Category: နိုင်ငံရေး / တိုက်ပွဲ

ကျောက်မဲနှင့် မိုးမိတ်မြို့များ၌ တိုက်ပွဲဆက်လက်ဖြစ်ပွား

ခမ်းသားငေါဝ်း ဇူလိုင် ၂၈၊ ၂၀၂၄ ကျောက်မဲမြို့နှင့် မိုးမိတ်မြို့များ၌စစ်ကောင်စီနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၂၇ ညတွင် ထုတ်ပြန်ထားသည်။ တအာင်းဒေသ၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ် စကခ (၁) ခမရ (၅၀၁၊ ၅၀၂) တပ်စွဲထားသည့် လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်းကုန်းတို့အား ဇူလိုင် (၂၇)ရက် နေ့လည် (၁၂း၀၀)နာရီအချိန်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA…

တန်တလန်မြို့ရှိ ရှေ့တန်းအမာခံစခန်း(၃)ခုကို ချင်းတော်လှန်ရေးတပ် သိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဇူလိုင် ၂၈ ၊ ၂၀၂၄ ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ ထန်တလန်မြို့၏ ရှေ့တန်းအမာခံစခန်းဖြစ်သည့် အော်တိုတောင်ရှိ တပ်စခန်း(၃)ခုကိုချင်းတော်လှန်‌ရေးတပ်ကသိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါတပ်စခန်းသည် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း အထိုင်ချသည့်နေရာဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်မှုအတွင်း လက်နက်အများအပြားသိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ ၂ ဦး ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင်‌ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီရဲ့ရှေ့တန်းအမာခံစခန်းတွကို…

လွိုင်ကော်မြို့တွင်စစ်ကောင်စီက ပြည်သူလူထုနေအိမ်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်လအတွင်း နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီး

ခမ်းသားငေါဝ်း ဇူလိုင် ၂၈၊ ၂၀၂၄ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ပြည်သူလူ ထုနေအိမ်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှုကြောင့် တစ်လအတွင်း ပြည်သူလူထုနေအိမ်(၆၀) မီးလောင်ပျက်စီးသွားကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးထံသိရသည်။ ဇူလိုင် ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ လွိုင်ကော်မြို့တွင်း မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်ထဲရှိ ပြည်သူလူ ထုနေအိမ် ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များက…

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိ တပ်စခန်းများကို MNDAA သိမ်းပိုက်ပြီးနောက် ဓါတ်ပုံမှတ်တမ်းနှင့်တကွထုတ်ပြန်လာ

ခမ်းသားငေါဝ်း ဇူလိုင် ၂၇၊ ၂၀၂၄ ရှမ်းမြောက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာချုပ် တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် တပ်စခန်းရှေ့ မြင်ကွင်းပုံရိပ်များကို ညီနောင်မဟာမိတ် ၃ ဖွဲ့ကဇူလိုင် ၂၆ ရက်ညက ထုတ်ပြန်လာသည်။ စစ်ကောင်စီ နှင့်စစ်တပ်လော်ဘီများက လားရှိုးမြို့ကျဆုံး​ခြင်းမရှိဟုငြင်းဆိုနေကြသော်လည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းတွေရှေ့က MNDAA တပ်ဖွဲ့ဝင်များပုံကို ထုတ်ပြန်ထားသည်။ MNDAA…

လားရှိုးမြို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇူလိုင် ၂၇၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်ဇူလိုင် (၂၅)ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် (၃)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရကြောင်း TNLA ထံမှသိရသည်။ ထို့အပြင် လားရှိုးမြို့ ရပ်ကွက်(၇)၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၁၂)တို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား(၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးသည်ဟု သိရသည်။ တိုက်ပွဲကာလ (၁)လအတွင်း…

