Category: ဒေသသတင်း/ ရိုးရာ

တောင်ကြီးအတက်လမ်း စစ်ဆေးဂိတ်တွင် ယဥ်မောင်းများကို တားဆီးစစ်ဆေးပြီး ငွေတောင်းခံမှု ရှိနေ

ခမ်းသားငေါဝ်း မတ်လ ၂၃ ၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အတက်လမ်းတွင်ရှိသော စစ်ကောင်စီစစ်ဆေးဂိတ်တွင် လမ်းဖြတ်သွားသောဆိုင်ကယ်နှင့်ယဥ်မောင်းများကို တားဆီးစစ်ဆေးပြီး ငွေတောင်းနေသည်မှာ နှစ်လ နီးပါးရှိနေပြီဖြစ်ကြောင်းမတ်လ ၂၃ ရက်နေ့တွင် သိရှိရပါသည်။ တားဆီးစစ်ဆေးရာတွင် ကိုဗစ်လက်မှတ် ၊နိုင်ငံသားစီစစ်ရေးကပ် (မှတ်ပုံတင်)၊ မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်များကို စစ်မေးပြီး ဆိုင်ကယ်ဦးထုတ် ၊နောက်ကြည့်မှန် ၊ဆိုင်ကယ်နံပါတ်ပြား များကိုလည်း စစ်မေးကြောင်း ဖြတ်သွားသူများ ပြောပြချက်အရ သိရသည်။…

နမ်းနိန်းရွာအရပ်သားပြည်သူများ သတ်ဖြတ်မှုဖြစ်စဥ်နှင့်ပတ်သတ်ပြီး ကရင်နီအရပ်ဘက်အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချ

ခမ်းသားငေါဝ်း မတ်လ ၂၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နမ်းနိန်းးကျေးရွာတွင် အရပ်သားပြည်သူများကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ကရင်နီအရပ်ဘက် အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချကန့်ကွက်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊ ယခင်မတ်လ ၁၁ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုကြောင့် ဘုန်းကြီး ၃ ပါး အပါအဝင် အရပ်သား ၂၂…

ဗန်းမောက်ရွာသို့ စစ်ဘေးရှောင်နေရသည့်ပြည်သူများ အလှူရှင်မရှိသဖြင့် အခက်အခဲများကြုံတွေ့

ခမ်းသားငေါဝ်း၊ မတ်လ ၂၁ ၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ရှိဗန်းမောက်ရွာသို့ စစ်ဘေးထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး လက်ရှိအချိန်ထိအလှူရှင်များမရှိသည့်အတွက် အခက်အခဲများစွာရှိနေကြောင်းသိရသည်။ ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများ နေ့စဉ် တိုက်ပွဲပြန်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများစွာရှိ နေကြောင်းသိရသည်။ “ပင်လောင်းမြို့အနီးတစ်ဝိုက်က မများပေမယ့် ကျွန်တော်တို့ရွာရောက်လာသည်စစ်ရှောင်တွေအတော်ခက်ခဲနေတယ် အလှူရှင်တွေမရှိသေးဘူး ခုချိန်ထိ ကျွန်တော်မှာရှိတဲ့ဆန်တွေနဲ့မလောက်မငှနည်းနည်းစီတော့ဝေပေးလိုက်ပါတယ် ခုလည်းထပ်ရောက်လာတာရှိနေတယ်”ဟုဗန်းမောက်ဒေသခံတစ်ဦးကပြောသည်။…

ဆောင်းပြောင်း၊ နမ့်နိန်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေ

ခမ်းသားငေါဝ်း၊ မတ် ၁၀၊ ၂၀၂၃ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တောင်ဖက် ဆောင်းပြောင်း၊ နမ့်နိန်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မတ်လ ၁၀ရက်နေ့အထိ တိုက်ပွဲပြင်းထန်‌ နေဆဲကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် နမ့်နိန်းကျေးရွာဘုန်းကြီးကျောင်းဆောင်များ၊ ဘုရားကျောင်းကန်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။ “သေနတ်သံက မနေ့ကလည်းကြားတယ်၊ ဒီနေ့ထိလည်းပစ်နေတုန်းပဲ၊ ကျွန်မတို့ဖက်မှာတော့ တိတ်ဆိတ်နေရောပဲ ရွာမှာလည်းလူရှိတယ်၊ ဘယ်သူမှအပြင်မထွက်ရဲဘူး၊ နှစ်ဖက်တပ်က တိုက်နေကြတာ၊…

