Author: khamsarngor

ယမ်းထောင်းရင်းမတော်တဆပေါက်ကွဲမှုတွင် ဒဏ်ရာခဲ့သူ ၃ ဦးထဲမှ ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း မေလ ၁၇၊ ၂၀၂၄ အောင်ပန်းတွင် ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှမတော်တဆပေါက်ကွဲ၍ ဒဏ်ရာရခဲ့သောအမျိုးသား ၃ ဦးအနက် ၁ ဦးသေဆုံးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးလုံးပြုလုပ်ရာမှ ယမ်းပေါက်ကွဲမှုဖြစ်စဥ်တွင် ဒဏ်ရာရခဲ့သူ ၃ ဦးအနက် ၁ ဦးမှာ ယနေ့မနက် ၂ နာရီဝန်းကျင်ခန့် တွင်သေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။…

စတားလင့်အင်တာနက် စျေးနှုန်းကောက်ခံမှု စျေးကြီးခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူအချို့ အခက်တွေ့

ခမ်းသားငေါဝ်း မေလ ၁၇၊ ၂၀၂၄ စတားလင့်အင်တာနက် စျေးနှုန်းကောက်ခံမှု စျေးကြီးခြင်းကြောင့် စစ်ရှောင်ပြည်သူအချို့ အင်တာနက်အသုံးပြုရန် အခက်အခဲ ဖြစ်နေကြောင်းသိရသည်။ အင်တာနက်ဖြတ်တောက်ထားခံရသည့် ကရင်နီပြည်နယ်နှင့် ဖယ်ခုံအနောက်ဖက်ခြမ်း နေရာများတွင် စတားလင့်အင်တာနက်ဖြင့်အသုံးပြုရပြီး စျေးနှုန်းကောက်ခံမှုကြီးမြင့်ခြင်းကြောင့် စစ်ရှောင်ပြည်သူအချို့ မိသားစုနှင့်ဆက်သွယ်ပြုလုပ်ရာ အခက်အခဲဖြစ်သည်။ “အဒေါ်တို့က စစ်ဘေးရှောင်တွေဆိုတော့ အလုပ်လည်းမရှိ၊ ဝင်ငွေလည်းမရှိဘူးလေ၊ အင်တာနက်လည်းအမြဲမသုံးနိုင်တော့ အဝေးရောက်နေတဲ့သားသမီးတွေနဲ့ ဆက်သွယ်ဖို့ခက်တယ်၊တစ်ပါတ်မှ တစ်ခါလောက်ပဲ စကားပြောရတယ်” ဟုစစ်ဘေးရှောင်ပြည်သူတစ်ဦးက…

မပေါက်ကွဲသေးသည့် ဗုံးကိုင်မိရာမှပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေလ ၁၇၊ ၂၀၂၄ ဆီဆိုင်မြို့တွင် မပေါက်ကွဲသေးသည့် ဗုံးကို ကိုင်မိရာမှပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊သိရိရပ်ကွက် ၊နယ်မြေ ၆ တွင် မေလ ၁၆ ရက်နေ့က မပေါက်ကွဲသေးသည့် ဗုံး ကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးထိခိုက်ဒဏ်ရာရကြသည်။ “ကလေးက ဒဏ်ရာပြင်းထန်တယ်။နောက်နှစ်ဦးတော့ ဒဏ်ရာမပြင်းဘူး။ခုက တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေတယ်”ဟု မြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ မှတ်တမ်းစာအုပ်ပြုလုပ်ရာတွင် ပအိုဝ်းတိုင်းရင်း သား၏ ဂီတအနုပညာလက္ခဏာများပါဝင်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်