လားရှိုးမြို့အုပ်ချုပ်ရေးယန္တရားကို MNDAA မှဆက်ခံလိုက်ပြီဖြစ်ကြောင်းထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၂၆၊ ၂၀၂၄ လားရှိုးလွတ်မြောက်ရေးတိုက်ပွဲကို ၂၃ ရက်တိုင်တိုင် ခဲခဲရင်းရင်းဆင်နွဲပြီးနောက် စစ်ကောင်စီတပ်ကို မြို့တွင်းမှ မြို့ပြင်သို့ မောင်းထုတ်ခဲ့ပြီး လွတ်မြောက်ရေးအောင်ပွဲရရှိပြီဖြစ်ကြောင်း MNDAA က ဇူလိုင်လ ၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ လာရှိုးမြို့၏အုပ်ချုပ်ရေး ယန္တရားများကို ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီမှလည်းကောင်း၊ မြို့နယ်လုံခြုံရေးကို အထူးဒေသ (၁) ရဲတပ်ဖွဲ့မှလည်းကောင်း၊ မြို့နယ်ကာကွယ်ရေးကို MNDAA မှလည်းကောင်းဆက်ခံလိုက်ကြောင်း…

မိုင်းလုံးဘက်တစ်ကြောတွင် တိုက်ပွဲနေ့စဥ်ဖြစ်ပွား၊ စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထား

ခမ်းသားငေါဝ်း ဇူလိုင် ၂၆၊ ၂၀၂၄ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တစ်ကြော တွင် တိုက်ပွဲနေ့စဥ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ အခိုင်အမာတပ်စွဲထားကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။ ကရင်နီ(ကယား) ပြည်နယ် ၊လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တစ်ကြောတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လနီးပါးကြာမြင့်ပြီဖြစ်ပြီး စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် အခိုင်အမာတပ်စွဲထားသည်။ ” အဲ့ဘက်မှာတိုက်ပွဲ ပြန်ဖြစ်တာ တစ်လနီးပါးရှိပြီ၊ မိုင်းလုံးမှာက တစ်ခြမ်းကိုတော့ ကျွန်တော်တို့တော်လှန်ရေးတပ်တွေသိမ်းလိုက်ပြီ၊ ကျန်တဲ့အပိုင်းတော့ ခုထိတိုက်ယူနေတုန်းပဲ”…

မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်များပါသိမ်းပိုက်ရရှိခဲ့ကြောင်း TNLA ဆို

ခမ်းသားငေါဝ်း ဇူလိုင် ၂၅၊ ၂၀၂၄ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၀ ကျော်နှင့် လက်နက်မျိုးစုံ ၂၀၀ ကျော်သိမ်းပိုက်ရှိခဲ့ကြောင်း PSLF/ TNlA က ယနေ့တွင် သတင်းထုတ်ပြန်လိုက်ပါသည်။ မိုးကုတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အား ဇွန်လ ၂၅ ရက်နေ့မှ…

ရမခကို MNDAAက သိမ်းပိုက်နိုင်နိုင်ခဲ့ကြောင်းဆိုထားသော်လည်း စစ်ကောင်စီကငြင်းဆို

ခမ်းသားငေါဝ်း ဇူလိုင် ၂၅ ၊ ၂၀၂၄ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို MNDAAက သိမ်းပိုက်နိုင်ခဲ့ကြောင်းကြေငြာထားသော်လည်း စစ်ကောင်စီက ယင်းသတင်းသည် မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်း ၄ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိကြောင်း ကိုးကန့်တပ်က ကြေငြာထားသော်လည်း ၎င်းသတင်းက…

PNOပြည်သူ့စစ်က အောက်လက်ငယ်သားများကို ရှေ့တန်းတက်ခိုင်းပြီး အကြီးပိုင်းများက နောက်တန်းတွင် ဖဲရိုက်၊ ဘီယာ၊ အရက် သောက်ပျော်ပွဲလုပ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၂၅ ၊ ၂၀၂၄ PNO ပြည်သူ့စစ်ကအောက်လက်ငယ်သားများကို ရှေ့တန်းတက်ခိုင်းပြီး အကြီးပိုင်းများက နောက်တန်းတွင် ဖဲရိုက်၊ ဘီယာ၊ အရက်သောက်ပြီးပျော်ပွဲလုပ်နေကြကြောင်း မျတ်မြင်တွေ့သူ ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဆီဆိုင်၊ညောင်ရွှေ မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားချိန်၌ PNO ပြည်သူ့စစ်က ရှေ့တန်းကိုလက်အောက်ငယ်သားများအားပို့ပြီး အကြီးပိုင်းများက နောက်တန်းတွင် ဖဲရိုက်၊ ဘီယာ၊ အရက်သောက်ပြီးပျော်ပွဲလုပ်နေကြသည်။ “အငယ်ကလူတွေ…