ရှမ်းတောင်တွင်စိုက်ပျိုးသော မိုးလွတ်ရွှေဖီဦး လက်ဖက်ရွက်နုသစ် စျေးကောင်းရရှိနေ

ခမ်းသားငေါဝ်း၊ မတ်၇၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း၏ ဒေသထွက်ကုန်တစ်ခုအဖြစ်ရပ်တည်လျှက်ရှိသော မိုးလွတ်ရွှေဖီဦး ရွက်နုသစ်မှာ ယခုထွက်ရှိချိန်အစတွင် စျေးကောင်းရရှိနေပြီး ဝယ်ယူလိုသူများနေကြောင်း မတ်လ ၇ရက် တွင် သိရှိရသည်။ ရွှေဖီမိုးလွတ်လက်ဖက်များကို နှစ်စဥ် တန်ခူးလဆန်းပိုင်းမှစ၍ စတင်ခူးယူနေလျှက်ရှိနေပြီး ကဆုန်လပြည့်ကျော် မိုးရာသီဝင်သည်အထိ လက်ဖက်စိုများ၊ လက်ဖက်ခြောက်များ ထုတ်လုပ်ကာ အနယ်နယ်အရပ်သို့ တင်ပို့ရောင်းချကြသည်။ ” အခုက လက်ဖက်ရွက်နုရတဲ့သူ နည်းနေသေးတယ် ရွှေဖီချိန်ဆိုတော့…

ဆီဆိုင်မြို့တွင်း ရေပေးဝေရာတွင် ရပ်ကွက်နေပြည်သူများရေပုံမှန်မရရှိ

ခမ်းသားငေါဝ်း၊ မတ် ၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ရေပေးဝေရာတွင် ရပ်ကွက်နေပြည်သူများ ရေပုံမှန်မရှိသဖြင့် ပိုက်ဆံဖြင့်ဝယ်သုံးနေရကြောင်း မတ်လ ၇ ရက်က မြို့နေလူထုများ ပြောပြချက်အရသိရသည်။ ရေထွက်ဦးမှ ဆီဆိုင်မြို့၆ရပ်ကွက်သို့ရေများဖြန့်ဝေရာတွင် ခမရ ၄၂၃/ ခမရ၄၂၄ တပ်အတွင်းသာ ရေပုံမှန်ရရှိကြောင်း မြို့ခံများပြောဆိုချက်အရ သိရသည်။ ဆီဆိုင်မြို့ခံတစ်ဦးက “မြို့ထဲကလူတွေက ရေတခါမှပုံမှန်မရဘူး၊ စစ်တပ်ကျ ရေခြံတွေပါစိုက်တာ၊ သူတို့စိုက်တဲ့…

လက်နက်ကြီးရန် နှင့်လေကြောင်းတိုက်ခိုက်မှုအကာ အကွယ်ဖြစ်စေသော ဗုံးခိုကျင်းများပြုလုပ်ထားရှိရန်နှင့်ပြုလုပ်ပုံအဆင့်ဆင့်

