Category: နိုင်ငံတကာသတင်းများ

တိုက်ပွဲပြင်းထန်ခဲ့သည့်ကုန်းသာရွာတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး​

………………. ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာပြီးစီးပြီဖြစ်ကြောင်း ဇွန်လ ၉ ရက်နေ့တွင် သိရသည်။ ပြည်လည်တည်ဆောက်ပေးရာတွင် လုံးဝပျက်စီးမီးလောင်သွားသည့်နေအိမ်များ ၊ နည်းနည်းပြုပြင်၍ရသည့် အနေထားနှင့် နေထိုင်ရန်လုံးဝကြံ့ခိုင်မှု မရှိ သည့်နေအိမ်များကို ဖျက်ဆီးပြီးပြန်ဆောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ ” အခုကကျေးရွာသူ/သားတွေ ပြန်ပြီးနေထိုင်လို့ရတဲ့အနေထားရှိသွားပြီ၊…

၁၄၈ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် အမျိုးသားရေးအတွက် ကျရာအခန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ကြရန် KNPP မှာကြား

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၀၊၂၀၂၃ ရောက်ရှိမည့် ဇွန်လ ၂၁ ရက်နေ့ ၁၄၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် ကရင်နီပေါ်ပေါက်ရေးသည် ရောက်ရှိသည့်နေရာ၌ အမျိုးသားရေးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပေးပို့သည့်သဝဏ်လွှာတွင် မှာကြားသည်၊၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီအပါအဝင် အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများကို စစ်ကောင်စီက သာလွန်အင်အားများဖြင့် လက်နက်ကြီးအတွဲလိုက်ပစ်ခတ်ခြင်း၊ ဒုံးကျည်များအသုံးပြုရုံသာမက တိုက်လေယာဥ် စစ်လေယာဥ်များဖြင့်ပါ အပစ်မဲ့ပြည်သူလူထုများကို…

မောက်မယ်မြို့နယ် ရန်ကင်းရွာဒေသခံသုံးဦးမိုင်းနင်းမိ ပြင်းထန်ဒဏ်ရာရရှိ

———————- ခမ်းသားငေါဝ်း၊ ဧပြီ ၁၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် PNLOထိန်းချုပ်ရာနယ်မြေ မောက်မယ်မြို့နယ်ရှိ ရန်ကင်းကျေးရွာဒေသခံသုံးဦးသည် တောင်ယာသွားစဥ် နမ့်ပါတက်ရွာအနောက်ဖက်အရောက်တွင် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဧပြီလ၁၉ရက်နေ့တွင်သိရသည်။ ဧပြီလ၁၈ရက်တွင် တောင်ယာသွားစဥ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ၈လသား ကလေးတစ်ဦးအပါအဝင် သုံးဦး ပြင်ထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုမိုင်းနင်းမိသည့်နေရာသို့ PNLOတပ်ဖွဲ့များက လာရောက်ပြီး ဒဏ်ရာရသူများကိုဆေးရုံပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ “ခုက မိုင်းထောင်တဲ့နေရာက တိုက်ပွဲဖြစ်ပွားတဲ့…

ကဒူးကြီးဒေသ PNLAနှင့်RCSS/SSA တိုက်ပွဲ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေဆဲ

ခမ်းသားငေါဝ်း၊ ဧပြီလ ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ထိန်းချုပ်နယ်မြေ ကဒူးကြီးဒေသအတွင်း ဧပြီလ(၃)ရက်နေ့တွင် PNLA နှင့် RCSS တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းသိရသည်။ “ခုလက်ရှိကတော့ တင်းမာနေဆဲပါ၊လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့လည်းကိုယ်စီပြင်ဆင်နေကြပါတယ်၊ကျွန်တော်တို့အဖွဲ့ရော သူတို့အဖွဲ့ရောပေါ့နော်၊အဓိက ကမြေပြင်အနေအထားမှာ ချမှတ်ထားတဲ့မူတွေစည်းကမ်းတွေ မလိုက်နာဘူးဆိုရင် ခုလိုထိတွေမှုကရှိလာတတ်ပါတယ်”ဟု PNLO/PNLAမှတာဝန်ရှိသူတစ်ဦးက ခမ်းသားငဝ်းကိုပြောသည်။ RCSSတပ်ဖွဲ့အနေဖြင့် မည်သည့်အချိန်ဝင်လာဝင်လာ ဝင်လာသည်နှင့် ထိပ်တိုက်တွေ့…

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေအခက်ခဲမျိုးစုံကြုံနေရပြီး လူ့အခွင့်အရေး ဆုံးရှုံးနေ

………………….. ခမ်းသားငေါဝ်း “မြန်မာနိုင်ငံကအစိုးရမကောင်းတော့ ကျနော်တို့ကိုလည်း ထိုင်းအစိုးရကအရေးမထားဘူး ကျနော်တို့မြန်မာနိုင်ငံသားတွေကို လမ်းဘေးကတိရိစ္ဆာန်လောက်ပဲသဘောထားတယ် လူ့အခွင့်အရေးလား ဒီမှာဘာမှမရှိဘူး မြန်မာကဆိုရင် ခွေးတစ်ကောင်လောက်တောင် တန်ဖိုးထားမခံရဘူး” လို့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ လူငယ်တစ်ဦးကပြောပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှ ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအဖို့ အလုပ်သမားကဒ်လျှောက်တဲ့အခါမှာ ခွဲခြားဆက်ဆံတာတွေ အလုပ်လုပ်တဲ့နေရာတွေမှာ ခွဲခြားခံရတာတွေနဲ့ ပတ်သက်ပြီး ခံစားချက်တွေကို သူကရင်နာနာနဲ့ ဖွင့်ပြနေတာပါ။ “(ဘတ်) လုပ်ခိုင်းလို့လုပ်တာ ကြာနေပြီ…