Author: khamsarngor

ခိုလှိုင်ကျေးရွာရှိလူငယ်၂၂ ဦးအား စစ်မှုထမ်းရန် စစ်ကောင်စီက ဆင့်ခေါ်စာပေးပို့

ခမ်းသားငေါဝ်း မေ ၈၏ ၂၀၂၄ ခိုလှိုင်ကျေးရွာတွင် အသက်ပြည့်ပြီး လူငယ် ၂၂ ဦးအား စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက ဆင့်ခေါ်စာ ပေးပို့ကြောင်း မေလ ၈ ရက်နေ့တွင် ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု ခိုလှိုင်ကျေးရွာရှိ လူငယ်၂၂ ဦးအား စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက နာမည်စာရင်းဖြင့် ပေးပို့လာပြီး မေလ ၇ ရက်နေ့တွင်…

စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်၊မူကြိုကျောင်းပျက်စီးပြီး ပြည်သူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၈ ၊ ၂၀၂၄ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး၊မူကြိုကျောင်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက မေလ ၇ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ကော်သူလေးအုပ်ချုပ်နယ်မြေ၊ ခလယ်ထွီခရိုင်၊လယ်ဒို မြို့နယ်အတွင်း မေလ ၅…

ကရင်နီပြည်တွင် တိုက်ပွဲ​ဖြစ်ပွားသည့်တစ်လ​အတွင်း အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် ၁၅ ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၈၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ဧပြီလတစ်လအတွင်း အမျိုးသမီးနှင့်ကလေးင၊ယ်အပါ အဝင် ၁၅ ဦးသေဆုံးခဲ့ရကြောင်း KNDF ဗဟို ၏ ထုတ်ပြန်ချက်အရသိသည်။ သေဆုံးရသည့် အရပ်သားပြည်သူတို့သည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်ကလေးငယ် ၅ ဦး ၊ လူကြီး ၅ ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ အမျိုးသား ၃ ဦး ၊ အမျိုးသမီး…

ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းဆီးထားဟုဆို

ခမ်းသားငေါဝ်း မေ ၇၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီကဖမ်းဆီးထားကြောင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ထီဗွာရွာတွင်မေလ ၆ ရက်နေ့ကဒေသခံ ၉ ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းသွားခဲ့ကြောင်း PNLA ကထုတ်ပြန်ထား သည်။ “သူတို့က…

ရှမ်းတောင်တိုက်ပွဲ ၃ လ‌ ကျော် အတွင်း အဆောက် အဦး ခြောက်ရာကျော်ပျက်စီး

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲသုံးလကျော်အတွင်းတွင် အဆောက်အအုံ ထိခိုက်ပျက်စီးမှုခြောက်ရာကျော်အထိရှိလာသည်ဟုပအိုဝ်းလူငယ်အစည်း အရုံး(PYO)က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်၊ ညောင်ရွှေ ၊ဟိုပုံး၊ ပင်လောင်းရှိတိုက်ပွဲရက်ပေါင်း(၁၀၅)ရက်တာ ကာလအတွင်း အဆောက်အအုံ ၆၁၇ ခုပျက်စီးခဲ့သည်၊၊ “အိမ်ပျက်စီးသွားတဲ့သူတွေက…

ကရင်နီပြည်တွင် တစ်လအတွင်း စစ်ကောင်စီမှ တပ်ရင်းမှူးအပါဝင် ၅၆ ဦးလက်နက်ချအညံ့ခံ၊တပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး

ခမ်းသားငေါဝ်း မေ ၇၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ်တွင် ဧပြီလ ၁ လအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးတို့အပါဝင် လက်နက်ချအညံ့ခံသူ ၅၆ ဦးထိရှိပြီး တိုက်ပွဲတွင်သေဆုံးရသူတပ်ဖွဲ့ ၅၀ ဦး ကျော်အထိရှိကြောင်း KNDF ဗဟိုထံကသိရသည်။ စစ်ကောင်စီ ခမရ ၅၁၅ ၊ခမရ ၅၁၆ နှင့် ခလရ ၁၊ ခလရ၁၃၅ တပ်ရင်းတပ်ဖွဲ့အင်အားတစ်ရာကျော်တို့သည် ဘောလခဲမှ…

