Category: နိုင်ငံရေး / တိုက်ပွဲ

မတ္တရာမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အသေးအပျောက်များ၊ လက်နက်ခဲယမ်းများ မန္တလေး PDF သိမ်းဆည်း

ခမ်းသားငါဝ်း အောက်တိုဘာ ၁၄၊ ၂၀၂၄ မတ္တရာမြို့နယ်အတွင်း တန်ပြန်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် နေ့စဉ် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း မန္တလေး (MDY- PDF) က အောက်တိုဘာ (၁၃)ရက်တွင် သတင်းထုတ်ပြန်ထားသည်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက (PDF) သိမ်းပိုက်ထားသည့် စခန်းများကို လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင် စစ်ကြောင်းများပါ ထိုးစစ်ဆင်နေခြင်း…

ဖြားခွန်ဥက္ကာ ဦးစီးဖွဲ့သည့် PNLO-NCA-S သည်တရားမဝင်သည့်အပြင် PNLO အမည်ကိုသုံးပြုခွင့်မပြုဟု PNLO ပြောဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၃၊ ၂၀၂၄ ဖြားခွန်ဥက္ကာ ဦးစီးဖွဲ့သည့် PNLO-NCA-S တရားမဝင် သည့် အပြင် PNLO အမည်ကိုထည့်သုံးခြင်းသည်ကန့်ကွက်ကြောင်းနှင့်အဖွဲ့ချုပ်အမည်ကိုအသုံးပြုခွင့်မပြုကြောင်း အောက်တိုဘာ ၁၂ ရက်က PNLO ထုတ်ပြန်ထားသည်။ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူး ခွန်မင်းသိမ်းနှင့် နန်းယဉ်ယဉ်စိုးတို့အား ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ထုတ်ပယ်လိုက်ကြောင်းထုတ်ပြန်ချက်တွင်…

ရပ်စောက်မြို့နယ်၌ SSPP/SSA လက်နက်ကိုင်အဖွဲ့ရှိသည့်နေရာတွင် သန်းခေါင်စာရင်း မကောက်နိုင်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၃၊ ၂၀၂၄ ရပ်စောက်မြို့နယ် SSPP/SSA တပ်စွဲထားသည့်ဒေသတွင် လှုံခြုံရေးတာဝန်ယူပေးမည့်သူမရှိသောကြောင့် သန်းခေါင်စာရင်း မကောက်ယူနိုင်ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်အုပ်စု ထီတဖြေ၊ ကောင်ထို၊ ကောင်တန်၊ လုတ်ခဲ၊ ထီးခါး၊ လွယ်တန်း၊ နားအုံ ရွာသစ် တို့တွင် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ရှိသည့်အတွက် သန်းခေါင်စာရင်း မကောက်ယူနိုင်ကြောင်း သိရသည်။…

စစ်ကောင်စီကပေါင် ၅၀၀ဖြင့် ဗုံးကြဲတိုက်ခိုက်၍ သီပေါမြို့ ထောင်အဆောက်အဦးနှင့်နေအိမ် ၇ လုံးပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာလ ၁၂၊ ၂၀၂၄ TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ဇာတ်စုရပ်ကွက်နှင့် သီပေါအကျဉ်း ထောင်အတွင်း အောက်တိုဘာ ၁၀ ရက်နေ့က စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်၍ ထောင်အဆောက်အဦးနှင့်နေအိမ် ၇ လုံးပျက်စီးခဲ့ ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်ပြီး ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်းလက်နက်အမျိုးအစားဖြစ်သည့် ပေါင်…

