Category: ဒေသသတင်း/ ရိုးရာ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်သဖြင့် စစ်ရှောင်ပြည်သူများထိုင်နယ်စပ်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၃၊၂၀၂၃ ထိုင်း- မြန်မာနယ်စပ်ရှိ ဒေါနိုးကူစစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်သဖြင့် စစ်ရှောင်အများအပြား ထိုင်းနယ်စပ်သို့ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ” အခြေနေက ရှုပ်ထွေးနေတော့ စစ်ရှောင်အရေအတွက် အတိအကျမသိရသေးဘူး၊ နေရာလည်း အတိအကျမပြောပြထားဘူး၊ အရင်က ဘယ်နေရာ၊ စစ်ရှောင်ဘယ်နှစ်ဦးရှိတယ် ဆိုတာတွေပြောတယ်၊ နောက်ပိုင်း စစ်ကောင်စီက အဲနေရာတွေအဓိက တိုက်ခိုက်လာတယ်၊ နောက်ပိုင်းမပြောတော့ဘူး”…

အလှူရှင်ထောက်ပံ့မှုမရတော့သည့် တီကျစ်ဒေသရှိစစ်ရှောင်များ အခက်အခဲများကြုံနေရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တီကျစ်ကျေးရွာအုပ်စုတွင် လာရောက်ခိုလုံလျက်ရှိသည့် စစ်ရှောင်များ စားနပ်ရိက္ခာအထောက်အပံ့မရသည်မှာ ၁ နှစ်နီးပါးရှိလာပြီး အရေးပေါ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။ တိုက်ပွဲ ကြောင့်အသက်ဘေးလွတ်ရာကိုတိမ်းရှောင် လာခဲ့ရသော်လည်း စားဝတ်နေရေးအတွက် အခက်ခဲများကြုံတွေ့နေရကြောင်းသိရသည်။ ” အရေးပေါ်စားစရာလိုတာပေါ့နော်၊ နောက်ပြီးနေစရာတွေလည်းလိုနေသေးတယ်၊ စားဝတ်နေရေးဖြေရှင်းဖို့ အလုပ်အကိုင်အခက်အခဲလည်းရှိတာပေါ့နော်၊စစ်ရှောင်ထဲမှာ နာတာရှည်ရောဂါသည်တွေ ခွဲစိတ်ထားတဲ့သူတွေလည်းပါတယ်၊ သူတို့တွေက ဆေးလည်းမဝယ်သောက်နိုင်တော့ဘူး၊ ဆေးခန်းရက်ချိန်းတွေလည်း မသွားနိုင်တော့ဘူး” ဟု…

ပအိုဝ်းပြည်သူများ ဥပဒေပိုင်းဆိုင်ရာ အကူအညီရရှိနိုင်ရန် ပအိုဝ်းဥပဒေကူညီမှုအသင်း ဖွဲ့စည်း

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊ ၂၀၂၃ ပအိုဝ်းပြည်သူများ ဥပဒေ ပိုင်းဆိုင်ရာအကူအညီ ရရှိနိုင်ရန် ဇူလိုင် ၉ ရက်နေ့ တောင်ကြီးမြို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ရုံးတွင် ပအိုဝ်းဥပဒေကူညီမှု အသင်းဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဓိက ပအိုဝ်းပြည်သူ လူထုများသည် မြန်မာနိုင်ငံမှ အတည်ပြု ပြဌာန်းထားသည့် ဥပဒေဆိုင်ရာ အသိပညာများနားလည်စေရန်၊ ပြဿနာများတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ညှိနှိုင်း ကူညီဖြေရှင်းပေးနိုင်ရန်နှင့် ဥပဒေနှင့်…

