Author: khamsarngor

ဒရုန်းတပ်ဖွဲ့အတွက် ဒရုန်းမျာ တပ်ဆင်နိုင်ရန် “ဝေဟင်ကိုထိန်း မြေပြင်သိမ်း”ကမ်ပိန်းအစီစဉ် PNLA ပြုလုပ်

ခမ်းသားငေါဝ်း ဇွန် ၅၊ ၂၀၂၄ ဒရုန်းတပ်ဖွဲ့အတွက် ဒရုန်းများ တပ်ဆင်နိုင်ရန် “ဝေဟင်ကိုထိန်း မြေပြင်သိမ်း”ကမ်ပိန်းအစီစဉ်ကို ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA မှ ပြုလုပ်နေကြောင်းသိရသည်။ ယင်းကမ်းပိန်းအစီစဉ်ကိုဇွန်လ ၄ ရက်နေ့မှ ဇူလှိုင်လ ၇ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းအစီစဉ်တွင် ဆုကြေးများစွာလည်း ပြုလုပ်ထားကြောင်း သိရသည်။ “အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ ဒီဒရုန်းတပ်ဖွဲ့ကို ဆင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။…

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟွေးမခွိုသိုမ်း ပအိုဝ်းရွာ ဘုန်းကြီးကျောင်း အနောက်ဘက် ကမ်းပါးပြိုကျ

ခမ်းသားငေါဝ်း ဇွန်လ ၅ ၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဟွေးမခွိုသိုမ်းပအိုဝ်းရွာ ဘုန်းကြီးကျောင်း အနောက်ဘက် ကမ်းပါးမြေပြိုမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိုင်းနိုင်ငံ မောက်စံပယ်ကျေးရွာအုပ်စု ဟွေးမခွိုသိုမ်းရွာတွင် ဇွန်လ ၃ ရက်ညက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဘုန်းကြီးကျောင်းအနောက်ဘက် ကျောက်ကမ်းပါးမြေပြိုမှုဖြစ်ပြီး ကလေးများကျောင်းသွားလာမှု အခက်ခဲ ဖြစ်ခဲ့ရသည်။ “ကလေးတွေ ကျောင်းသွားကျောင်းလာက အခက်ခဲဖြစ်ရတာပေါ့။ ခုတော့လူကြီးတွေ ပြန်လုပ်ပေးဖို့…

ဆီဆိုင်မြို့တွင်ခိုးဆိုးလုယက်များ သောင်းကျန်းနေ

ခမ်းသားငေါဝ်း ဇွန် ၅ ၊ ၂၀၂၄ ဆီဆိုင်မြို့တွင်ပြည်သူများနေအိမ်ပြန်ကြပြီဖြစ်သော်လည်း နေ့ခင်းကြောင်တောင် ခိုးဆိုးလုယက်မှု သောင်းကျန်းနေကြောင်းဒေသခံများထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ပေါ်တွင် သူခိုးများ ပေါများပြီး နေ့ခင်းတွင်ပင် ဆိုင်ကယ်၊မိးကြိုး၊သွပ်၊သစ်အစ သူခိုးများက ခိုးနေကြောင်း သိရသည်။ “ဒီနေ့ နေ့ခင်းကြောင်တောင် ဆိုင််ကယ်တစ်စီးလာခိုးတယ်။ လူတွေလည်းရှိနေတဲ့ဟာကို။ သူခိုးက ဘယ်လိုဝင်တာလဲမသိဘူး။ သူခိုးတွေကတအားရဲတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ ပြေးနေရတုန်းက အိမ်ဆောက်ရန်သစ်နှင့် သွပ်များပျောက်ဆုံးခြင်းမရှိဘဲ…

ကယန်းလေးရွာသားတစ််ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်

ခမ်းသားငေါဝ်း ဇွန် ၅ ၊ ၂၀၂၄ ကယန်းလေးရွာသားတစ််ဦးကို စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဇွန်လ ၄ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကယန်းလေးရွာနေအသက် ၅၉ နှစ်အရွယ် ဖြားစွူး(ခ)ဦးဂျော့လောင်ကို မေလ၂ ရက်နေ့တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့ကဖမ်းဆီးပြီး ပန်တိုင်း ရွာအနီးတွင်ညှင်းပန်းနိပ်စက်ပြီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။ “သူတို့က လက်နက်အားကိုးပြီးပြည်သူလူထုကို အနိုင်ကျင့်နေတာ။ ကျင့်ဝတ်မရှိဘူးလေအရင်ကတည်းက…

နိုင်ငံတစ်ဝန်း ၅ လအတွင်းစစ်ကောင်စီကြောင့် ပညာရေးကဏ္ဍမှ ၂၈ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၅ ၊ ၂၀၂၄ နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလမှ မေလအထိ ၅ အတွင်း စစ်ကောင်စီ ကြောင့် ပညာရေးကဏ္ဍမှ အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၁၆ ဦးစုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဇွန်လ ၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အဆိုပါသေဆုံးသူများထဲတွင် ၁၉ ဦးသည်လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ပြီး…