ခမ်းသားငေါဝ်း မေ ၁၆ ၊ ၂၀၂၄ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ တိုင်းရင်းသားများ၏ဂီတအနုပညာလက္ခဏာများ မှတ်တမ်းစာအုပ်ပြုလုပ်ရာတွင် ပအိုဝ်းတိုင်းရင်း သား၏ ဂီတအနုပညာလက္ခဏာများပါဝင်နိုင်ရန် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှု(ဗဟို)အဖွဲ့ကမေလ(၁၅) ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ တိုင်းရင်းသားများ၏ ခေတ်ဟောင်းတေးသီချင်း၊ ဂီတသံစဥ်၊ ရိုးရာအကနှင့် ရိုးရာတူရိယာပစ္စည်းများနှင့် စပ်လျဥ်း၍ ကဏ္ဍအလိုက်မှတ်တမ်းစာအုပ်များ ထုတ်ဝေနိုင်ရေးအတွက် အထောက်အထားအပြည့်အစုံဖြင့် အချက်အလက်များပြုစုပေးပို့နိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ၂၀၂၄ခုနှစ် မေလ(၇)ရက်နေ့ ရက်စွဲဖြင့်အကြောင်းကြားစာ…

ပြည်တွင်းရွှေစျေးတကျပ်သား သိန်း ၅၀ နီးပါးအထိမြှင့်တက်လာ

ခမ်းသားငေါဝ်း မေ ၁၆၊ ၂၀၂၄ ယနေ့မနက်တွင် ပြည်တွင်းအခေါက်ရွှေ တကျပ်သားလျှင် ၄၉ သိန်း ၉ သောင်း ကျပ်အထိမြင့်တက်လာနေသည်ဟု ရွှေရောင်းဝယ်သူများထံမှသိရပါသည်။ မေလအစတွင်ရွှေစျေးတကျပ်သားလျှင် ၄၇သိန်းကျော်အထိရှိနေခဲ့ပြီး ယခုလက်ရှိတွင် သိန်း ၅၀ နီး ပါးအထိရှိလာနေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်လာသည့်အတွက်ကြောင့် ရွှေစျေးနှုန်းများ တဟုန်ထိုးမြင့်တက်လာရသည်ဟုလည်းသိရပါသည်။ “အာဏာစသိမ်းပြီးကတည်းက အကုန်လုံးစျေးတက်နေခဲ့တာ ရွှေစျေးဆိုလည်းအဲချိန်ကစပြီးမြင့်တက်နေတာကနေခုဆိုရင် သိန်း၅၀နီးပါးအထိတောင်ဖြစ်လာပြီပေါ့နော် အဓိကမြန်မာငွေကျပ်တန်ဖိုးကကျဆင်းနေတော့‌ပိုဆိုးတာပေါ့”ဟု…

ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲရာ လူ ၂၀ ဦးထက်မနည်းဒဏ်ရာရပြီး သေဆုံးမှုအချို့ရှိ

ခမ်းသားငေါဝ်း မေ ၁၆ ၊ ၂၀၂၄ ဝဲကြီးထောင့်ကျေး​ရွာရှိ တိုက်နယ်ဆေးရုံအား စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ဆေးရုံဝန်ထမ်း၊ လူနာနှင့် လူနာစောင့်အပါအဝင် ၂၀ ဦးထက်မနည်းဒဏ်ရာရရှိသွားပြီး သေဆုံးမှုအချို့ရှိနေကြောင်း ရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါသည်။ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဝဲကြီးထောင့်ကျေး ​ရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီက မေလ ၁၅ ရက်နေ့တွင် ဗုံးကြဲခဲ့ပြီး ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးသွားသည်၊၊ ရခိုင်ဒေသအတွင်း စစ်ရှုံးနေသည့်…

နောင်ဗိုကန်တော်လေးရွာသူကြီးကို PNOပြည်သူ့စစ်ဖမ်းဆီးသွားပြီး အဆက်သွယ်မရသဖြင့်မိသားစုများစိုးရိမ်

