Category: နိုင်ငံရေး / တိုက်ပွဲ

ရန်ကုန်တွင် ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ရန်ကုန်မြို့တွင် ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်လှုပ်ရှားမှုများ ပြုလုပ်ကြကြောင်း ဩဂုတ်လ ၈ ရက်တွင် ရန်ကုန်နေ ပြည်သူတစ်ဦးက ပြောသည်။ ‌ရန်ကုန်မြို့တွင် သပိတ်အင်အားစုများ၊ တက္ကသိုလ် ကျောင်းသားများ၊ မြို့နယ်အသီးသီးမှ ပြည်သူများပါဝင်သည့် ကလောင်နီလှုပ်ရှာမှု ဟု အမည်ရသော လှုပ်ရှားမှုများပြုခဲ့ကြကြောင်း သိရသည်။ “မြို့နေရာအနှံ့မှာ လှုပ်ရှားမှုပြုလုပ်ကြတယ်။ စစ်အာဏာရှင်…

ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဗုံးထပ်မံကျဲချပြီး အဆောက်အဦးတချို့ပျက်စီးခဲ့သည်ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထံမံလာ‌ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အဆောက်အဦးတချို့ပျက်စီးခဲ့ကြောင်း PSLF/TNLA က သြဂုတ်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ သြဂုတ်လ(၇)ရက်နေ့ နေ့လည် ၁နာရီ ၅၀ မိနစ်ခန့်တွင်တစ်ကြိမ်၊ ၁ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်းပေါင် ၅၀၀ ဗုံးအသုံးပြုပြီး နှစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး…

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည့်အပေါ် PNLO၊ PNFC နှင့် NMSP-AD တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ တတိယအကြီးဆုံး တိုင်းဌာနချုပ်ဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို MNDAA, TNLA နှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့က အောင်မြင်စွာ သိမ်းပိုက်နိုင်သည့်အပေါ် ဝမ်းသာဂုဏ်ယူကြောင်း PNLO၊ PNFC နှင့် NMSP-AD တို့က ပူးတွဲသဝဏ်လွှာ ပေးပို့ လိုက်သည်။ ‘’တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ နွေဦးတော်လှန်ရေးမှာပေါ်ပေါက်တဲ့ တော်လှန်ရေးအင်အားစုတွေ ညှိနိုင်းစစ်ဆင်ရေးနဲ့…

စစ်ကောင်စီပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲအား ထိုင်းဘက်ကကူညီရန်ကမ်းလှမ်းကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်

ခမ်းသားငေါဝ်း ဩဂုတ် ၇၊ ၂၀၂၄ အာဏာသိမ်း စစ်ကောင်စီ၏ ၂၀၂၅ ရွေးကောက်ပွဲပြုလုပ်မည့်အပေါ် ထိုင်းဘက်က ကူညီရန် ကမ်းလှမ်းကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာသည်။ နေပြည်တော်မြို့၊ ဩဂုတ်လ ၆ ရက်နေ့မွန်းလွဲ ၂ နာရီတွင် စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးကိုကိုနှင့် စစ်ကောင်စီဝန်ကြီးများအပါအဝင် ရန်ကုန်မြို့ ထိုင်းသံရုံးကသံအမတ်ကြီး Mr. Mongkol Visitstump တို့တွေ့ဆုံချိန် ရွေး‌ကောက်ပွဲအတွက်…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ပေါက်ကွဲမှုကြောင့် မီးရယ်ရွာနှင့် ထီရီးရွာမှ ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ စစ်ကောင်စီက ညဘက်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မီးရယ်ရွာနှင့် ထီရီးရွာတွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်အရှေ့ဘက် ထီရီးရွာတွင် မနေ့ည ၈ နာရီဝန်းကျင်က စစ်ကောင်စီလက် နက်ကြီးပစ်ခတ်ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖွား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအလားတူ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု မီးရယ်ရွာတွင် မနေ့ည ၁၀ နာရီကျော်အချိန်က…

ဆီဆိုင်မြို့ အရှေ့ဘက် လွယ်ဆောင်၊ ထီဆုံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် (၂၀) ဝန်းကျင်သေဆုံး