ပွင့်ပွင့်လင်းလင်းသန်းခေါင်စာရင်း ကောက်ယူသည်ဟု မပြောဆိုဘဲ အိမ်ထောင်စုအချက်အလက် ကောက်ယူနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ ကျေးသီးမြို့နယ် ကျေးရွာအများစုတွင် သန်းခေါင် စာရင်း ကောက်ယူသည်ဟုပွင့်ပွင်းလင်းလင်းမပြောဆိုဘဲ အိမ်ထောင်စုအချက်အလက်ကောက်ယူနေကြောင်းစုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလ (၇/၈/၉)ရက်က အိမ်ထောင်စုအချက်အလက်ကောက်ယူနေကြောင်း ဒေသခံထံမှ သိရသည်။ “သန်းခေါင်စာရင်းလာကောက်တယ်လည်း မပြောဘူး။ သူတို့ပြောတာတော့ စစ်မှုထမ်းဖို့ လာကောက်တာလည်း မဟုတ်ဘူး။ လဝကရုံးမှ လိုအပ်သော အချက်အလက်ကို လာကောက်တာ”ဟု စာရင်းပေးခဲ့ရသူ ဒေသခံက…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ ပင်လောင်းတောင်ဘက်ရှိ နောင်ဝိုး၊ ပင်စုံ၊ နမ်းဖာမူ ကျေးရွာတို့တွင် တိုက်ပွဲ များ ဆက်လက်ပြင်းထန်နေ ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုး၊ပင်စုံ၊နမ်းဖာမူ ၊ကောင်သုဲင် ကျေးရွာများတွင် စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီး တော်လှန် ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့ထိတိုက်ပွဲ…

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီ ဘက်မှ ၇၀ ဝန်းကျင်သေဆုံးပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၇၀ ဦးဝန်းကျင်သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသမှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပင်လည်ဘူးမြို့ကို ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ကာ အောက်တိုဘာလ ၈ ရက်နေ့တွင်…

အင်ဒိုနီးရှားတွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးသည့် အစည်းအဝေးသို့ RCSS/SSA တက်ရောက်ခဲ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ အင်ဒိုနီးရှာနိုင်ငံတွင် ပြုလုပ်သည့် နိုင်ငံတကာထိပ်တန်းသံတမန်‌များရဲ့ မြန်မာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း (RCSS/SSA) က အောက်တိုဘာ(၈)ရက်တွင် ထုတ်ပြန်ထားသည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲ အစည်းအဝေးအားအောက်တိုဘာ(၃)ရက် မှ(၅)ရက်အထိ ကျင်းပြခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အစိုးရက ဖိတ်ကြားမှုဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) က တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုအစည်းအဝေးတွင်…

လူပျောက်ရှာဖွေသည့် DLEPS တပ်ဖွဲ့ဝင် ၃ ဦးအား ARSA တပ်ဖွဲ့ မှ ခြုံခိုတိုက်ခိုက်ခဲ့၍ ၁ ဦး သေဆုံး၊၂ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ လူပျောက်ရှာဖွေရန်ထွက်လာသည့် DLEPS ၏ အာရက္ခ ပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့ တပ်ဖွဲ့ဝင် ၃ ဦးကို ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ မှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် ၁ ဦးသေဆုံးပြီး၊ ၂ ဦးဒဏ်ရာရသွားကြောင်း အာရက္ခတပ်တော် AA က အောက်တိုဘာလ 8 ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တွင် အောက်တိုဘာလ…

လားရှိုးမြိုကို စစ်ကောင်စီက လေယာဉ်နှင့်ထပ်မံ ဗုံးကျဲသဖြင့်၊ နေအိမ်ပျက်စီး၊ လူထိခိုက်မှုရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ လားရှိုးမြို့ကို စစ်ကောင်စီမှ လေယာဉ်ဖြင့် အောက်တိုဘာလ (၆) ရက် နေ့လည် (၁)နာရီ‌ကျော် အချိန်တွင် ထပ်မံဗုံးကျဲသဖြင့် ထိခိုက်ဒဏ်ရာရသူနှင့် နေအိမ်ပျက်စီးခြင်းများရှိကြောင်း ဒေသခံထံက သိရသည်။ ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်ထား‌သည့် လားရှိုးမြို့တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ရပ်ကွက်(၅)တွင် ဗုံးကျဲမှုထပ်မံပြုလုပ်ခဲ့ပြီး အရပ်သား ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ပြီး၊ နေအိမ်များ ပျက်စီးဆုံးရှုံးမှုရှိကြောင်း…