ပအိုဝ်းတိုင်းရင်းသူတစ်ဦး နိုင်ငံခြားတွင် အိမ်အကူသွားရောက်လုပ်ကိုင်ရာမှ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကြုံတွေ့ရ
ခမ်းသားငေါဝ်း၊ ဇွန်လ ၈၊ ၂၀၂၃ ပအိုဝ်းတိုင်းရင်းသူ နန်းကလျာဦး (အမည်လွဲ) သည် အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ရာ အိမ်ရှင်၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကြုံတွေ့ခံစားနေရကြောင်း ကာယကံရှင်အမျိုးသမီးက ရင်ဖွင့်ပြောဆိုခဲ့သည်။ ပအိုဝ်းတိုင်းရင်းသူ နန်းကလျာဦးသည် အိမ်အကူအလုပ်သွားရောက်လုပ်ကိုင်ရန် ၁၄ ဇူလိုင်လ ၂၀၂၂ ခုနှစ်တွင် အိုမန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး အလုပ်လုပ်ကိုင်လာသည့် (၉)လတာကာလအတွင်း အလုပ်၏ အလုပ်ရှင်…