Author: khamsarngor

ပင်လောင်းတောင်ဖက် စစ်သင်တန်းပေးရာတွင်ကျောင်းသားများလည်းပါဝင်နေရ

ခမ်းသားငေါဝ်း မေ ၂၆၊ ၂၀၂၄ ပင်လောင်းတောင်ဖက်တွင် ကျောင်းသားများကိုလည်း စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊လိန်းညာကျေးအုပ်စုတွင် ဟိုပုံးကိုရင်လေးစစ်သားနှင့်PNO ပြည်သူ့စစ်တို့က ပူးပေါင်းပြီး စစ်သင်တန်းပေးရာတွင် ကျောင်းသားများကိုလည်း အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းနေသည်။ “အသက် ၁၈ နှစ်နဲ့ ၄၀ ကြားအမျိုးသားအကုန် သွားတက်ရတယ်။ နောက်ပြီးဆယ်တန်းနဲ့ Grade11,12 ကျောင်း သားလည်း အများကြီးပါဝင်တယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်တို့က ဖမ်းဆီး

ခမ်းသားငေါဝ်း မေလ ၂၅ ၊ ၂၀၂၄ နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်တို့ကပြန်ပေးဆွဲဖမ်းဆီးပြီး ယခုထိပြန်မလွတ်သေးကြောင်း PNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ်က မေလ၂၂ ရက်နေ့က ကျေးရွာ၏ သင်္ချိုင်းကုန်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွား သည်။ “ဦးထက်နိုင်က ရပ်မိရပ်ဖ တဦးဖြစ်ပါတယ်။…

နောင်ကျောရွာသားတစ်ဦး ဝယ်ယူစုထားသည့် အိမ်သုံးလုံးစာ အိမ်ဆောက်ပစ္စည်း စစ်ကောင်စီတပ်သားသိမ်းယူ

ခမ်းသားငေါဝ်း မေလ ၂၄ ၊ ၂၀၂၄ နောင်ကျောရွာသားတစ်ဦး အနှစ်နှစ်အလလကြာ ဝယ်ယူစုထားသည့် အိမ်ဆောက်ပစ္စည်းအိမ်သုံးလုံးစာကို မေလ ၂၂ ရက်နေ့က စစ်ကောင်စီတပ် သိမ်းယူသယ်ဆောင်သွားလိုက်ကြောင်း ကာယံကံရှင်ထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နောင်ကျောကျေးရွာအုပ်စု နောင်ကျောရွာထဲတွင် သမီးနှစ်ယောက်အတွက် နေအိမ်းဆောက်လုပ်နိုင်ရန်နှင့် မိမိနေအိမ်ဆောက် လုပ်ရန်အတွက် အိမ်အောက်တွင်ရှိသည့် အိမ်ဆောက်ပစ္စည်းကိုလည်းစစ်ကောင်စီတပ် သယ်ထုတ်သွားသည်ကိုဒေသခံက တွေ့ခဲ့ရသည်ဟု ပြောဆိုသည်။ “ဆောက်လုပ်ဖို့ပဲ ကျန်တယ် အားလုံးပြည့်စုံပြီပေါ့၊…

ဆိုင်ကယ်မောင်းနေစဥ် သွေးတိုးတက် မှောက်လဲမှုအောင်ပန်းတွင်ဖြစ်ပွား

ခမ်းသားငေါဝ်း မေလ၂၄၊ ၂၀၂၄ ဆိုင်ကယ်မောင်းနေစဥ် သွေးတိုးတက် ပြီးဆိုင်ကယ်မှောက်လဲမှု အောင်ပန်းမြို့တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ မေလ ၂၃ ရက်နေ့ ညနေ ၂ နာရီခွဲ အချိန်က အောင်ပန်းမြို့ လက်မပင်ရပ်ကွက်နေ ကိုမင်းဆိုသူသည် ဆိုင်ကယ်မောင်းရင်း သွေးတိုးတက်ကာ ဆိုင်ကယ်မှောက်ဖြစ်ပွားခဲ့ သည်။ “သူကဆိုင်ကယ်မောင်းရင်းသွေးတိုးတက်တော့ ဆိုင်ကယ်မှောက်သွားတယ် ခေါင်းနဲ့ ရိုက်မိပြီး ဦးခေါင်းဒဏ်ရာရရှိသွားတယ်” ဟု နာရေးကူညီမှုအသင်းအောင်ပန်း…

ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်၊ အရာရှိလေ့ကျင့်ရေးသင်တန်းဆင်းပွဲပြုလုပ်

