Author: khamsarngor

ကားပေါ်မှမှန်များအောက်ချနေစဥ် မှန်ချော်ကျမှုကြောင့်မှန်ချနေသူ လေးဦးမှန်ပိ၍ ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၅၊ ၂၀၂၄ အောင်ပန်းမြို့တွင် ကားပေါ်မှမှန်များအောက်ချနေ စဥ် မှန်ချော်ကျမှုကြောင့် မှန်ချနေသူလေးဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်။ ဧပြီလ ၄ ရက်နေ့၊ ညနေ ၃ နာရီခွဲ ဝန်းကျင်တွင် အောင်ပန်းမြို့၊အမှတ် (၃) ရပ်ကွက် စျေးသွားလမ်း၌ ကားပေါ်မှ မှန်များအောက်ချနေစဥ် မှန်​ချော် ကျမှုကြောင့် မှန်ချနေသူ (၄) ဦးမှာ…

ထီရီးတောင်ဘက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဧပြီ ၅၊ ၂၀၂၄ ထီရီးတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားသောကြောင့် ‌ဒေသခံများ ထပ်မံထွက်​ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လမ်တောင်ကျေးရွာအုပ်စု ထီရီးတောင်ဘက်တွင် ဧပြီလ (၄) ရက်နေ့၌ စစ်ကောင်စီတပ်၊ လက်အောက် ခံပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများထပ်မံတိမ်းရှောင်နေရသည်။ “တိုက်ပွဲက မနက်(၉)နာရီခွဲလောက်က စဖြစ်တာ၊ တနေကုန်ပဲ ခုချိန်ထိလက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ…

ဆတ်သေမြေမဲ​ဒေသတွင် RCSS/SSA ကဂိတ်ကဲ့သို့ဖွင့်ပြီး ဆက်ကြေးကောက်ခံနေ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ရပ်စောက်မြိုနယ် ဆတ်သေ၊ မြေမဲ(ချို့ထီ၊ ဟမ်းဖြေင်း)ကျေးရွာဘက်တွင် (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)RCSS/SSAက ရွာတွင် ဂိတ်ကဲ့သို့ဖွင့်လှစ်ပြီး ဆက်ကြေးများတောင်းခံနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေ၊ မြေမဲ (ချို့ထီ၊ ဟမ်းဖြေင်း)တွင် RCSS/SSA က တွဲကားတစ်စီး ၁၂ သိန်း၊ ၆ ဘီးကား ၆ သိန်း၊ ထွန်စက်…

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့်လက်ပါးစေကြောင့် သေဆုံးသူ လေးထောင်ရှစ်ရာကျော်ထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ အာဏာသိမ်းဖြစ်စဥ် စတင်ချိန်ကစပြီး စစ်ကောင်စီနှင့် လက်ပါးစေကြောင့် သေဆုံးသူစုစုပေါင်းမှာ (၄၈၃၀) ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဧပြီ ၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲသတ်ဖြတ်ခံရသူ (၁၇၀၀) ဦး ဝန်းကျင်ကိုလည်းသီးခြားပြုစုထားသည်ဟု ဖော်ပြထားသည်။ တော်လှန်ရေးနှင့်ပါတ်သက်၍ သေဒါဏ်ချမှတ်ထားခံရ၍ အကျဥ်းထောင်တွင်ထိန်းသိမ်းခံရသူ စုစုပေါင်း (၁၂၃)ဦး၊ မျက်ကွယ်သေဒါဏ်ချမှတ်ထားခံရသူ (၄၃)…

အာလူးစျေး အဆမတန် ကျဆင်းကျသဖြင့် တောင်သူများ အရှုံးပေါ်

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ အာလူးစျေး အဆမတန် ကျဆင်းခြင်းကြောင့်အာလူးစိုက်တောင်သူများ အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း အာလူးစိုက်တောင်သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ နောင်တရား၊တီကျစ်ဒေသထွက် အာလူးများ ယခင်ကထက်ဈေး ထက်ဝက်ခန့် ကျဆင်းနေခြင်းကြောင့် အရင်းပြန်မရဘဲ တောင်သူများအရှုံးဖြင့် ရင်ဆိုင်နေရသည်၊၊ “ရေဖိုး၊ ဆေးဖြန်းဖို့၊ မြေသြဇာဖိုး လူအားတွေအများကြီး ရင်းထားရတာ ခုဆို စျေးလုံးလုံးမရှိဘူး။အရင်းတောင် ပြန်မရဘူး”ဟု နောင်တရား အာလူးစိုက်တောင်သူတစ်ဦးကပြောသည်။…

လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၁၃ ဦးအပါအဝင် အကျဥ်းသား/သူ ၃၈ ဦးလွတ်မြောက်လာ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၁၃ ဦးအပါအဝင် အကျဥ်းသား/သူ စုစုပေါင်း ၃၈ ဦးလွတ်မြောက်လာကြောင်း KPPA ထံကသိရသည်။ ကရင်နီပြည်နယ် လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသား ၃၈ ဦးကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ည ၁၂ ရီက လွတ်မြောက်လာကြောင်း KPPA ကရင်နီနိုင်ငံရေးအကျဥ်းသားအစည်းအရုံးကဆိုသည်။ “အပြစ်ဒဏ်ခံရမယ့်ရက်စေ့တော့ပြန်လွတ်လာတာပေါ့ မြို့မရဲစခန်းကိုပို့ဆောင်ပေးပြီးတော့…