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ ဆီဆိုင်မြို့အရှေ့ဘက် လွယ်ဆောင်၊ ထီဆုံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် (၂၀) ဝန်းကျင် သေဆုံးခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အရှေ့ဘက် လွယ်ဆောင်၊ ထီဆုံကျေးရွာဘက်တွင် သြဂုတ် ၆ ရက်နေ့က စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နှင့် PNLA ၊ PNDF-kk ပူးပေါင်းတပ် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။…

အာဏာသိမ်းစစ်ကောင်စီ ထောက်ခံသူများ MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များအား ဆန့်ကျင်ဆန္ဒပြ

ခမ်းသားငေါဝ်း သြဂုတ်၆၊ ၂၀၂၄ ရန်ကုန်မြို့တွင် MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များကို အာဏာသိမ်းစစ်ကောင်စီထောက်ခံသူများက ဆန့်ကျင်ဆန္ဒပြပွဲပြုလုပ်ကြောင်း ဩဂုတ် ၆ ရက်နေ့တွင် ရန်ကုန်ဒေသခံထံက သိရသည်။ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့နံနက်ပိုင်း ၉ နာရီအချိန်တွင် စစ်တပ်ထောက်ခံသူများက ဝါစိမ်းနီအလံများ၊ (Posters)ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ MNDAA အားဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။ “မနက်ကတည်းက သူတို့ဆန္ဒပြမယ့်နေရာမှာ ရှင်းလင်းနေတာ တွေ့ရတယ်။ MNDAAကို ဆန့်ကျင်တယ်ဆိုတဲ့…

ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်စွဲနေထိုင်သောကြောင့် ဒေသခံများဝါတွင်းကာလ ဘုန်းကြီးကျောင်းမတက်ရဲ

ခမ်းသားငေါဝ်း သြဂုတ် ၆ ၊ ၂၀၂၄ စံကားအင်းဒေသရှိ ဘုန်းကြီးကျောင်းများတွင် စစ်ကောင်စီတပ်မှတပ်စွဲနေထိုင်ကြသောကြောင့် ဒေသခံများက ဝါတွင်းကာလဖြစ်သော်လည်း ဘုန်းကြီးကျောင်းမတက်ရဲကြဟု ဩဂုတ်လ(၆)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် ဇူလိုင်လအတွင်း၌တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကယခုထိတိုင် ဘုန်းကြီးကျောင်းထဲတွင် တပ်စွဲနေထိုင်ကြသောကြောင့် ဒေသခံများက လပြည့်၊ လကွယ်ရက်များလည်း ဘုန်းကြီးကျောင်းမတက်ရဲကြသေးကြောင်း သိရသည်။ “သူတို့(စစ်ကောင်စီ)ကတိုက်ပွဲဖြစ်ကတည်းကခုထိဘုန်းကြီးကျောင်းမှာပဲနေနေကြတာ၊ အစားအသောက်ကတော့သူတို့ကိုယ်တိုင်ပဲချက်ပြုတ်စားကြတယ်၊ အခုဘုန်းကြီးကျောင်းမှာသူတို့ရှိနေတော့ ဝါတွင်းလပြည့်၊ လကွယ်တောင်မှ…

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်မှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၄ လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်နိုင်ခြင်းကို ချင်းညီနောင်မှ ဝမ်းသာဂုဏ်ယူကြောင်း သြဂုတ်လ (၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြောက်ပိုင်းမဟာမိတ်ညီနောင်(၃)ဖွဲ့နှင့် အခြားတော်လှန်ရေးအင်အားစုများ စုပေါင်းပြီး သိမ်းပိုက်နိုင်ခဲ့ခြင့်အား ချင်းညီနောင်မှ ဝမ်းသာဂုဏ်ယူကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊ သိမ်းယူထားသည့်မြိုများတွင် ပြည်သူလူထုများ၏ အသက်အိုးအိမ်နှင့်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ကြိုးစားနေသည့်အပေါ်လည်း အားရယုံကြည်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်…

ကျောက်မဲမြို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဩဂုတ် ၆၊ ၂၀၂၄ ‌ကျောက်မဲမြို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ “မနေ့ညတော့ အပြင်းအထန်တိုက်ပွဲဖြစ်ကြတယ်။‌‌လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်တယ်။ လူတွေ အများကြီးသေတာလည်းရှိတယ်။ အဆောက်အဦးလည်း…