ပင်လောင်းတောင်ဘက်တိုက်ပွဲကြောင့် ကန်တော်ရွာရောက်စစ်ဘေးရှောင်များ စားနပ်ရိက္ခာအရေးပေါ်လိုအပ်
ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွါးနေသောကြောင့် ဒေသခံများက စစ်ဘေးတိမ်းရှောင်နေရပြီး ကန်တော်၊ နားမွန်း၊ ယာဆပ်ရွာရောက် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအရေးပေါလိုအပ်နေသည်ဟု အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဒေသခံစစ်ဘေးရှောင်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက်၊ ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ကန်တော်၊ နားမွန်း၊ ယာဆပ်ရွာရောက် စစ်ဘေးရှောင် (၁၂၅၀)ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေသည်။ “အခုလောလောဆယ် အဓိကလိုအပ်တာကတော့…