Author: khamsarngor

ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်း ဒရုန်းဖြင့်ဗုံးကြဲခံရ၍ ကိုရင်တစ်ပါးနှင့် ကပ္ပိယတစ်ဦးဗုံးဆထိမှန်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းပေါ်ရှိ ကိုရင်တစ်ပါးနှင့် ကျောင်းကပ္ပိယတို့ဗုံးဆထိမှန်ပြီး ဒဏ်ရာပြင်းထန်ရခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နှင့် ၄ ဖာလုံဝေးသည့်ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်းကို မတ်လ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က ဒရုန်းဖြင့် ဗုံးသီး ၂ ကြိမ်ကြဲချခံရပြီး ထိခိုက်မှုဖြစ်ပွားရကြောင်းသိရသည်။…

နမ္မတူ ပြည်သူ့ဆေးရုံ ကို CDM ဝန်ထမ်းဖြင့် စတင်လည်ပတ်နေပြီဟုဆို

ခမ်းသားငေါဝ်း မတ်လ ၁၆၊ ၂၀၂၄ နမ္မတူမြို့၊ ပြည်သူ့ဆေးရုံတွင် CDMဆရာဝန်ကြီး အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့က TNLA ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူပြည်သူ့ဆေးရုံအား ကျန်းမာရေးဝန်ထမ်း (၁၈)ဦးဖြင့် စတင်လည်ပတ်နေခြင်းဖြစ်ပြီးအောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDMပြုလုပ်ထားသည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ၊ CBHTဆရာ/ဆရာမများ…

မြေယာဥပဒေမူဝါဒနှင့်အညီ ထိန်းသိမ်းသွားရန် ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို TNLAကွင်းဆင်း စစ်ဆေး

ခမ်းသားငေါဝ်း မတ်လ ၁၆၊ ၂၀၂၄ TNLAသိမ်းပိုက်ထားသည့် နမ္မတူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကိုကွင်းဆင်း စစ်ဆေးခဲ့ကြောင်းမတ်လ ၁၅ ရက်နေ့တွင် TLNAကထုတ်ပြန်ထားသည်။ မန်စံကျေးရွာရှိ လျှပ်စစ်ရုံး၊ မီးသတ်ရုံး၊ ဆေးရုံ၊ ကျောင်းနှင့် အများပြည်သူပိုင် ဘာသာရေးအဆောက်အဦးများကို PSLF/TNLA ၏မြေယာဥပဒေ မူဝါဒနှင့် အညီ ဧရိယာနယ်နိမိတ်များ သတ်မှတ်ပေးခြင်း၊ မြေယာအဆောက်အဦ အကျယ်အဝန်းများ တိုင်းထွာသတ်မှတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း…

နမ့်ဟူးရွာ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မတ် ၁၆၊ ၂၀၂၄ ဟိုပုံးမြို့နယ် နမ်းဟူးရွာ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊မွေတော်ဘုန်းကြီးကျောင်းရောက် နမ့်ဟူးရွာ ဒေသခံ များအတွက်စားနပ်ရိက္ခာများ၊နေရာထိုင်ခင်းများ လိုအပ်လျက်ရှိကြောင်းသိရသည်။ “နေရာထိုင်ခင်းနဲ့စားစရာတွေ လိုအပ်နေတယ်။ခုက ရွာသားတွေပေးတဲ့ ဆန်၊အသီးအရွက်တွေနဲ့ပဲ စုပြီးချက်စားရတာ။ ရွာသားအိမ်တွေလည်း မီးရှို့ခံထားရတော့ စိတ်ဓာတ်ကျနေကြတယ်”ဟု စစ်ရှောင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ နမ့်ဟူးရွာသည် အိမ်ခြေ ၁၀၀ ရှိပြီး…

ပေါင် ၅၀၀ ဗုံးဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထမ်းယမ် ရွာနေအိမ်မီးလောင်

ခမ်းသားငေါဝ်း မတ် ၁၆၊၂၀၂၄ ထမ်းယမ်းကျေးရွာကို တစ်ရက်အတွင်း စစ်ကောင်စီ လေယာဉ်ဖြင့်နှစ်ကြိမ် ဗုံးကြဲခဲ့သဖြင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယမ်ရွာ မတ်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် နေ့လည် ၁ နာရီပထမအကြိမ် ဗုံးနှစ်လုံးကြဲချပြီး ည ၅ နာရီကျော်ဒုတိယကြိမ် ဗုံးလေးလုံးဖြင့် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။ “ပထမတစ်ကြိမ်ကဘုန်ကြီးကျောင်းဆောင်တွေ ပျက်စီးသွားတယ်။…

ပင်လောင်းမြို့ပေါ် အထိ တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်ပြီး ဒေသခံများ နောင်တရားထိတိမ်းရှောင်ကြ

