Author: khamsarngor

PNO ပြည်သူ့စစ်က ဆိုက်ခေါင်တွင်ရပ်ကွက်အလိုက် တစ်ရပ်ကွက်၌ ကားဖိုးဝီးတစီးဝယ်ခိုင်းနေ

ခမ်းသားငေါဝ်း ဧပြီ ၇၊၂၀၂၄ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ ရပ်ကွက်(၁၁)ရပ် ကွက်တွင် PNOပြည်သူ့စစ်အတွက် ရပ်ကွက်အလိုက် (၁)ရပ်ကွက်ဖိုးဝှီးကားတစ်စီးဝယ်ခိုင်းနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုင်ခေါင်စံပြကျေးရွာအတွင်းတွင် PNOပြည်သူ့စစ်အသုံးပြုရန် ရပ်ကွက်(၁၁)ကို တစ်ရပ်ကွက် ၁ စီးနှုန်းဝယ်ပေးရမည်ဖြစ်ပြီး ယခုဧပြီအတွင်းဝယ်ပေးရန်ပြောဆိုထားကြောင်းသိရသည်။ “အခုကဆိုက်ခေါင်ကျေးရွာကို တစ်ရပ်ကွက် ၁ စီး ဖိုးဝှီးကားတစ်စီးတဲ့ ပြည်သူ့စစ်အတွက်ဝယ်ပေးရမယ်တဲ့ အဲ့ဒါ ခုဧပြီလအတွင်းမှာအပြီးဝယ်ပေးရမယ်တဲ့ (၁၁)ရပ်ကွက်ဆိုတော့ (၁၁)စီးပေါ့”ဟုအမည်မဖော်လိုသည့်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ နောက်ဒေသခံတစ်ဦးကလည်း”ဆိုက်ခေါင်ကငွေကြေးအဆင်ပြေတဲ့သူတွေများတယ် သူတို့က…

ဘုရားဖြူနယ်မြေ(၄)တွင်နေ အိမ်ဖောက်ထွင်းခိုးသည့် သူခိုးတစ်ဦးကို ဖမ်းမိ

ခမ်းသားငေါဝ်း ဧပြီ ၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ (၄) ပါမိုးနဲ့(လွယ်ခမ်း)ရွာအတွင်း သူတစ်ပါးပစ္စည်းခိုး နေအိမ်ဖောက်ထွင်းသည့် သူခိုးအမျိုးသမီးတစ်ဦးကို ရွာခံများဖမ်းဆီးမိခဲ့ကြောင်းသိရသည်။ ယင်းနေအိမ်ဖောက်ထွင်းပစ္စည်းခိုးရန်လုပ်ဆောင်သည့် အမျိုးသမီးကို ယမန်နေ့ ဧပြီလ ၆ ရက် နေ့လည်အချိန်က အိမ်ဖောက်ထွင်းရန်လုပ်နေစဥ်ရွာခံအချို့မြင်၍ ဖမ်းဆီးပြီးအုပ်ချုပ်ရေးမှူးထံအပ်ခဲ့ကြောင်းသိရသည်။ “မနေ့က လွယ်ခမ်းမှာ ဖောက်တာတော့ သူဘာမှမရလိုက်ဘူး သူများအိမ်ကို ကွတွေနဲ့သော့ဖြတ်တာဖောက်တာမြင်တော့ ဖမ်းလိုက်တာ မိန်းကလေးဖြစ်တဲ့ခါကျတော့…

အောင်ပန်းမှာ ယာဥ်မတော်တဆမှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းသူပွဲချင်းပြီးသေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ ပထမပုဂ္ဂလိကဘဏ်အရှေ့လမ်းပေါ်တွင် ယာဥ်မတော်တဆမှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းသူအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးကြောင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီလ ၆ရက်နေ့ နေ့လည်၂နာရီအချိန်တွင် အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက် ပထမပုဂ္ဂလိကဘဏ်ရှေ့အနီး မိုင်းလမ်းတွင် မောင်းနင်းလာသည့် Canterကားနှင့် လမ်းကြားမှထွက်လာသော ဆိုင်ကယ်တို့မတော်တဆဖြစ်ပွားခဲ့သည်။ “ဆိုင်ကယ်က ပထမပုဂ္ဂလိကလမ်းကြားကနေထွက်လာတာဗျ ထွက်တော့ ကားကလည်းမိုင်းအတိုင်းမောင်းနေတော့ ချိတ်ပါသွားတယ်လို့ကြားသိရပါတယ်ဗျ”ဟု အောင်ပန်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

အောင်ပန်းမြို့တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာမှမီးလောင်ပြီး နေအိမ် (၃) လုံးကူးစက်လောက်ကျွမ်း

ခမ်းသားငေါဝ်း ဧပြီ ၆ ၊ ၂၀၂၄ အောင်ပန်းမြို့ တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာမှမီးလောင်ပြီး နေအိမ်(၃) လုံးမီးကူးစက်လောင်ကျွမ်းသွားကြောင်း အောင်ပန်းနားရေးကူညီမှုအသင်းထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ပြည်ကျော်ရပ်ကွက် view point (2) အောက်ဘက် သံလမ်းအနီး ဧပြီ ၅ ရက်နေ့တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာ အနီးရှိသုံးထပ်သားပြားသို့ မီးကူးစက်သွားပြီး သွပ်မိုး၊ ပျဥ်ကာ…

နမ်းဗွဥ်(နမ်းပွန်)ရွာသား ငွေငါးသိန်းရှစ်သောင်း မထည့်နိုင်၍စစ်မှုထမ်းရပြီး ရှေ့တန်းတွင်ကျဆုံး