ခမ်းသားငေါဝ်း မေ ၁၆၊ ၂၀၂၄ နောင်ဗိုကန်တော်လေး ရွာသူကြီးကို PNO ပြည်သူ့ စစ်က ဖမ်းဆီးသွားပြီး ၁၀ ရက်ကျော်ကြာသည့်အထိ အဆက်သွယ်မရသေးသဖြင့် မိသားစုများ စိုးရိမ်နေကြကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA က ယနေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊နောင်ကျောကျေးရွာအုပ်စု နောင်ဗ်ိုကန်တော်လေးရွာ ရွာသူကြီးဖြားခွန်လျောကို မေလ၂ ရက်နေ့တွင် ကားတစ်စီးနှင့်လူပါ ဖမ်းသွားခဲ့ပြီး ယနေ့ထိ သတင်းအစအန မရဘဲ…

ဟိုပုံးမြို့နယ် ကုန်းညောင်ရွာတွင် မိုးကြီးလေပြင်းကြောင့် အိမ်နှစ်လုံးပြို၊လူတစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၁၅၊ ၂၀၂၄ ဟိုပုံးမြို့နယ် ကုန်းညောင်ရွာတွင် မိုးကြီး လေပြင်းတိုက်ခိုက်ခြင်းကြောင့် အိမ်နှစ်လုံး ပြိုကျပျက်စီးပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့နယ် ၊ လဲသက်ကျေးရွာအုပ်စု ကုန်းညောင်ရွာတွင် ယနေ့ည ၃ နာရီကျော်အချိန်တွင် မိုးကြီးလေပြင်းတိုက်ခိုင်ပြီး လူနေအိမ်ပျက်ဆီးခဲ့သည်။ “လူတစ်ဦးဒဏ်ရာရတယ်။အိမ်အပေါ်က သစ်သူ့ခေါင်းပေါ် ကျပြီး ဒဏ်ရာရသွားတယ်။ သွေးက များနေတော့ မိုင်းပျဥ်းဆေးရုံပြပြီး…

TNLA ထိန်းချုပ်နယ်မြေ အတွင်း Non-CDM ဝန်ထမ်းများ လုပ်ငန်းတာဝန်မှရပ်ဆိုင်း

ခမ်းသားငေါဝ်း မေလ ၁၅၊ ၂၀၂၄ တအာင်းတပ်မ‌တော်(PSLF/ TNLA )ထိန်းချုပ်နယ်မြေအတွင်း Non-CDM ဝန်ထမ်းများအား လုပ်ငန်းတာဝန်မှရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း PSLF/ TNLA မေလ(၁၅) ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်‌ ရေး”ကာလ၌ တအာင်းတပ်မတော်(PSLF/ TNLA)မှ သိမ်းပိုက်ရရှိထားသည့်နယ်မြေများအတွင်းတွင်ရှိသည့် Non-CDMဝန်ထမ်းများ လက်ရှိအချိန်ကာလတွင် ၎င်းတို့၏လုပ်ငန်းတာဝန်မှရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း PSLF/ TNLAက အသိပေးကြေညာထားသည်။ သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်သည်ဟု…

အကျဉ်းထောင်များတွင် မသန့်သည့် ရေများသုံးစွဲနေရသဖြင့် အကျဉ်းသားများ ရောဂါမျိုးစုံခံစားနေရ

ခမ်းသားငေါဝ်း မေ ၁၅၊ ၂၀၂၄ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် မသန့်သည့်ရေ သောက်သုံး၊သုံးစွဲ နေရသဖြင့် အကျဉ်းသားများ ရောဂါမျိုးစုံခံစားနေရကြောင်း မြန်မာနိုင်ငံအကျဉ်း သားများကွန်ရက် PPNM မှ မေလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ အကျဥ်းထောင်များတွင် ထုံးဓာတ်ပါသည့် ရေများကို သောက်ရခြင်း၊ ရေဝဝလင်လင် မသောက်ရခြင်းတို့ကြောင့် ဗီတာမင်ဓာတ်ချို့တဲ့ပြီး၊ အောက်ပိုင်းချည့်နဲ့ လေဖြန်းရောဂါများသာမက အရေပြား…