လဲချားတွင် မိသားစုဝင်အဖြစ်၊ မိတ်ဆွေအဖြစ်ဟန်ဆောင်ပြီး ဒေသခံအချို့ကိုငွေလိမ်လည်သွား

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ လဲချားမြို့နယ်တွင် ငွေလိမ်သူများက မိသားစုဝင်အဖြစ်၊ မိတ်ဆွေအဖြစ်ဟန်ဆောင်ပြီး ဒေသခံအချို့ကို ငွေသိန်းချီလိမ်လည်သွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းသမားများက မြန်မာဘာသာစကား၊ ရှမ်းဘာသာစကားအသုံးပြုပြီး နည်းအမျိုးမျိုးဖြင့် ငွေကိုလိမ်သည့်အတွက် အလိမ်ခံရသူများ အခက်အခဲဖြစ်နေကြသည်။ “အလိမ်ခံရတဲ့ ကိုယ့်အသိထဲကတစ်ယောက်ဆိုရင် အမေလည်း နေမကောင်းတဲ့ကြားထဲ သမီးကြီးက အဝေးမှာအလုပ်လုပ်ရင်း ပိုက်ဆံရှာပြီး ပို့ပေးရတယ်ပေါ့ အိမ်က…

ညောင်ရွှေမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့ တာဝန်များမှ နှုတ်ထွက်ရပ်ဆိုင်း

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ အတွင်းရှိ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှုးအချို့ တာဝန်မှ နှုတ်ထွက် ရပ်ဆိုင်းလိုက်ကြောင်း JMC – Innlay ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ ရှိ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အချို့တို့သည် တာဝန်မှနှုတ်ထွက်ရပ်ဆိုင်းလိုက်ပြီး စစ်ကောင်စီအပေါ်ပံ့ပိုးကူညီပေးနေ မှုများကို…

ဒေသခံများ တိုင်တန်း၍ ဖမ်းမိသည့်သူခိုးများအား PNLA စစ်ဆေးနေဆဲဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ဆီဆိုင်တွင် သူခိုးများ အိမ်ဖောက်ခိုးယူနေချိန်တွင် အိမ်ရှင်များကမြင်ပြီး PNLA ကိုတိုင်းတန်းလာသဖြင့် ဖမ်းမိထားသည့် သူခိုးများအား ယခုတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ပွားသည့် နှစ်လအတွင်းတွင် ပစ္စည်းလိုက်ခိုးနေသည့် သူခိုးများအား ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA က ဖမ်းမိထားသည့်သူများရှိသည်။ “ဖမ်းမိတဲ့သူခိုးအများစုက ပြည်သူတွေသတင်းပေးပြီး ဖမ်းမိတာများတယ်။ ဖမ်းမိတာတွေကို အခုအရေးယူတာ စစ်ဆေးတားမျိူးပြုလုပ်နေတယ်”ဟု…

ဆီဆိုင်မြို့သို့တစ်ပတ်ပစ္စည်းပြန်သယ်ယူခွင့်စစ်ကောင်စီခွင့်ပြုသည့်အတွက် ပြန်သူများနေ

ခမ်းသားငေါဝ်း ဧပြီ ၃၊၂၀၂၄ ဆီဆိုင်မြို့အတွင်း ပြည်သူများအနေဖြင့် ပစ္စည်းပြန်သယ်ရန် အချိန်တစ်ပတ်ခွင့်ပြုမည်ဟုစစ်ကောင်စီကပြောဆိုသည့်အတွက် ပြန်ကြသူများနေကြောင်း သိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့အတွင်းသို့ပြန်ရန် စစ်ကောင်စီကခွင့်ပြုသည့်အတွက် ပြည်သူများ မိမိအိမ်ရှိပစ္စည်းပြန်သယ်ကြရာတွင် မြေမြုပ်မိုင်းများနင်းမိပြီး ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း ပြန်ယူရန်လိုအပ်သည့်ပစ္စည်းအား အရဲစွန်းပြီးပြန်ကြသူများရှိနေသည်။ “လိုင်းပေါ်မှာ သူများပြန်တာလည်းတွေ့တော့ ကိုယ်လည်းရရာပစ္စည်းပြန်သယ်ချင်တာပေါ့ အရင်ရက်က မိုင်းနင်းမိတဲ့သူတွေလည်းရှိတော့ စိုးရိမ်မှုလည်းဖြစ်တာပေါ့”ဟုဆီဆိုင်မြို့ခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ယခုရက်ပိုင်းတွင်ဆီဆိုင်သို့ ပစ္စည်းပြန်သယ်သူများနေပြီး အိမ်တိုင်းလိုလိုသူခိုးက တန်ဖိုးကြီးပစ္စည်းများခိုးယူပြီး ဖွထားကြောင်း သိရသည်၊၊…