Category: ဒေသသတင်း/ ရိုးရာ

ပအိုဝ်းဒေသတွင် တိုက်ပွဲပြင်းထန်နေသော်လည်း တောင်ကြီးတွင် ပအိုဝ်းအမျိုးသားနေ့အကြိုဘောလုံးပွဲကျင်းပနေ

ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်နေဆဲဖြစ်သော်လည်း ပအိုဝ်းအမျိုးသားနေ့အကြိုအဖြစ် တောင်ကြီးမြို့ တပေါင်းကွင်းတွင် ဘောလုံးပွဲကျင်းပနေသည်ဟု သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူအမြောက်အများ စစ်ဘေးရှောင်နေကြရသော်လည်း တောင်ကြီးမြို့တွင် မတ်လ ၁၈ ရက်က စတင်ပြီး ၇၅ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အကြိုအဖြစ် ဘောလုံးပွဲ ကျင်းပနေသည်။…

လွယ်ဝိုးတုတ်ရွာတွင် စစ်ကောင်စီနှင့် လက်အောက် ခံ PNOပြည်သူ့စစ်တို့ ဒေသခံပစ္စည်းများခိုးယူပြီး ကားဖြင့်သယ်ထုတ်နေ

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံပစ္စည်းများအား ခိုးယူနေသယ်ထုတ်နေ ကြောင်း ရွာသားထံမှ သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင်ပြီးနောက် ကျန်ရှိသောပစ္စည်းများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် အဖွဲ့က ခိုးယူပြီး ကားဖြင့်သယ်ထုတ်နေကြောင်း ဒေသခံရွာသားက ခမ်းသားငေါဝ်းသို့ ပြောသည်။…

မိုင်းပွန် – တောင်ကြီးလမ်းပြန်ဖွင့်ပေးသော်လည်း တိုက်ပွဲဖြစ်နေ၍ ခရီးသွားလာသူများစိုးရိမ်နေရ

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ လွိုင်လင်၊ မိုင်းပွန်- တောင်ကြီးလမ်းကို ပြန်လည်ဖွင့် လိုက်သော်လည်း တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံနှင့် ကားသမားများစိုးရိမ် နေကြကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားတိုက်ပွဲကြောင့် လွိုင်လင် မိုင်းပွန် တောင်ကြီးပြည်ထောင်စု လမ်းမကို ပိတ်ထားခဲ့ရာ မတ်လ ၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်က ပြန်ဖွင့်ပြီး ကားများသွားခွင့်ပြုလိုက်သည်ဟု…

စစ်သင်တန်း၌ပအိုဝ်းဝတ်စုံဖြင့် အသုံးပြုခြင်းကို ပအိုဝ်းစာပေယဉ်ကျေးမှုဗဟိုနှင့် သံဃာများကန့်ကွက်သင့်ကြောင်း ကျေးရွာပအိုဝ်းရပ်မိရပ်ဖအချို့ပြောဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊၂၀၂၄ ပအိုဝ်းအမျိုးသားဝတ်စုံကို PNO ပြည်သူ့စစ်သင်တန်း၌ စစ်ရေးပြ အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဗဟို၊ ပအိုဝ်းသံဃာတော်များအနေဖြင့်ကန့်ကွက်သင့်ကြောင်းကျေးရွာ ပအိုဝ်းရပ်မိရပ်ဖ အချို့ကပြောဆိုသည်။ ပအိုဝ်းအမျိုးသားရေးတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအပြင် ပအိုဝ်းရဟန်းတော်သံဃာတော် ဆရာတော်များလည်း အထူးအရေးပါသဖြင့် ယင်းအပေါ်ကို ပအိုဝ်းတမျိုးသားလုံး၏ အနာဂတ်ကိုရှေ့ရှု့ငှဲ့ညာခြင်းအားဖြင့်ကန့်ကွက် စေလိုကြောင်းဆိုထားသည်။ “မဖြစ်သင့်တာမို့ အမှန်တကယ် တတ်နိုင်ရင်ပေါ့ ပအိုဝ်းရဟန်းသံဃာတွေ ပအိုဝ်းဆရာတော်ကြီးတွေ မေတ္တာရပ်ခံပေးစေချင်တယ် ပအိုဝ်းတိုင်း အထွဋ်မြတ်ထား…

ပင်လုံမြို့တွင်း အမြန်မောင်းနှင်သည့်တွဲကားများကိုထိရောက်သည့်အရေးယူမှု ပြုလုပ်ပေးစေလို ဟု ဒေသခံများ ပြောဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၊၂၀၂၄ ပင်လုံမြို့တွင်း မြို့ကိုဖြတ်မောင်းနှင်သည့်တွဲကားများသည် အရှိန်မလျော့ပဲ အမြန်မောင်းနှင်နေကြပြီး အန္တရာယ်ရှိနိုင်သဖြင့် အဆိုပါတွဲကားများကို ထိရောက်သည့်အရေးယူမှု ပြုလုပ်‌ပေးစေလိုကြောင်း ပင်လုံမြို့ခံများက ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အတွင်း ယနေ့ ဇန်နဝါရီ ၂ ရက်နေ့ နံက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ပင်လုံမြို့ရှိ မဟာရဋ္ဌာဘိသာမဂ္ဂီဘုရားရှေ့နှင့် ရေကန်ရှေ့တွင် တွဲကား ၆ စီးက…