ခမ်းသားငေါဝ်း ဧပြီ ၆၊ ၂၀၂၄ နမ်းဗွဉ်(နမ်းပွန်) ရွာသားတစ်ဦး PNO ပြည်သူ့စစ် ကောက်ခံသည့် ငွေငါးသိန်းရှစ်သောင်းမထည့်နိုင်၍ စစ်မှုထမ်းရပြီး ရှေ့တန်းတွင် ကျဆုံးသွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နမ်းဗွဉ်(နမ့်ပွန်) ရွာနေ ခွန်တီးပေသည် PNO ပြည်သူ့စစ် ကောက်ခံသည့်ငွေ ၅ သိန်းရှစ်သောင်းကို မထည့်နိုင်သောကြောင့် စစ်မှုထမ်းရပြီး ဧပြီ ၃ ရက်နေ့…

ဆောင်းပြောင်းကျေးရွာအုပ်စုတွင် PNO ပြည်သူ့စစ်ကငွေကောက်ခြင်း စစ်သင်တန်းများပြန်တက်ခိုင်းခြင်းပြုလုပ်နေ

ခမ်းသားငေါဝ်း ဧပြီ ၆၊ ၂၀၂၄ ဆောင်းပြောင်းကျေးရွာအုပ်စု တွင် PNO ​ပြည်သူ့စစ်ကရွာသားကိုအစည်း အဝေးခေါ်ပြီး ငွေကြေးတောင်းခံခြင်း စစ်သင်တန်းများ တက်ခိုင်းခြင်းပြုလုပ်နေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ တောင်ဘက်ဆောင်းပြောင်းကျေးရွာအုပ်စုရှိ ထီဗိ၊ လိန်းညာ၊ ကောင်ဗာ ၊ တခါးယဥ်ရွာသားများအား ဧပြီ ၄ ရက်နေ့တွင် တစ်အိမ်တစ်ယောက် အစည်းအဝေးခေါ်ပြီး တစ်အိမ်ကို ခြောက်သောင်းကျပ်တောင်းခံကာ စစ်သင်တန်းများလည်း…

RCSS/SSAကမူးယစ်ဆေးဝါးဖြတ်ပေးမည်ဟုဆိုပြီး ရပ်စောက်မြို့နယ်ရှိလူငယ်ရာချီဖမ်းဆီးနေ

ခမ်သားငေါဝ်း ဧပြီ ၅၊ ၂၀၂၄ ရပ်စောက်မြို့နယ်ရှိ ကျေးရွာများတွင် RCSS/SSA က မူးယစ်ဆေး​ဖြတ်ပေးမည်ဟုအကြောင်းပြပြီး လူငယ်များရာချီဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ ပင်ဖစ်၊ လွယ်တင်း၊ ဒုံတသာ၊ ကောင်တန်၊ (ထီတဖြေ) ရေတပြေ ၊ (ချို့ထီ)ဆတ်သေ၊ (ဟမ်းဖြေင်း)မြေမဲ၊ စသည့်ကျေးရွာများရှိလူငယ်များအား RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီက ညအပြင်ထွက်သည့်အခါ ဖမ်းဆီးခြင်းများရှိသလို မူးယစ်ဆေးဝါးအကြောင်းပြပြီး…

ဝါးပြုံးရွာရောက် စစ်ရှောင်များ ရေရှားပါးမှုနှင့်ကြုံနေရ

ခမ်းသားငေါဝ်း မတ် ၅ ၊ ၂၀၂၄ ပင်လောင်းမြို့နယ် ဝါးပြုံး ရွာရောက် စစ်ဘေးရှောင်များ ရေရှားပါးမှု အခက်အခဲများ ကြုံနေရကြောင်း စစ်ဘေးရှောင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊ ဝါးပြုံးရွာရောက် စစ်ရှောင်များသည် ယခုမတ်လအတွင်း ရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရ သည်။ “ရေက ၁၁ လပိုင်းကတည်းက ရှားတာ။ မိုးကုန်လို့ ဆောင်းဝင်တာနဲ့…

တောင်ကြီးမြို့တွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေကြေးများတောင်းခံနေ

ခမ်းသားငေါဝ်း ဧပြီ ၅ ၊ ၂၀၂၄ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်က ငွေကြေးများတောင်းခံနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက် နယ်မြေ(၂) တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အုပ်ချုပ်ရေးမူးအဖွဲ့က မဲမနိုက်ချင်သူများ၊ လူစားထိုးရန်အတွက် ငွေကြေးများတောင်းခံ နေသည်။ ” သူတို့က စစ်မှုထမ်းဖို့အတွက် မဲမနှိုက်ချင်ရင် တစ်အိမ်ကို ငါးသောင်း၊ တစ်ချို့အိမ်တွေဆို တစ်သိန်း…

ပင်လောင်းတွင် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီက ဒေသခံများ၏ကားကိုချောဆွဲပြီး တိုက်ပွဲ ဖြစ်ပွားရာအထိ ခေါ်သွား

ခမ်းသားငေါဝ်း ဧပြီ ၅၊ ၂၀၂၄ ပင်လောင်းတွင် PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီမတို့သည် ဒေသခံများ၏ ကားကို ချောဆွဲပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအထိ ခေါ်သွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတို့က မတ်လအတွင်း ဒေသခံများ၏ ကားကို ချောဆွဲပြီး လိုရာခရီးကို ပို့ဆောင်းခိုင်းရာ တိုက်ပွဲဖြစ်ပွါးနေရာထိသွားခဲ့ရသည်။ “သူတို့က တိုက်ပွဲဖြစ်ပွားတဲ့ နေရာ…