စစ်ကောင်စီနှင့် SSPP/SSA တိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် စစ်ကောင်စီကဒေသခံအား သတိပေး

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ ဖာလဲ(ဖာလုဲင်)ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် SSPP/SSAတပ်တို့ကြား တိုက်ပွဲဖြစ်နိုင်သော ကြောင့် စစ်ကောင်စီတပ်က ဒေသခံများအား စစ်ဘေးရှောင်ရန် သတိပေးထားကြောင်း ဒေသခံတစ်ဦးထံက ယနေ့တွင်သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းတိုက်နယ်ရှိ ဖာလဲ(ဖာလုဲင်)ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသည့်အတွက်ကြောင့် ဒေသခံများစစ်ဘေးရှောင်ရန် စစ်ကောင်စီကကြိုတင်ပြင်ဆင်ထားခိုင်းသည်။ “သူတို့သတိလာပေးတာက‌တော့ ဒီရက်ပိုင်းအတွင်းပဲ၊ တစ်ချို့ဆိုအထုပ်ပြင်ပြီး ဆွေမျိုးတွေရှိတဲ့…

စစ်ကောင်စီလေယာဥ်နှင့် ဗုံးကြဲသဖြင့် လူနေအိမ်နှင့်ဘုန်းကြီးကျောင်းပျက်စီးပြီး ဘုန်းကြီ ၁ ပါးထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ စစ်ကောင်စီက လေယာဥ်နှင့်ဗုံးကြဲသောကြောင့် လူနေအိမ် ၁၅ လုံးနှင့် ဘုန်းကြီးကျောင်း ၁ လုံးပျက်စီးသွားပြီး ဘုန်းကြီး ၁ ပါးထိခိုက်ဒါဏ်ရာရရှိသွားကြောင်း ကေအဲန်ယူ ဗဟိုက မေလ ၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်ထွီခရိုင်( ညောင်လေးပင်ခရိုင်)၊ မူး(မုန်း) မြို့နယ် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို…

အောင်ပန်းမြို့တွင် အမျိုးသားတစ်ဦးကျောက်တောင်ပေါ်မှ မတော်တဆပြုတ်ကျ သေဆုံး

ခမ်းသားငေါဝ်း မေ ၇၊ ၂၀၂၄ အောင်ပန်းမြို့အနီး၊ ကျောက်ဆင့်ကျေးရွာ၌ အသက် ၇၆ နှစ်အရွယ်အမျိုးသားတစ်ဦး နွားစာရှာရာမှ ကျောက်တောင်ပေါ်က မတော်တဆ ပြုတ်ကျပြီးသေဆုံးသွားကြောင်းအောင်ပန်းနာရေးကူညီမှုအသင်းထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်မှီကျေးရွာအုပ်စု ကျောက်ဆင့်ရွာနေအသက် ၇၆ နှစ်အရွယ် ဦးသန်းသည် မေလ ၅ ရက်ကရွာမြောက်ဖက်အနီး ၁၈ ပေခန့်အမြင့်ရှိသော ကျောက်တောင်ပေါ် သို့တက်၍ နွားစားရှာရင်း ဒန့်တကူး ပန်းခူးခဲ့ရာ သစ်ကိုင်းကြိုးကျသွားပြီး…

ဇလဲ ကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်အမိန့်ဖြင့် စစ်ကောင်စီထဲ စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူမှုပြုလုပ်နေ

ခမ်းသားငေါဝ်း မေလ ၇၊ ၂၀၂၄ PNO ပြည်သူ့စစ် (ခမ်းဗွေ) ဖြားဆရာခေါင် အမိန့်ဖြင့် စစ်ကောင်စီခေါ်သည့် စစ်မှုထမ်းရန် တောင်ကြီးမြောက်ဘက် ဇလဲကျေးရွာအုပ်စုအတွင်း တစ်ရွာ သုံးဦးအတင်းခေါ်ယူနေကြောင်း ဒေသခံများထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဇလဲကျေးရွာအုပ်စုအတွင်း မေလ ၆ ရက်နေ့က အစည်းဝေး ခေါ်ယူ ကာ စစ်မှုထမ်းရန် တစ်ရွာလျှင် ၃ ဦး…