ခမ်းသားငေါဝ်း မေလ၂၄၊ ၂၀၂၄ ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် AA က အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဥ် ၃ သင်တန်း ဆင်းပွဲကို မေလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ရေး၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်၊ အာရက္ခတပ်တော် AA၊ စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဥ် ၃ သင်တန်းဆင်းပွဲ…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ကုန်းဆွတ်ရွာ ကလေးငယ်တစ်ဦးသေဆုံးပြီး နေအိမ်မီးလောင်မှု ဖြစ်ပွား

ခမ်းသားငေါဝ်း မေလ ၂၄၊ ၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကုန်းဆွတ်ရွာနေ အသက် ၅ နှစ်ဝန်းကျင် ကလေးငယ်တစ်ဦးထိ ခိုက်သေဆုံးသွားကြောင့် ဒေသခံထံမှသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာ အုပ်စု ကုန်းဆွတ်ရွာတွင် မေလ ၂၂ ရက်နေ့က စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် ကလေးတစ်ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူလည်းရှိပြီး နေအိမ်မီးလောင်မှုလည်း ဖြစ်ပွားခဲ့သည်။ ‘’အိမ်တွေလည်း မီးလောင်တာတွေတွေ့ရတယ်၊…

စေ့စပ်ကြောင်းလမ်းရန်သွားသည့် ကား မတော်တဆတိမ်းမှောက်မှုဖြစ်ပြီး ၄ ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၂၃၊ ၂၀၂၄ ပင်လောင်းမှ ဟိုးပုံးမြို့နယ် ကျောက်တန်းရွာသို့ စေ့စပ်ကြောင်းလမ်းရန် သွားသည့်ကားတစ်စီးမတော်တဆ တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်ပါ လူ ၄ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်တဖြေရွာ နေသူများသည် မေလ၂၁ ရက်နေ့က ဟိုပုံးမြို့နယ်၊ ကျောက်တန်းရွာသို့ ဇနီး စေ့စပ်ကြောင်း လမ်းရန်သွားစဥ် မဲနယ်တောင်ရွာသစ်လမ်းခွဲထိပ်အရောက်တွင် ကားချော်ပြီး…

ဘုရားဖြူနယ်မြေ(၂)တွင် ပြည်သူ့စစ်အတွက် ဒေသခံများ ထမင်းဟင်းပို့ပေးနေရဟုဆို

ခမ်းသားငေါဝ်း မေ ၂၃၊ ၂၀၂၄ တောင်ကြီးမြို့ ဘုရားဖြူနယ်မြေ(၂)တွင် PNOပြည်သူ့စစ် အတွက်ဟုဆိုပြီး ထမင်းဟင်းများထုပ်ပို့ပေးနေရကြောင်း ဒေသခံထံကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဘုရားဖြူနယ်မြေ(၂) တွင် PNOပြည်သူ့စစ်များအတွက် တစ်အိမ်လျှင် ထမင်းဟင်း တစ်ထုပ်နှင့်အထက် အောင်ချမ်းသာဓမ္မရုံသို့ ပို့ပေးနေရသည်။ “ပို့ပေးရတာ ဒီနေ့နဲ့ဆို ၄ ရက် ၅ ရက်လောက်ရှိပြီ အစစအရာအရာစျေးကြီးနေပါတယ်ဆို သူတို့ကတစ်မျိုး တစ်ရက်တစ်ထုပ်နှစ်ထုပ်ဆိုတော့ ဘာဟင်းချက်ရမယ်မှန်းတောင်မသိတော့ဘူး…

သုံးရက်အတွင်းမိုးဆက်တိုက်ရွာသွန်းနိုင်ပြီး ရေဘေး၊ မြေပြိုဘေးသတိပြုရန် NUG ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေး

ခမ်းသားငေါဝ်း မေ ၂၃၊ ၂၀၂၃ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် သုံးရက်အတွင်းမိုးဆက်တိုက်သွန်းနိုင်ပြီး ရေဘေး၊ မြေပြိုဘေးသတိပြုရန် (NUG)က မေလ(၂၂)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသတို့တွင် မေလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးကြီးနိုင်ပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေဘေး၊ မြေပြိုဘေးများအား သတိထားသင့်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ လူချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုထားသည်။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တမီးလ်နာဒူးကမ်းခြေအနီးတွင်…

ဖမ်းဆီးခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင်ထီဗွာ ရွာသား ၉ ဦး ပြန်လွှတ်ပေး

ခမ်းသားငေါဝ်း မေ ၂၃ ၊ ၂၀၂၄ ထီဗွာရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် တစ်ဦး ရွာသား ၉ ဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပြန်လည် လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ထီဗွာရွာ ဒေသခံ ၉ ဦးအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က မေလ ၇…