ခမ်းသားငေါဝ်း မတ် ၁၄၊ ၂၀၂၄ ပင်လောင်းမြို့ပေါ်အထိ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံများ ပင်လောင်းမြို့အကျော်နောင်တရားဘက်တွင် ထပ်မံပြီးစစ်ရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်တွင် မတ်လ ၁၀ ရက်က စတင်ခဲ့သည့် တိုက်ပွဲကြောင့် ဆက်လက်ပြင်းထန်နိုင်သည့် အခြေအနေတွင်ရှိနေပြီး ဒေသခံများ လုံခြုံရေးစိုးရိမ်ကြောင့် ပင်လောင်းအနီးအနားတွင်မနေရဲဘဲ နောင်တရား ဘက်တို့တွင် တိမ်းရှောင်နေရကြောင်း သိရသည်။ “နီးစပ်ရာဒေသက မလုံခြုံတော့ဘူးလေ တိုက်ပွဲက…

ပင်လုံ လဲချားကြား ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်ပါလာသူတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၁၄၊၂၀၂၄ ပင်လုံ လဲချားလမ်းပေါ်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်စီးသူ ၁ ဦးသေဆုံးပြီး ၁ ဦးမှာဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်သည် မတ်လ ၁၃ ရက် နေ့လည် ၁၂ နာရီကျော်အချိန်တွင် ပင်လုံ-လဲချားကြားရှိ ဝမ်နောင် ဝမ်းကုန်းကျေးရွာအနီးတွင် မိုင်ကိုင်ကနေမောင်းလာသည့် ပရိုဘောက်ကားနှင့် ပင်လုံကနေမောင်းလာသည့်ဆိုင်ကယ်တို့ ထိပ်တိုက်တွေ့ပြီးယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ “အသက် ၁၆ နှစ်အရွယ်ကောင်လေးနှစ်ယောက်…

သေမင်းလက်မှ သီသီလေး လွတ်မြောက်လာခဲ့သူများ

ခမ်းသားငေါဝ်း မတ်လ ၁၃၊ ၂၀၂၄ ရေးသားသူ- ခွန်ပေ “ဒရုန်းပစ်ချပြီး ငိုသံဆို ဆူညံနေတာဘဲ။ ဒဏ်ရာတွေလည်းရတော့ ညည်းသံတွေရော အော်သံတွေရောဘဲ။ အဲတာနဲ့ မပြီးသေးဘူး ကလေးတွေက ညီမတို့ရှိတဲ့ သဖန်းပင်အောက် ထပ်ပြေးလာကြတယ်။ ထပ်မံပြီး ဒရုန်းက သဖန်းပင် အပေါ်တည့်တည့် ပြန်ပစ်ချတယ် ကွက်တိပစ်ချတယ်။ လွဲတောင်မလွဲဘူး”ဆိုပြီး တုန်ရီတဲ့အသံ ငိုသံ တွေနဲ့ ပြောပြနေရှာပါတယ်။ ထိုသူကတော့…

ဆီဆိုင်မှ နားဘောင်သို့ ရောက်လာသည့်စစ်ရှောင်ကလေးများ အကူအညီလိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၁၃၊၂၀၂၄ ဆီဆိုင်ဘက်မှ တောင်ကြီးမြို့နယ် နားဘောင်ကျောင်းတွင် ရောက်လာသည့် စစ်ရှောင်ကလေးများ စားဝတ်နေရေးအတွက် အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။ စစ်ရှောင်ကလေးများသည် ဆီဆိုင်မြို့နယ် မဲဟဲဘုန်းကြီးကျောင်းကဖြစ်ပြီး လက်ရှိအယောက် ၂၀၀ ကျော်အတွက် စားဝတ်နေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည်။ “လိုအပ်ချက်တွေက အဘက်ဘက်လိုတယ် ကျန်းမာရေးတွက်ဆေးဝါးတွေ ၊ နောက်ခြုံဖို့အခင်းတွေ၊ စောင်တွေ အဓိကဆန်ဆီဆားတွေလည်းလိုအပ်တယ်”ဟု အုပ်ထိန်းသူ မဲဟဲကျောင်းဆရာတော် ဥူးနရိန္ဒိက…

အားလူးစျေး အဆမတန် ကျဆင်းသဖြင့် တောင်သူများအရှုံးနဲ့ရင်ဆိုင်နေရ

ခမ်းသားငေါဝ်း မတ် ၁၃၊၂၀၂၄ အာလူးစျေးအဆမတန် ကျဆင်းသဖြင့် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်နေကြရကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ နောင်တရားဒေသ ကျေးရွာအများစုတွင် အာလူးကို အဓိကစိုက်ပျိုးကြပြီး ယခုနှစ်တွင် သွင်းအားစု အဆမတန်စျေးတက်ပြီး အရင်းနှီးကြီးကာ စျေးမရရှိခြင်းကြောင့် အရှုံးဖြင့်သာ ရောင်းနေရကြောင်း သိရသည်။ “ဆေးဖျန်းဖိုးရော ၊ရေဖိုးရော၊ ပိုက်ဖိုးရော၊ မြေသြဇာဖိုးရော ၊လူငှားခရော အများကြီးကုန်တာ။…