တောင်ရိုးစာ ယူနီကုဒ်ဖြစ်မြောက်ရေး သံဃာ တော်နှင့်လူငယ်များကြိုးပမ်း

ခမ်းသားငေါဝ် ဇူလိုင်လ ၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများစုနေထိုင်သော တောင်ရိုးလူမျိုးများသည် တောင်ရိုးစာယူနီကုဒ် ကီးဘုတ်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ကီးဘုတ်ဖြစ် မြောက်ရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ကီးဘုတ်ဖြစ်မြောက်ရေး ကြိုးပမ်းရခြင်းမှာ တောင်ရိုးတစ်မျိုးသားလုံး မိမိဘာသာစကားကို တွင်ကျယ်စွာအသုံးပြုလာရန်နှင့် တောင်ရိုးစာပေပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။ ” အခုမှ စလုပ်တာပေါ့နော်၊ ခုခေတ်က ဖုန်းလည်းကိုယ်စီသုံးနေကြပြီ၊ အဲတော့မိမိဘာသာစကားကို ဖုန်းထဲထည့်ပြီး အသုံးပြုလာကြဖို့ရည်ရွယ်ထားတယ်၊…

ပင်လောင်းဒေသစိုက်ပျိုးတောင်သူများ မြေဩဇာအတု ဝယ်ယူအသုံးပြုမိ၍ အခက်အခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်မြို့နယ်တွင် စိုက်ပျိုးရေးလုပ် ဒေသခံတောင်သူများ မြေသြဇာအတုများဝယ်သုံးမိ၍ စိုက်ပျိုးပင်များ ပျက်စီးပြီးအခက်အခဲကြုံ‌ တွေ့နေကြရကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် ပင်လောင်းဒေသရှိ စိုက်ပျိုးတောင်သူများသည် မြေသြဇာအတု‌‌ ရောင်းချမှုများကို ဝယ်ယူအသုံးပြုမိ၍ စိုက်ပျိုးသီးနှံများ အထွက်နှုန်းနည်းခဲရပြီး စိုက်ခင်း စိုက်ပျိုးပင်များ အတော်များများ ပျက်စီးကုန်သည်အထိ ဆုံးရှူံးခဲ့ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “အရင်က…

ဆိုက်ခေါင်စံပြကျေးရွာတွင် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိန်းကျင့်ခံရ

ခမ်းသားငေါဝ်း ဇွန်လ ၃၀၊ ၂၀၂၃ ရှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြ ကျေးရွာ ရပ်ကွက်တစ်ခုတွင် အသက် ၁၁ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး မုဒိန်းကျင့်ခံရ ကြောင်း ဇွန်လ ၃၀ ရက်နေ့က သိရသည်။ ယင်းကလေးငယ်သည် အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသူဖြစ်ပြီး ဇွန်လ၂၉ ရက် (အစ်နေ့) ကျောင်းပိတ်ရက်တွင် ဖြစ်ပွားခဲ့…

ဒုတိယအကြိမ် အင်းလေးရေပေါ် သင်္ကြန်ကို ယခုနှစ်ပြန်လည်ကျင်းပမည်ဟုသိရ

ခမ်းသားငေါဝ်း၊ ဧပြီလ ၃၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ ညောင်ရွှေမြို့နယ် နမ်းပန်ကျေးရွာရှိ ခေတ်ဆန်းရင် အဆောက်အဦးအပေါ် ရေပေါ်သင်္ကြန်ကို ၄ ရက်တာကာလသတ်မှတ်ကျင်းပမည်ဖြစ်ကြောင်း မတ်လ ၃ ရက်တွင် သိရှိရသည်။ သင်္ကြန်အကြိုရက် ၊ သင်္ကြန်အကျရက်၊ သင်္ကြန်အကြပ်ရက်နှင့် သင်္ကြန်အတက်ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယခုနှစ်တွင် ရောင်စုံအလှဓာတ်ပုံပြိုင်ပွဲများ ထပ်မံထည့်သွင်းပါဝင်မည်ဟု သိရသည်။ ”ထုံးစံအတိုင်း အကြိုရက်နေ့မှာဖွင့်ပွဲအခန်းအနားရှိမယ်၊ ရေသင်္ကြန်မဏ္ဍပ်တွေက…

အေးယာယာ ထုံးဖို စစ်ဆေးဂိတ်တွင် ခရီးသည်ယာဥ်များ တားဆီးစစ်ဆေးပြီး ငွေတောင်းခံမှု ရှိနေ