ကားတားနေစဥ် ကားကြိတ်မိ၍ အမျိုးသားတစ်ဦးခြေထောက် ပြင်းထန်ဒဏ်ရာ

ခမ်းသားငေါဝ်း ဇွန် ၄ ၊ ၂၀၂၄ အောင်ပန်းတွင်၊ Express ကားတားနေစဥ် ကားကြိတ်မိ၍အမျိုးသားတစ်ဦးခြေထောက် အပြင်းထန်ဒဏ်ရာရသွားကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှ သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်စာသင်ကျောင်းအနီး၌ ဇွန်လ ၃ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ကိုမျိုး(ကလော) နေသူသည် Express ကားတစ်စီးအား တားနေစဥ် ကားခြေထောက်တက်ကြိတ်မိ၍ အပြင်ထန်ဒဏ်ရာရရှိသွားသည်။ ”ရောက်တဲ့အချိန်မှာတော့၊ကားကမရှိတော့ဘူး၊မောင်းပြေးသွားပြီ၊ ညလည်းမှောင်လမ်းအကွေ့နေရာလည်းဖြစ်နေတော့…

လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသူတစ်ဦးအပါအဝင် အကျဥ်းသား/သူစုစုပေါင်း ၆ ဦးလွတ်မြောက်လာ

ခမ်းသားငေါဝ်း ဇွန် ၄၊ ၂၀၂၄ လွိုင်ကော်အကျဥ်းထောင်တွင်နိုင်ငံရေးအကျဥ်းသူတစ်ဦးအပါအဝင် အကျဥ်းသား/သူစုစုပေါင်း ၆ဦးလွတ်မြောက်လာကြောင်း KPPA ထံမှ သိရပါသည်။ ကရင်နီပြည်နယ်ရှိ လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသား/သူ ၆ ဦးသည် ဇွန်လ ၄ ရက်နေ့ မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ကရင်နီနိုင်ငံရေးအကျဥ်းသားအစည်းအရုံး KPPAက ဆိုသည်။ “အရင်ကလိုပဲပြစ်ဒဏ်ချမှတ်ခံရတဲ့ရက်စေ့တော့ပြန်လွတ်လာတာပေါ့နော် အဲထဲမှာ နိုင်ငံရေးအမှုကတစ်ဦးပါတယ် ကျန်တဲ့လူတွေက တခြားအမှုတွေနဲ့လွတ်လာတယ်”ဟု KPPAမှတာဝန်ရှိသူတစ်ဦး‌က ပြောသည်။…

စစ်တွေမြို့ ၊ ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအား ပြင်းထန်စွာရှုံ့ချကြောင်း NUG ဆို

ခမ်းသားငေါဝ်း ဇွန် ၄ ၊ ၂၀၂၄ ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် စစ်ကောင် စီကရွာသားတွေကို အစုလိုက်အပြုံလိုက်နှိပ်စက်သတ်ဖြတ်မှုကို ပြင်းထန်စွာရှုံ့ချကြောင်း NUG က ဇွန်လ ၃ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ စစ်ကောင်စီတပ်ဖွဲ့၏ အင်အား ၁၇၀ ကျော်ပါသောစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့တွင်ဗျိုင်းဖြူကျေးရွာကို အလုံးအရင်းဖြင့်ဝင်ရောက်လာပြီး တစ်ရွာလုံးပိတ်ဆို့ကာ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ်ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာနှိပ်စက်သတ်ဖြတ်ခဲ့သည်။ အဆိုပါအသတ်ခံရသူများထဲတွင် အသက်…

အောင်သမာဓိ၊အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်အပါအဝင် ရွှေဆိုင်ပိုင်ရှင် ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်

ခမ်းသားငေါဝ်း ဇွန် ၄ ၊ ၂၀၂၄ နာမည်ကြီး ရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်နှင့်အကယ်ဒမီ အပါအဝင် ရွှေဆိုင် ပိုင်ရှင် ၇ ဦးနှင့် ပွဲစား ၃ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားကြောင်း ဇွန်လ ၂ ရက် ညပိုင်းတွင်စစ်ကောင်စီကထုတ်ပြန်ထားသည်။ ယင်းရွှေလုပ်ငန်းရှင်များအား ဝိသမ လောဘသားများအဖြစ် စစ်ကောင်စီကစွပ်စွဲကြေညာပြီး နိုင်ငံတော်စီးပွားရေး…

စစ်ကောင်စီလက်နက်ကြီးကြောင့် လွယ်ပေါရွာသားသုံးဦး ပြင်းထန်စွာဒဏ်ရာရရှိပြီး နေအိမ်တစ်ချို့ ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဇွန် ၃ ၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီးကြောင့် လွယ်ပေါရွာသားသုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး လူနေအိမ်တစ်ချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ၊ လွယ်ပေါရွာတွင်မေလ ၃၁ ရက်နေ့က လွိုင်လင်လေး ၅၃၀ အမြှောက်တပ်မှ လက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ်တသ်ချို့ပျက်စီးခဲ့ရကြောင်း သိရသည်။ “လူသုံးယောက်ထိတယ်။၂ ယောက်တော့ စိုးရိမ်ရတယ်လို့။…