Author: khamsarngor

ပစ္စည်းပြန်ယူသည့် ဒေသခံနှစ်ဦးထံ PNO ပြည်သူ့စစ် က လေးလုံးထိုးကား၊ ဖုန်းနှင့် ငွေ ၄ သိန်း သိမ်းယူသွား

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၄ ဆီဆိုင်မြို့ထဲသို့ ပစ္စည်းပြန်ယူသည့် ဒေသခံများထံ PNO ပြည်သူ့စစ်က လေလုံးထိုးကားတစ်စီး၊ဖုန်းနှင့် ပိုက်ဆံ ၄ သိန်းကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် မတ်လ ၂၃ ရက်နေ့က ပစ္စည်းပြန်ယူသည့် ဒေသခံများသည် ပစ္စည်းယူပြီး ပြန်ထွက်ချိန် ဆိုက်ခေါက်ကျေးရွာ အနောက်တောင်ဖက်၌ PNO ပြည်သူ့စစ်က စစ်ဆေးမှု ပြုလုပ်ပြီး…

နမ့်ဟူး ကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေး အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ဟိုပုံးမြို့နယ် ၊နမ့်ဟူးကျေးရွာမှ စစ်ဘေးရှောင်များစားဝတ်နေရေး အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် ဆန်၊ဆီ၊ဆား များအဓိကလိုအပ်နေပြီး အဝတ်အထည် ၊ အခင်းနှင့်စောင်များလည်း လိုအပ်သည်။ ” အမျိုးတွေ၊ အသိမိတ်တွေဆီမှာ ကိုယ်စီ စစ်ဘေးရှောင်နေကြရတော့ အလှူရှင်တွေက လက်လှမ်းမီဖို့ခက်တဲ့အတွက်ကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်နေတယ်” ဟုစစ်ဘေးရှောင်တစ်ဦးက…

ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများ လိုက်နာရန် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို NUG ထုတ်ပြန်

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများ လိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထပ်မံထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို၊ စက်တင်ဘာလ (၇) ရက် နေ့၊ ၂၀၂၁ ခုနှစ်တွင် ပထမဦးဆုံးပြဋ္ဌာန်းခဲ့ပြီး စစ်သည်ကျင့်ဝတ်များနှင့် ဆက်လျဉ်း၍ လိုအပ်ချက်များထပ်မံဖြည့်စွက်ကာ မွန်းမံထားသည့် ကျင့်ဝတ်အသစ်အား မတ်လ…

ပင်လောင်း၊ နောင်တရားဖက် စစ်ဘေးရှောင်များထံ PNO ပြည်သူ့စစ် က ငွေကောက်ခံနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ပင်လောင်း၊ နောင်တရားမြို့ပေါ်နှင့် ကျေးရွာဖက် စစ်ဘေးရှောင်စခန်းများတွင် PNO ပြည်သူ့စစ်က စစ်ရှောင်များထံ ငွေကောက်ခံသဖြင့် စစ်ရှောင်များအခက်ခဲ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ စစ်ရှောင်စခန်းများတွင် မတ်လ ၂၂ ရက်နေ့က စစ်ရှောင်အိမ်ထောင်စုတစ်စုကို PNO ပြည်သူ့စစ်က ငွေတစ်သိန်းကောက်ခံနေသည်၊၊ “စစ်ရှောင်ပါတယ်ဆိုမ ငွေကလာကောက်တယ်။အိမ်ထောင်စု တစ်စုကို တစ်သိန်းတဲ့…

နန်းတုတ်ရွာကိုစစ်ကောင်စီက ဗုံးလာကြဲသဖြင့် နေအိမ် ၅ လုံးနှင့် ဆေးပေးခန်းတစ်ခု ပျက်စီး

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ နန်းတုတ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် ကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ဆေးပေးခန်းတစ်ခု ပျက်စီးခဲ့ကြောင်း ရွာခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ၊နန်းတုတ်ရွာကို မတ်လ ၂၂ ရက်နေ့ ညသန်းခေါင်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးလာကြဲချခဲ့သည်။ “လူအိပ်ချိန်ညသန်းခေါင်မှာ လေယာဥ်နဲ့ဗုံးကြဲ တိုက်ခိုက်တယ်…

