Author: khamsarngor

လွယ်ယင်း၊ ပီကင်းရွာ စစ်ကောင်စီလေယာဥ်နှင့်ဗုံးလာကြဲသဖြင့် သုံးဦးသေဆုံး ၅ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၁၂၊ ၂၀၂၄ လွယ်ယင်း၊ ပီကင်းရွာအား စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးလာကြဲခြင်းကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ယင်းနှင့် ပီကင်းရွာတွင် ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၁၈ မီနစ်တွင် စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးလာကြဲခဲ့ခြင်းကြောင့် ကလေးငယ်နှစ်ဦးအပါဝင် ၃ ဦးသေဆုံးပြီး…

မြဝတီ အမှတ် (၂) တံတားတွင် စစ်ကောင်စီတပ်သားများရမ်းသမ်းပတ်ခတ်နိုင်သဖြင့် ထိုနေရာတစ်ဝိုက်မသွားရန် KNU ဗဟို သတိပေး

ခမ်းသားငေါဝ်း ဧပြီ ၁၂၊ ၂၀၂၄ စစ်ကောင်စီတပ် ခလရ- ၂၇၅ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများက မြဝတီ အမှတ်(၂) တံတားတွင် သွားရောက်ခိုလှုံနေပြီး ရမ်းသမ်းပစ်ခတ်နိုင်သဖြင့် ထိုနေရာတဝိုက်မသွားရန် KNU ဗဟိုကသတိပေးထားသည်။ ကရင်ပြည်နယ် မြဝတီမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီတပ်များအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံရန် စီစဥ်လျက်ရှိသော်လည်း ယခုထိသွားရောက်နိုင်ခြင်းမရှိဘဲ ပိတ်မိနေပြီး ပြည်သူလူထုများအား ရမ်းသမ်းပစ်ခတ်မှုများ…

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် ပင်စုံရွာ နေအိမ် ၁ လုံးမီးလောင်ပြာကျ

ခမ်းသားငေါဝ်း ဧပြီ ၁၂၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက် ကြီးပစ်ခတ်လာခြင်းကြောင့် ပင်စုံရွာ နေအိမ်တစ်လုံးမီးလောင်ပြာကျသွားခဲ့ရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ နန်းတုတ်ကျေးရွာအုပ်စု၊ပင်စုံရွာတွင် မတ်လ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် နေအိမ်ပျက်စီးခြင်း၊ နေအိမ်မီးလောင်ခြင်းများ ဖြစ်ပွားခဲ့ရသည်၊၊ “ဧပြီ ၁၀ ရက်က ရွာအရှေ့ဘက်ကို တစ်ရက်တည်း ၁၁ လုံးကျတယ်။ မနေ့ကလည်းတစ်နေကုန် ပစ်တယ်။ အိမ်တစ်ချို့လည်း…

ပင်လောင်းမြို့ပင်စုံရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်စုံရွာထဲသို့ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊နန်တုတ်ကျေးရွာအုပ်စု ပင်စုံရွာတွင်ဧပြီလ ၁၀ ရက်နေ့ကစစ်ကောင်စီလက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်လာခြင်းကြောင့် ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့ရသည်။ “အပြစ်မရှိတဲ့ငါတို့ရွာလေးပျက်တော့မှာလား ။ကလေးတစ်ယောက်လည်း သေရတယ်။ဘာမှမသိတဲ့အရွယ်လေးကိုကွာ စိတ်နာတယ်ကွာ လက်နက် ကြီးထိလို့ဆုံးရှာပြီ။”ဟု ရွာခံတစ်ဦးကပြောသည်။ ထိခိုက်သေဆုံးရသည့် ကလေးသည်…

ပစ္စည်းပြန်ယူသည့် စစ်ရှောင်လင်မယား PNO ပြည်သူ့ စစ် စစ်ကြောင်းနှင့်တိုး၍ မယားဖြစ်သူပစ်သတ်ခံရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊၂၀၂၄ နောင်သိမ်ရွာမှ စစ်ဘေးရှောင် လင်မယားနှစ်ဦး ရွာတွင်းပစ္စည်းပြန်ယူစဥ် စစ်ကောင်စီလက်အောက်ခံ PNO စစ်ကြောင်းနှင့်တိုး၍ မယားဖြစ်သူ ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နမ်းတဘက်ချောင်းအုပ်စု နောင်သိမ်ရွာတွင် ဧပြီလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်က စစ်ရှောင်လင်မယားက ပစ္စည်းပြန်ယူစဥ် PNO စစ်ကြောင်းနှင့်တိုး၍ မယားဖြစ်သူ အသက် ၃၇…