ခမ်းသားငေါဝ်း၊ ဧပြီလ ၃၊ ၂၀၂၃ တောင်ကြီးမြို့အတက်လမ်း အေးသာယာထုံးဖိုရှိ စစ်ကောင်စီစစ်ဆေးဂိတ်တွင် လမ်းဖြတ်သွားသော ခရီးသည်ယာဥ်များကို တားဆီးစစ်ဆေးပြီး ငွေတောင်းခံနေကြောင်း ခရီးသည်ယာဥ်မောင်းသူ ထံမှ သိရသည်။ တောင်ကြီးအတက် အေးသာယာထုံးဖိုဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသည်ယာဥ်က ငွေမပေးဆောင်ပါက တောင်ကြီးမြို့သို့ ပေးမဖြတ်ပေးကြောင်း ခရီးသည်ယာဥ်မောင်းတစ်ဦးပြောပြချက်အရသိရသည်။ “အစ်ကိုတို့က ခရီးသည်ယာဥ် နေ့တိုင်းပေးဆွဲတယ် နေ့တိုင်းပေးရတယ် အတက်လမ်းက ပေးရတယ် တစ်ခါကို ငါးထောင်…

ပြည်သူများ စစ်ရှောင်ရင်း ကောင်းမွန်စွာဆေးကုသခွင့်မရသောကြောင့် သေဆုံးသူ ၁၃၄ ဦးရှိလာ

……………….. ခမ်းသားငေါဝ်း၊ ဧပြီလ ၂ ၊ ၂၀၂၃ ရှမ်း-ကယားနယ်စပ် ပင်လောင်းမြို့နယ် ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီပြည်နယ်တို့တွင်စစ်ကောင်စီအာဏာသိမ်းပြီးနောက် တိုက်ပွဲများကြောင့် တောတောင်ထဲစစ်ရှောင်ရင်း ကောင်းမွန်စွာဆေးကုသခွင့်မရသဖြင့်သေဆုံးသူ ၁၃၄ ဦးရှိလာကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFကဧပြီ ၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ထိုသေဆုံးသူများအထဲတွင် ကိုယ်ခံအားနည်းသူများ ၊အအေးဒဏ်မခံနိုင်သော သက်ကြီးရွယ်အိုများနှင့် မွေးကင်းစကလေးများ၊ လသားအရွယ်ကလေးငယ်များ တို့ အများဆုံးဖြစ််ကြောင်း သိရသည်။ “ဆေးရုံတွေရှိပေမယ့် လမ်းပိတ်ထားတာ…

အင်းလေးတွင် ငွေကြေး သိန်းပေါင်း၈ထောင်လိမ်လည်မှု ထပ်မံဖြစ်ပွား

ခမ်းသားငေါဝ်း မတ် ၂၈ ၊ ၂၀၂၃ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဖောင်တော်ဦးအနီးတစ်ဝိုက်ကျေးရွာများတွင် ငွေကြေးသိန်းပေါင်းရှစ်ထောင်လိမ်လည်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မတ်လ၂၈ရက်နေ့တွင် ဒေသခံပြောပြချက်အရ သိရှိရသည်၊၊ သာလေးကျေးရွာအုပ်စု ဖောင်တော်ဦးနမ့်ဟူးရွာတွင်နေထိုင်သော ဖိုးတွဲ(ခ)အောင်နိုင်ဝင်းဆိုသူကငွေတစ်သိန်း ထည့်ပါက တစ်ရက်လျှင်အတိုး ၃၀၀၀ကျပ်ပေးမည်ဖြစ်ကြောင်း ဒေသခံများကိုလိမ်လည်ခြင်းဖြစ်သည်။ ထိုဖြစ်စဥ်သည် ယခင် ၂၀၂၂ ဇွန်၊ဇူလိုင်လတွင်စပြီး နေ့စဥ်ညနေ၃နာရီဝန်းကျင်အချိန်တွင် အတိုးလိုက်လံပေးကြောင်း အင်းလေးဒေသခံများကပြောကြသည်၊၊ “အစကတစ်သိန်းကို အတိုးတရက် ၃၀၀၀ကျပ်ပေးတယ်ပြောတာ…