ပအိုဝ်းနှစ်သစ်ကူးနေ့ကို ကရင်ပြည်နယ်၊မွန်ပြည်နယ် နှင့် ပဲခူးတိုင်းတွင် ကျင်းပ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၃၊၂၀၂၃ ပအိုဝ်းနှစ်သစ်ကူးနေ့ကို ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။ ယနေ့ မြန်မာလ နတ်တော်လဆန်း ၁ ရက်နေ့ကို ၂၇၁၅ နှစ်မြှောက် ပအိုဝ်းနှစ်သစ်ကူး နေ့ဖြစ်ပြီး ၂၀၁၆ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုတွင် ၈ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ “ဘယ်လိုဘဲ ဖြစ်ဖြစ် မျိုးဆက်သစ်…

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား ဒေသခံပြည်သူများ သွားရောက်လည်ပတ်မှုနည်းပါး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၃၊၂၀၂၃ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်အတွင်း ဒေသခံပြည်များ သွားရောက်လည်ပတ်မှုနည်းပါးကြောင်း တောင်ကြီး‌ဒေသခံတစ်ဦးက ယနေ့နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရိုးရာပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲကို ကိုဗစ်ကာလမှစပြီး မကျင်းပဖြစ်သည်မှာ ၃ နှစ်ရှိပြီးနောက် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ဦးဆောင်ကျင်းပသော်လည်း ပွဲတော်အား ဒေသခံပြည်သူများ ပါဝင်မှုအလွန်နည်းပါးကြောင်း ဒေသခံတစ်ဦးမှ သိရသည်။ “ ကျွန်တော်အနေနဲ့…

တိုင်းရင်းသားပြည်သူများအကျပ်အတည်းရောက်နေချိန်တွင် ပျော်ပွဲရွှင်ပွဲများပြုလုပ်သည့်လုပ်ရပ်သည် အင်းသားလူမျိုးများဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည် ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊ ၂၀၂၃ စစ်အာဏာရှင်တိုက်ဖျက်ရေးအရှိန်မြင့်တက်နေသော ယခုအချိန်ကာလတွင် အင်းအမျိုးသားနေ့ကျင်းပပြီး ပျော်ပွဲရွှင်ပွဲ များပြုလုပ်သည့်လုပ်ရပ်သည် အင်းသားလူမျိုးများ၏ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေကြောင်း IWU က ထုတ်ပြန်ထားပါသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအကျပ်အတည်းရောက်နေချိန်တွင် ပျော်ပွဲ၊ ရွှင်ပွဲများပြုလုပ်ကာ မြူးတူးပျော်ပါးသည့် လုပ်ရပ်သည် အင်းသားလူမျိုးများ၏ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည့်လုပ်ရပ်ဖြစ်ကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂမှ နိုဝင်ဘာလ ၉ ရက်တွင် အင်းသားအမျိုးသားနေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။ “အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်ငန်းစဉ်တွင် အင်းအမျိုးသားအဖွဲ့ချုပ်၏…

စစ်ကောင်စီ ဦးဆောင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မသွားကြဖို့ ဒေသခံလူငယ်များ တောင်းဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၃ စစ်ကောင်စီဦးဆောင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ဒေသခံများ မသွားခြင်းဖြင့် ဆန့်ကျင်ဆန္ဒပြဖို့ ဒေသခံလူငယ်များ တိုက်တွန်းတောင်းဆိုထားတယ် လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ စစ်ကောင်စီဦးဆောင်ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ဒေသခံများအ‌နေနဲ့ မသွားခြင်းအားဖြင့် ဆန့်ကျင်ဆန္ဒပြဖို့ ဒေသခံလူငယ်များက ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ “စစ်အာဏာရှင်လုပ်တဲ့ ပွဲတွေမှန်သမျှ ကျွန်တော်အနေနဲ့ လက်မခံဘူး ပြီးတော့…

ဂျင်းဈေးကောင်းသဖြင့် ဂျင်းစိုက်ခင်းများကို ခြံခင်းပြတ်ရောင်းကြရ ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ ဂျင်းစိုက်ပျိုးတောင်သူများသည် ဂျင်းဈေးကောင်းသဖြင့် ဂျင်းစိုက်ခင်းများကို ခြံခင်းပြတ်ရောင်းကြရကြောင်း ဂျင်းစိုက်ပျိုးတောင်သူတစ်ဦး ပြောပြချက်အရ သိရသည်။ ယခုလက်ရှိဈေးကွက်အတွင်း ဂျင်းပေါက်ဈေးသည် ဂျင်းဥမအခက်ကြီး ၁ ပိဿာကို ( ၁၀၀၀၀)ကျပ်အထိရှိနေပြီး ဥမအခက်အလတ် ၁ ပိဿာကို ( ၄၅၀၀/၅၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။ “အရင်နှစ်တွေထက်စာရင် ဒီနှစ်‌ဂျင်းဈေးရှိတယ်။အရင်နှစ်က ဒီခြံဆိုသိန်း ၄၀…