Category: နိုင်ငံရေး / တိုက်ပွဲ

စစ်ကောင်စီ ခြေလျင်တပ်ရင်း ၁၄၈ ကို မိုးကုတ်ဗျူဟာနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲများသိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊ ၂၀၂၄ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၁၄၈ ကို မိုးကုတ်ဗျူဟာနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ ၁၄၈)ကို မိုးကုတ်ဗျူဟာနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့ များကက ဩဂုတ် ၉ ရက်နေ့တွင် သိမ်းပိုင်နိုင်ခဲ့ကြောင်း ဆိုထားသည်။ ခြေလျင်တပ်ရင်းခလရ ၁၄၈ ကို…

ဆီဆိုင်တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဆက်လက်ဖြစ်ပွား

ခမ်းသားငေါဝ်း သြဂုတ် ၁၁၊ ၂၀၂၄ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဆက်လက်ဖြစ်ပွား နေကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကယနေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဆက်လက်ဖြစ်ပွား နေကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကယနေ့တွင် ထုတ်ပြန်ထားသည်။ “မနေ့က ဆီဆိုင်မြို့နယ် အရှေ့ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။သုံ့ပန်း ၁ ဦး…

စစ်ကောင်မှ လက်နက်ကြီးများ နှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် ခလယ်ထွီခရိုင်၊ မူးမြို့နယ်တွင် အပြစ်မဲ့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ ဗဟို မှ သြဂုတ်လ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ခလရ ၇၃ မှ ဩဂုတ်လ ၅ ရက်နေ့…

လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲပေါင်းစပ် အရှိန်မြင့်ဆောင်ရွက်ရန် ABSDF တိုက်တွန်း

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီး အရှိန်မြင့်ဆောင်ရွက်ရန် ၃၆ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံကြီးနေ့တွင်မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က တိုက်တွန်းလိုက်သည်။ ၂၀၂၄ ခုနှစ်သြဂုတ်လ ၈ ရက်နေ့ ၌ ကျရောက်သော ၃၆ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံကြီးနေ့တွင်မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက သဝဏ်လွှာပေးပို့ရာတွင်တိုက်တွန်းထားသည်။ ၂၁ ရာစုနွေဦးတော်လှန်ရေး၏ထူးကဲသောဝိသေသ သည်လူထုတော်လှန်ရေးဖြစ်သည်နှင့်အညီစစ်အာဏာရှင်စနစ်အဆုံးသတ်ချူပ်ငြိမ်းရေးကိုတိုက်ပွဲဝင်ရင််းနှင့်အတူမြန်မာနိုင်ငံ၏အဓိကလိုအပ်ချက်ဖြစ်သည့်တိုင်းရင်းသားလူမျိူးအသီးသီး၏ အမျိူးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဒီမိုကရေစီရေးကိုအာမခံသည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင််စုကိုတည်ထောင်ရန်နှင့်အဓိပ္ပာယ်ရှိသည့်လက်တွေ့ ကျသောနိုင်ငံရေးအခင်းအကျင်းအသစ်ကိုဦးတည်ဖော်ဆောင်နေသည့်သမိုင်းစာမျက်နှာတစ်ခုကိုဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း…

လားရှိုးမြို့ ဒေသခံများ နေရပ်ပြန်နေထိုင်နိုင်ပြီဟုဆို

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ လားရှိုးမြို့တွင် ဒေသခံအများအပြား ပြန်ဝင်ရောက် နေထိုင်နေကြ ပြီးဖြစ်ကြောင်း ဩဂုတ်လ ၉ ရက်နေ့တွင် လားရှိုးမြို့ခံထံမှ သတင်းရရှိသည်။ ရှမ်းပြည်နယ်‌မြောက်ပိုင်း၊လားရှိုးမြို့တွင် ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီး ယခုချိန်တွင် အရပ်သားများကိုပြန်နေထိုင်ခွင့်ပြုထားပြီဖြစ် ကြောင်းသိရသည်။ “ကျွန်တော်က ‌အသက်ကြီးတဲ့ မိဘတွေလည်းရှိတော့ တိုက်ပွဲဖြစ်ကတည်းက ဘယ်မှမပြေးဘူး၊လုံခြုံမယ်ထင်တဲ့ နေရာမှာ ‌‌ မြို့ထဲမှာဘဲ…

သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၄၁ ဦးကို နေရပ်ပြန်ပို့ပြီဖြစ်ကြောင်း AA ဆို

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ ရခိုင်ပြည်နယ် သံတွဲအကျဥ်းထောင် မှ အကျဥ်းသား ၃၇၂ ဦးကို ဘေးလွတ်ရာသို့ကယ်ထုတ်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၄၃ ဦးအား မိသားစုနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း AA ကသြဂုတ်လ ၈ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသော အကျဉ်းသားများအားလုံး (၃၇၂) ဦးကို…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ပေါက်ကွဲမှုကြောင့် ထီးရီရွာနေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့ရ

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ ဆီဆိုင်မြို့အရှေ့ဘက် ထီရီးရွာတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် ရွာတွင်းကျရောက်ပေါက်ကွဲပြီး နေအိမ် လေးလုံးမီးလောင်ပျက်စီးခဲ့ရ ကြောင်းဒေသခံထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီရီးရွာထဲသို့ သြဂုတ် ၈ ရက်နေ့ခင်း ၂ နာရီအချိန်တွင် လွယ်ပွတ်ရွာအထိုင်ချသည့် စစ်ကောင်စီတပ် ၄၂၃ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းဖြစ်သည်။ ‘’ရွာထဲကိုဘယ်သူမှမဝင်ရဲဘူး၊ လက်နက်ကြီးတွေအချိန်မရွေးကျနိုင်တဲ့အခြေအနေရှိတယ်၊…

ရပ်စောက်မြို့နယ်တွင် DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၈ ဦးကို အရှင်ဖမ်းမိ

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင်ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်က DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၈ ဦးကို DPLA ပူးပေါင်းတပ်တို့က အရှင်ဖမ်းမိထားကြောင်း DPLA ထံသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA…

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမြို့တွင် တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင်လ အတွင်းအရပ်သား ၁၃ ဦးသေဆုံးကာ၊ ၂၄ ဦးဒဏ်ရာရပြီးစာသင်ကျောင်း ၃ ကျောင်းအပါအဝင် အဆောက်အဦး ၄၀ နီးပါးပျက်စီးသွားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) မှထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့အတွင်းလေကြောင်းတိုက်ခိုက်မှုများသည် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအဖြစ် MNDAA နှင့်မဟာမိတ်များက လားရှိုးမြို့ကိုစတင်တိုက်ခိုက်သည့်…

ပြည်တွင်းပဋိပက္ခများကြောင့် ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့် ၂ ၌ရပ်တည်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ မြန်မာနိုင်ငံသည် ပြည်တွင်းပဋိပက္ခများကြောင့် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့်၂ ရပ်တည်နေကြောင်း စစ်မြေပြင်ဆိုင်ရာ သတင်းအချက်အလက်များ လေ့လာစောင့်ကြည့်သည့် Armed Conflict Location & Event Data Project (ACLED) က ဩဂုတ်လ ၆ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။…