နမ့်စန်တွင် တိုက်လေယာဥ်များ နေ့ရောညပါအဆက်မပြတ် ဆင်းတက်နေသဖြင့် ဒေသခံပြည်သူများ ထိခိုက်ရ
ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ နမ့်စန်မြို့တွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များ နေ့ရောညပါဆင်းတက်နေသဖြင့် အရပ်သားပြည်သူများ၏ နေထိုင်မှုကို ထိခိုက်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ယခုရက်ပိုင်းတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များသည် ရှေ့တန်းစစ်မြေပြင်စစ်ကူသွားရန် နေ့ရောညပါဆင်းတက်နေသဖြင့် အရပ်သားပြည်သူများ၏…