ခမ်းသားငေါဝ်းမတ်လ ၅၊ ၂၀၂၃ တိုက်ပွဲဖြစ်ပွားသောနေရာဒေသတွေမှာ အရပ်သားသေဆုံးမှုများလာသောကြောင့် လက်နက်ကြီးရန်နှင့် လေကြောင်းတိုက်ခိုက်မှုတို့အကာအကွယ်ဖြစ်စေသော ဗုံးခိုကျင်းများ ပြုလုပ်ထားရှိရန်နှင့် ပြုလုပ်ပုံအဆင့်ဆင့်တို့ လိုအပ်လျက်ရှိနေပါသည်။ မတ်လ ၄ရက်နေ့တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)မှ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရန် အချက်၉ချက်ထုတ်ပြန်ခဲ့ပါသည်။ ၁။ မိမိ၏ စစ်ရှောင်သည့်နေရာ သို့မဟုတ် တောင်စောင်းများတွင် ဗုံးခိုကျင်းများတူးထားရန်။၂။ ဗုံးခိုကျင်းများကို အနည်းဆုံး အနက် ၅ ပေနှင့်…

ဝါးပြုံးကျေးရွာသို့ရောက်ရှိသည့် စစ်ရှောင် ပြည်သူများ အခြေခံစားနပ်ရိက္ခာ ရေနှင့် အသုံးဆောင်ပစ္စည်းများလိုအပ်

ခမ်းသားငေါဝ်းမတ်လ ၆၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများ အခြေခံစားနပ်ရိက္ခာ၊ ရေနှင့် နေထိုင်စရာ အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးကြောင်း မတ်လ ၆ ရက်နေ့က သိရသည်။ စစ်ဘေးတိမ်းရှောင်လာသူများသည် တစ်ပတ်ကြာမြင့်နေပြီဖြစ်ပြီး ရေရှည်စစ်ရှောင်နေရလျှင် ရေလုံလောက်ရန်အတွက်နှင့် ကျန်းမာရေ စောင့်ရှောက်မှု များလိုအပ်နေကြောင်း သိရသည်။ ” စစ်ဘေးရှောင်ပြည်သူက လောလောဆယ် လူဦးရေ ၂၀၀…

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာ

ခမ်းသားငေါဝ်းဇန်နဝါရီ ၂၇၊ ၂၀၂၃ စစ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဘိန်းစိုက်ပျိုးမှုတွေ ပြန်လည်မြင့်တက်လာပြီး ယခုနှစ်အတွင်း ဘိန်းဈေးဟာ တစ်ပိဿာကို ၁၀ သိန်းကျော်ရှိ‌‌လာတယ်ဟု သိရပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့လာရတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ အလုပ်အကိုင်ရှားပါးမှု အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ဘိန်းပြန်လည်စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။၂၀၀၂ က စပြီး UNODC က ဘိန်းရဲ့ ပျမ်းမျှ တန်ဖိုးကို စောင့်ကြည့်လေ့လာခဲ့ရာမှာ…

ချက်ကြိုးတွင် ပိုးဝင်ပြီး မွေးကင်းစကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရ

ခမ်းသားငေါဝ်းဖေဖော်ဝါရီလ ၁၅၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမတ်ကျေးရွာအုပ်စု ထီတဖြေ့ကျေးရွာတွင် မွေးကင်းစ ကလေးငယ်တစ်ဦး ချက်ကြိုးမှတဆင့် ရောဂါပိုးဝင်ပြီး‌ ဖေဖော်ဝါရီ ၁၄ ရက်‌နေ့၌ အသက်‌သေဆုံးခဲ့ရကြောင်း သိရသည်။ထီတဖြေ့ကျေးရွာတွင်မွေးကင်းစ ကလေးငယ်တစ်ဦးက လက်သည်ဖြင့်မွေးပြီး ချက်ကြိုးဖြတ်ရာတွင် ပိုးဝင်၍ သေဆုံးသွားကြောင်း သိရသည်။၄င်းမွေးကင်းစကလေးငယ်က အိမ်တွင်တစ်ပတ်ကြာကူသမှုပြုလုပ်သော်လည်း မသက်သာသဖြင့် ဗန်းမတ်ရွာရှိ PHWC ဆေးခန်းသို့ လာရောက်ပြသခဲ့ပြီး ဆေးခန်းမှတစ်ဆင့် တောင်ကြီးဆေရုံသို့ဖေဖော်ဝါရီ…