ပင်ခွန်ကျေးရွာတွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပြီး တစ်ဦးက ဦးခေါင်းပိုင်းဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပင်ခွန်ကျေးရွာအတွင်း ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး တစ်ဦးသည် ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ဖြစ်စဥ်မှာ ဆိုင်ကယ်နှစ်စီးရှေ့ဆင့်နောက်ဆင့်တွဲမောင်းရာမှ ရှေ့ဆိုင်ကယ်က ကွေ့ရာတွင် မီးချက်မပြဘဲ ဘရိတ်အုပ်လိုက်သည့်အတွက် နောက်တစ်စီးက ဝင်တိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ဒဏ်ရာရတဲ့တစ်ဦးက ဆောင်းပြောင်းအနောက်ရွာကလူပေါ့ သူကအနောက်ကနေမောင်းလာတာ…

စစ်ကောင်စီ၏ ခလရ – ၂၇၅ တပ်စခန်းအား KNLA နှင့်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ စစ်ကောင်စီ၏နောက်ဆုံးကျန် ခလရ-၂၇၅တပ်စခန်းအား K.N.L.A နှင့်ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း ဧပြီလ(၁၁)ရက်နေ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ထုတ်ပြန်ချက်အရသိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီ၏ ခလရ-၂၇၅တပ်စခန်းအား ဧပြီလ(၁၁)ရက်နေ့ နံနက်(၄း၂၀)နာရီအချိန်တွင် K.N.L.Aနှင့် ပူးပေါင်းတပ်ဖွဲ့တို့ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)မှဦးဆောင်ကာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ၎င်းတပ်စခန်းအား ဧပြီလ(၈)…

အင်းလေးတွင် စစ်ကောင်စီဦးစီးပြီး ကျင်းပမည့် ရေပေါ် သင်္ကြန်ကို ဒေသခံအချို့မလိုလားကြ ဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ အင်းလေးဒေသတွင် စစ်ကောင်စီဦးစီးပြီး ကျင်းပမည့် ရေပေါ်သင်္ကြန်ပွဲကို ဒေသခံအချို့မလိုလားကြကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ ဒေသခံတချို့မလိုလားသည့် အင်းလေးရေပေါ်သင်္ကြန်ကို စစ်ကောင်စီကဦးစီးပြီး ကျင်းပသွားမည်ဖြစ်သည်၊၊ “စစ်မှုထမ်းဉပဒေကြောင့် ပြည်သူ၊ လူငယ်တွေနေ့နေ့ညည ပူဆွေးသောကရောက်နေတဲ့အချိန်မှာ အဲဒီအပူတွေကို မငဲ့ညာ၊…

လွိုင်ကော်တွင် အစဥ်အလာမပျက် သင်္ကြန်ကျင်းပမည်ဆိုခြင်းသည် သက်သက်မဲ့ဝါဒဖြန့်ခြင်းသာဖြစ်ဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၁၁၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အတွင်း စစ်ကောင်စီက အစဥ်အလာမပျက် မဟာသင်္ကြန်ပွဲကျင်းပနိုင်ရန် လုပ်ဆောင်ခြင်းသည် သက်သက်မဲ့ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း KNDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ လွိုင်ကော်မြို့တွင်သုံးပုံ နှစ်ပုံကျော်သည် စစ်သလင်းစစ်မြေပြင်ဖြစ်နေသော်လည်း ယခုနှစ် သင်္ကြန်ကျင်းပရန် စစ်ကောင်စီက ရာထူးကြီးဝန်ထမ်းများကိုခေါ်ယူနေခြင်းသည် ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း ၄င်းကဆိုသည်။ “လွိုင်ကော်က ၉၀ ရာခိုင်နှုန်းလောက်က စစ်မြေပြင်ဖြစ်နေတာ ကျန် ၁၀ ရာခိုင်နှုန်းလောက်မှာက မြို့အစွန်တွေမှာပြည်သူအချို့တော့ရှိတယ်…

မိုင်းနင်းမိသည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ မိုင်းနင်းမိခဲ့သည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ရွာတွင် မတ်လ၂၉ ရက်နေ့က အမျိုးသမီးတစ်ဦး ခြံသွားစဉ်မိုင်းနင်းမိပြီးလျက်ရှိ စဝ်းစံထွန်းဆေးရုံသို့ ဆေးကုသနေလျှက်ရှိကြောင်း သိရသည်။ “သူတို့က အခက်ခဲရှိတော့ အလှူရှင်ကိုဘဲ မှီခိုပြီး ဆေးကုသနေရတယ်။ ခြံသွားလမ်းမှာ နင်းမိတာပါ “ဟု ရွာခံတစ်ဦးကပြောသည်။…