Author: khamsarngor

မိုင်းပွန်မြို့အနီးတွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဇွန် ၃ ၊ ၂၀၂၄ လွိုင်လင်မြို့နယ် မိုင်းပွန်မြို့အနီးတွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၆ သိန်းပြားကို ဖမ်းဆီးရမိ ခဲ့ကြောင်း CCDAC Myanmar (မြန်မာမူးယစ်ဆေးဝါးနိမ်နင်းရေးအဖွဲ့)ထုတ်ပြန်ချက် အရသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ပင်အုံကျေးရွာအနီးတွင် မေလ ၃၁ ရက်နေ့တွင် ငွေကျပ်…

လွယ်ဝိုးတုတ်ရွာတွင် နွားကျောင်းနေသူတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွား

ခမ်းသားငေါဝ်း ဇွန် ၂ ၊ ၂၀၂၄ လွယ်ဝိုးတုတ်ရွာတွင် နွားကျောင်းနေသူတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုး​တုတ် ရွာနေ အသက် ၄၉ အရွယ် ခွန်ငယ်သည် ယနေ့မနက်ပိုင်းတွင် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “တောင်ကြီးစဝ်းစံထွန်းဆေးရုံကနေ အောင်ပန်းမြို့ စစ်ဆေးရုံမှာ လွဲလိုက်ပြီ။ဒဏ်ရာက တော်တော်ပြင်းပြင်းရထားတယ်”ဟု ရွာခံတစ်က…

တိုက်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဒေသခံနေအိမ်များ ပြန်ဆောက်ရန်အခက်အခဲရှိဟုဆို

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဒေသခံနေအိမ်များသည် ပြန်ဆောက်နိုင်ရန်အခက်အခဲကြုံနေရသည်ဟု မေလ(၃၀)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်း ဒေသခံနေအိမ်များ လက်နက်ကြီး၊လေကြောင်း ဗုံးကြဲခံရမှုတို့ကြောင့် ပျက်စီးသွားခဲ့သည့် အိမ်များသည် ပြန်ဆောက်ရန်အခက်အခဲများ ကြုံနေရသည်။ “အခုတော်တော်များများတော့ မြို့ထဲပြန်နေကြပြီဆိုပေမယ့် မီးထဲနေအိမ်ပါသွားတဲ့လူတွေကျတော့ မပြန်နိုင်ကြသေးဘူး၊ နေအိမ်ပြန်ဆောက်ဖို့လိုတယ် အချို့ခါကျတော့ ဆောက်နေကြပါပြီ၊ အလုပ်မရှိအကိုင်မရှိတော့…

မိုးအဆက်မပြတ်ရွာသဖြင့် စစ်ဘေးရှောင်များ နေထိုင်ရေးခက်ခဲနေပြီး မိုးကာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၃၀ ၊ ၂၀၂၄ မိုးအဆက်မပြက် ရွာသဖြင့် ဆောင်လန်တောင်၊ဆောင်လန်မြှောက်ကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်ရေး ခက်ခဲနေပြီးမိုးကာအရေးပေါ်လိုအပ်နေကြကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ ပင်လောင်းနယ်စပ်ရှိ ဆောင်လန် စစ်ရှောင်စခန်းတွင် မေလ၂၅ ရက်နေ့ကစပြီး မိုးအဆက်မပြက်ရွာခြင်းကြောင်း မိုးကာများမလုံလောက်ခြင်း၊ ဆွေးမြေနေခြင်းကြောင့်မိုးယိုခြင်းရှိနေသည့်အတွက် စစ်ရှောင်များ နေထိုင်ရေးခက်ခဲနေသည်။ “မိုးကတောက်လျှောက်ရွာတယ်။ မတိတ်နိုင်ဘူး။အဲတာကြောင့် မိုးကာက တကယ်လိုအပ်နေတယ်။ တတ်နိုက်သလောက်ကူညီပေးဖို့လည်း…

စစ်ကောင်စီတပ်ထဲ မဝင်ချင်သည့်လူငယ်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွား

ခမ်းသားငေါဝ်း မေ ၃၀ ၊ ၂၀၂၄ ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီတပ်ထဲ မဝင်ချင်သည့်လူငယ်တစ်ဦး အဆိပ်သောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကောင်ငွုန်ရွာအသက်၂၄ နှစ်အရွယ်လူငယ်တစ်ဦးသည် မေလ၂၈ ရက်နေ့က စစ်ကောင်စီတပ်ထဲမဝင်ချင်သဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် အဆိပ်သောက်ခဲ့ရာ ရွာသားများဆေးရုံသို့ပို့ပေးခဲ့ခြင်းကြောင့် အသက်မဆုံးရှုံးခဲ့ရကြောင်း သိရသည်၊၊ “စောင့်ပေးတဲ့သူလည်းမရှိဘူး၊ သူကဆေးရုံအတင်းတောင်းဆင်းလို့ ခုဆေးရုံးကနေဆင်းသွားပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။…

