ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလမ်းပိတ်ထားသဖြင့် ဒေသခံထွက်မရဘဲ ပိတ်မိနေ
ခမ်းသားငေါဝ်း မတ် ၂၀၊ ၂၀၂၄ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်များ လမ်းပိတ်ထားခြင်းကြောင်း ဒေသခံများထွက်မရဘဲ ပိတ်မိနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာတွင် ယနေ့မနက်အစောပိုင်းက စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။ “ဆောင်းပြောင်းဈေးမှာ ခုထိတိုက်နေတုန်း။ စျေးနဲ့နီးတဲ့ လဲင်းဗွာလရွာအကုန်ရှောင်တယ်။ ရွာသားတွေလည်းပင်လောင်းဖက်ကို ရှောင်ဖို့လုပ်ပေမယ့် ကောင်ဗာရွာမှာ စစ်ကောင်စီ…