ဖုန်းနဲ့အိတ်ကိုချန်ထားပြီး ဆိုင်ကယ်သော့အုံပြင်ပေးမည်ဟုဆိုကာဆိုင်ကယ်မောင်းပြေးသွား

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ တောင်ကြီးမြို့၊ ဖရဲရပ်ကွက်တွင် ဆိုင်ကယ်ပြန်ပြင်ပေးမည်ဟုဆိုပြီး ယုံကြည်ရန် ဖုန်းနှင့်အိတ်ကိုချန်ထားကာ ထွက်ပြေးသွားကြောင်း သိရသည်။ မတ်လ ၂၁ ရက်နေ့ ညနေခင်း ၄ နာရီခွဲဝန်းကျင်ခန့်တွင် တောင်ကြီးမြို့၊ဖရဲရပ်ကွက် သက်စေ့ရန်အောင်ဘုရားပေါ်လာသည့် ကိုပြည့်/ပြည့်ငြိမ်းဆိုသူက ကလေးမလေး ၂ ယောက်၏ဆိုင်ကယ်ကို သော့အုံဖျက်ကားဆိုင်ကယ်ခိုးယူရန်ကြိုးစားသူက ဆိုင်ကယ်မောင်းပြေးသွားကြောဂ်းငိရသည်။ ”ဆိုင်ကယ်သူခိုးက ဖုန်းချန်ခဲ့တာ သူ့အိမ်ကဖုန်းဝင်လာတော့ ဆက်တဲ့သူက သူ့အဒေါ်တဲ့…

ပင်လောင်းတောင်ဘက် တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် မတ်လ ၂၁ ရက်တွင် ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊ နမ့်ဖာမူကျေးရွာတို့တွင် မတ်လ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ “ဒဏ်ရာရတဲ့ကလေးက နမ်းဖာမူဖက်ပါ။လက်နက်ကြီးထိတာပါ ။…

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လအိကျေးရွာ ဆေးရုံကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူ ၂ ဦး သေဆုံး

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် လအိကျေးရွာဆေးရုံကိုစစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်၊ လအိကျေးရွာဆေးရုံကို စစ်ကောင်စီက မတ်လ ၂၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး၊ (၃) ဦးထိခိုက်ဒါဏ်ရာရသွားသည်၊၊ ” ကျန်းမာရေးကိစ္စတွေဆိုလည်း ဒီဆေးရုံပဲအားထားကြရတာ၊ ဒါမျိုးတော့မလုပ်သင့်ပါဘူး”…

မိုးကြီးပြီး မိုးယိုသဖြင့် ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ စစ်ဘေးရှောင်များ အခက်ခဲကြုံနေရ

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ စစ်ရှောင် စခန်းတစ်ခုတွင် မိုးကြီးပြီး စစ်ဘေးရှောင်များ နေထိုင်ရာ မိုးယိုနေသဖြင့် အခက်ခဲများ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်းနယ်စပ်တွင် မတ်လ ၂၂ ရက်နေ့၌ မိုးကြီးခြင်းကြောင့် တဲထိုးပြီးနေနေရသည့် စစ်ဘေးရှောင်များ အခက်ခဲတွေ့နေကြသည်။ “မိုးကာတွေလည်းကြာပြီ စုတ်လည်းစုတ်နေတော့ မိုးရွာတော့ ရေယိုတာ ပျက်စီးတာ ဖြစ်တယ်။…

သာမိုင်းခမ်းတံတားအကျော်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီးတစ်ဦးသေ၊တစ်ဦးအပြင်းထန်ဒါဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၂၂ ၊ ၂၀၂၄ ရှမ်းပြည်တောင်ပိုင်း အောင်ပန်း-တောင်ကြီးလမ်း သာမိုင်းခမ်းတံတားအကျော် နီလာရိုးမစက်သုံးဆီအရောင်းဆိုင်ရှေ့ အနီး ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးအပြင်းအထန်ဒါဏ်ရာရကာ တစ်ဦးသေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။ မတ်လ ၂၁ ညနေ ၃ နာရီခန့်အချိန်တွင် နီလာရိုးမစက်သုံးဆီအရောင်းဆိုင်ရှေ့အနီးလမ်းမ ၌ (၆) ဘီးယာဉ်နှင့် light truck ယာဉ်တို့ မိုးအနည်းငယ်ရွာစဉ် စလစ် ဖြစ်ကာ…