ပင်လောင်းဒေသတွင် စက်သုံးဆီအကန့်အသတ်ဖြင့်သာရောင်းချပေးနေဟုဆို

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ပင်‌လောင်းမြို့တွင် စက်သုံးဆီအရောင်းဆိုင်များကဆီကိုအကန့်အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည်ဟု ဒေသခံတစ်ဦးကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ စက်သုံးဆီအ‌ရောင်းဆိုင်ကြီးများတွင် ဆိုင်ကယ်တစ်စီးလျှင် ၅ ထောင်ကျပ်အထက်ပိုမရောင်းပေးဘဲ ကားတစ်စီးလျှင်သုံးသောင်းကျပ်အထိသာ အကန့်အသတ်ဖြင့်ရောင်းချပေးနေသည်။ “ပိုက်ဆံရှိလည်းဝယ်ထားလို့မရဘူး ကိုယ်လိုရင်လိုသလောက်မရဘူး သိုလှောင်ထားတဲ့ဆီတွေတော့ရှိတယ်ထင်တယ် ဒေါ်လာစျေးတက်တော့ဆီစျေးတွေလည်းတက်လာမှာရော အဲအချိန်ကျဆိုင်တွေကသူတို့ပြန်ယူရင် စျေးအရမ်းကြီးမှာကြောက်လို့ ဆီကို အကန့်အသတ်နဲ့ပဲရောင်းပေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပင်လောင်းမြို့တွင် စက်သုံးဆီပြတ်လပ်နေသည့်အချိန်လည်းရှိနေပြီး မိမိလိုသလောက်ထည့်မရသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေကြောင်း သိရသည်။…

အောင်ပန်းတွင် တစ်ရက်တည်းယာဥ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွား

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ အောင်ပန်းတွင် မေလ ၂၉ တစ်ရက်တည်းယာဥ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊သာမိုင်းခမ်းတံတားအနီး ၌ မေလ ၂၉ ရက် မနက် ၉ နာရီခွဲအချိန်ခန့်တွင် တွဲကား နှင့် တီကျစ်၊ပင်ခင်ကျေးရွာနေ ကိုညွန့်မောင်းလာသောဆိုင်ကယ်တို့တိုက်မှုဖြစ်ပွားခဲ့သည်။ ” ရောက်တဲ့အချိန်မှာ ဆိုင်ကယ်ကကားအောက်ရောက်နေတယ်၊ ဆိုင်ကယ်မောင်းလာတဲ့ သူကတော့ခြေထောက်ကျိုးသွား တယ်၊ ပွန်းပဲ့ဒဏ်ရာတွေလည်းရထားတယ်” ဟု နာရေးကူညီမှုအသင်းအောင်ပန်း…

ခရမ်းချဥ်သီးစျေးပြန်တက်သော်လည်း ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် တွက်ခြေမကိုက်

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ခရမ်းချဥ်သီးစျေးပြန်တက်သော်လည်း အခြေခံကုန်စျေးနှုန်းမြင့်တက်မှုကြောင့်တွက်ခြေမကိုက်ဘဲ ခရမ်းချဥ်သီးစိုက်တောင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ရှိခရမ်းချဥ်သီးစိုက်တောင်သူများ ယခင်ထက် ခရမ်းချဥ်သီးစျေးကောင်းရနေသော်လည်း အခြေခံစားသောက် ကုန်နှင့် သွင်းအားစုကုန်များ ဈေးမြှင့်တက်လာခြင်းကြောင့် ရသည့်အမြတ်တွက်ခြေမကိုက်ဖြစ်နေရ သည်။ “ယခင်ထက်တော့စျေးတက်လာတယ် ခရမ်းချဥ်သီးက ဒါပေမယ့် ကုန်စျေးနှုန်းတွေမြင့်တက်တော့မကိုက်ပါဘူး မြေသြဇာတောင် တစ်အိတ် ၁ သိန်း ၈ သောင်းရှိနေပြီ ဒါတောင်ဆေးကဖြန်းရသေးတယ်…

တောင်ကြီးတွင် ကားများပတ်ပြီးခိုးသည့် သူခိုးအဖွဲ့ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း မေ ၂၉ ၊ ၂၀၂၄ တောင်ကြီးမြို့နှင့်အနီးတစ်ဝိုက်တွင်ကားများကို ခိုးယူနေသည့် သူခိုးများကို ရဲတပ်ဖွဲ့များက မေလ ၂၇ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း တောင်ကြီးမြို့ခံထံက သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပလီလင်းရွာရှိ သာစည််စားသောက်ဆိုင်ရှေ့တွင် ဇော်မိုးဟိန်း(၄၀)နှစ်နှင့် မြင့်မောင်မောင်ဦး၊ ၄၄ နှစ်တို့ (၂)ဦးအားခိုးထားသည့် ကားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “သူတို့ဖမ်းမိတယ်လို့ကြားတယ်။ ဖမ်းမိပြီးတော့…

ရခိုင်တွင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး အတိတ်ကကြုံခဲ့ဖူးသည့် အမှားများအား သင်ခန်းစာယူရန် ယာယီသမ္မတ ပြော

ခမ်းသားငေါဝ်း မေလ ၂၉၊ ၂၀၂၄ ရခိုင်တွင် နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုရရှိနေသည့် ရိုဟင်ဂျာအရေးနဲ့ပါတ်သက်ပြီး အတိတ်က ကြုံခဲ့ဖူးသည့် အမှားများအား သင်ခန်းစာယူကာ ငြိမ်းချမ်းစွာ အတူယှဥ်တွဲရေးအပေါ်ရပ်တည်ကြရန် အမျိုး သားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်တွင် အနောက်တံခါးပြဿနာဟုခေါ်သည့် ပထဝီနိုင်ငံရေးပြသနာဟာ ကိုလိုနီစနစ်၏ အမွေဆိုးတစ်ခုအနေဖြင့် အခုချိန်ထိခံစားနေရကြောင်း၊ ယခုအချိန်တွင် ရိုဟင်ဂျာအရေးနှင့် ပါတ်သက်ပြီး စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင်…