီးခံရသည့်သူအချို့တွင် ပအိုဝ်းလူငယ်များလည်းပါဝင်နေပြီး ထိုင်းသို့မရောက်သွားဘဲ RCSS ၏ တပ်သားသစ်စုဆောင်းရာသို့ ရောက်ရှိသွားသည့်အတွက်မိသားစုများစိတ်ပူနေရကြောင်း သိရသည်။ “အရင်က စဖမ်းတုန်းက ရှမ်းလူမျိုးပဲဖမ်းဆီးခေါ်ဆောင်တယ် နောက်တော့ အခုက ပအိုဝ်းလည်းပါလာတော့အဆင်မပြေဘူး ဒါကိုပအိုဝ်းလူကြီးတွေဘာလို့မညှိနှိုင်းပေးတာလဲပေါ့နော်”ဟုအမည်မဖော်လိုသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ RCSS မှဖမ်းဆီးခေါ်ဆောင်ရာတွင်…

ရွာငံ မြင်းကျဒိုးရဲကင်းစခန်းကို ရွာငံ PDF က ဝင်ရောက်စီးနင်းတိုက်ခိုက်

ခမ်းသားငေါဝ်း ဧပြီ၂၁၊ ၂၀၂၄ ရွာငံ မန္တလေး အဝေးပြေးလမ်းမပေါ် မြင်းကျဒိုးရဲကင်းစခန်းကို ဧပြီလ ၂၁ ရက်နေ့ မနက် ၁၀ နာရီ က ရွာငံ PDF(JPRF)က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် မြင်းကျဒိုးရဲကင်းကို ရွာငံPDF(JPRF)ကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်က ၃ ဦးသေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိကြောင်း JPRF ထုတ်ပြန်ချက်အရ…

ကောင်ပန်းတင်အုပ်စုရှိဒေသခံများ ထိုင်းသွားသော်လည်း ဆက်ကြေးကိုအရစ်ကျသိန်းချီပေးနေရ

ခမ်းသားငေါဝ်း ဧပြီ ၂၁၊၂၀၂၄ ဆီဆိုင်မြို့နယ် ကောင်ပန်းတင်ကျေးရွာအုပ်စုအ တွင်းတွင် PNOပြည်သူ့စစ်အဖွဲ့က ထိုင်းနိုင်ငံသို့ထွက်သွားသည့်ဒေသခံများထံကို အရစ်ကျဖြင့် ဆက်ကြေးသိန်းချီကောက်ခံနေကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဒေသအရှေ့ဘက်ရှိ ကောင်ပန်းတင်အုပ်စုအတွင်းထိုင်းသွားသည့်ရွာခံများကို စစ်ယူနီဖောင်းအတွက်ဟုဆိုပြီးဧပြီလ၂၃ရက်(တန်ခူးလပြည့်နေ့)မှစတင်၍ အရစ်ကျဖြင့် လစဥ်ကြေးထည့်ပေးနေရကြောင်းဆိုသည်။ “ထိုင်းသွားတဲ့သူကလည်းထည့်ရမယ်တဲ့ တစ်ယောက်ဆို ၅သိန်း အဲ့ဒါတစ်နှစ်စာပေါ့ တကယ်လို့လင်မယားနှစ်ယောက်စလုံးထိုင်းသွားရင် အမျိုးသမီးအတွက် ၂သိန်း၊အမျိုးသားက ၅သိန်း၊အိမ်ကရွာမှာရှိရင် အိမ်အတွက် ၁ သိန်းစုပေါင်း ၈ သိန်းပေါ့အဲ့လိုမျိုး…

မြဝတီအမှတ်၂ ချစ်ကြည်ရေးတံတားအနီးတိုက်ပွဲပြင်းထန်၍ ပြည်သူများယနေ့ထိတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဧပြီ ၂၁၊၂၀၂၄ ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ အမှတ် ၂ချစ်ကြည် ရေးတံတားတွင် စစ်ကောင်စီတပ်နှင့် ကေအဲန်ယူပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်၍ ပြည်သူများက တံတားအနီးကနေမှ ဝေးဝေးရှောင်နိုင်ရန် ယနေ့ထိတိမ်းရှောင်နေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ည ၇ နာရီအချိန်တွင် စစ်ကောင်စီ၏ ခလရ ၂၇၅ မှ တပ်သား ၁၀၀ ကျော်လက်နက်မချပဲထွက်ပြေးရာမှ ကရင်ပူးပေါင်းတပ်က ဒရုန်းဖြင့်တိုက်ခိုက်ရာမှတစ်ဆင့်…

စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အကျဥ်းသား သုံးထောင်ကျော်တွင် နိုင်ငံရေးအကျဥ်းသာ ၁၀၀ သာပါရှိ

ခမ်းသားငေါဝ်း ဧပြီ ၁၉ ၊ ၂၀၂၄ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း အကျဥ်းချခံထားရသူ အကျဥ်းသား (၃၃၀၃) ဦးကို စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ နိုင်ငံရေးအကျဥ်းသာ (၁၀၀) ဝန်းကျင်သာပါရှိကြောင်းသိရသည်။ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လာသူများအထဲ မှအများစုသည် လွတ်ရက်နီးနေပြီဖြစ်သည့် အကျဥ်းသားများဖြစ်ကြောင်း AAPP နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊ ထို့အပြင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ်သည် လွတ်မြောက် လာခဲ့သော်လည်း…

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားသည့် ၈၄ ရက်အတွင်း အရပ်သားသေဆုံးသူ ၆၁ ဦးအထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၁၈ ၊ ၂၀၂၄ ရှမ်းတောင်တွင်တိုက်ပွဲဖြစ်ပွားပြီး ၈၄ ရက်အတွင်းအရပ်သား ၆၁ ဦးသေဆုံးခဲ့ရပြီး ၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ ဧပြီ ၁၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ညောင်ရွှေမြို့နယ်တို့တွင် လက်နက်ကြီးထိမှန်ခြင်းကြောင့် ၁၈ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ ဦး၊ အဖမ်းခံရပြီး သေဆုံးသူ…