တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးသည် လမ်းကျဥ်းပြီး မိုးတွင်းပြုပြင်ခြင်းကြောင့် ကားများပိတ်မိ
ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ ယခုရက်ပိုင်းအတွင်း မိုးရွာပြီး လမ်းပိုင်းတချို့ပျက်စီးခြင်းကို ပြင်နေသည့်အတွက်ကြောင့် တောင်ကြီး-လွိုင်လင်သွားရာလမ်းတွင် ကားတန်းများစွာပိတ်မိနေပြီး ခရီးသွားနှင့် ကားသမားများအခက် အခဲကြုံတွေ့နေကြရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးသည်ကျဉ်းမြောင်းသလို အကွေ့အကောက်များပြီး ပျက်စီးသည့်လမ်းအားပြင်နေသည့်အတွက် ကားတန်းများပိတ်မိနေကြောင်းသိရသည်။ “ လမ်းကအဲတစ်လမ်းပဲအဆင်ပြေတယ် အရင်တုန်းကတခြားလမ်းရှိပေမယ့်လည်း သွားလို့မရတော့ဘူးသိပ်မသုံးကြတော့ဘူး ဒီတလမ်းပဲဝိုင်းသုံးကြတယ် လမ်းလည်းပြင်နေတယ်လမ်းလည်းကျဥ်းတော့ ခရီးက မကြာသင့်ပဲကြာနေတယ် “ဟု ခရီးသွားပြည်သူတစ်ယောက်ကပြောသည်။ တချို့ခရီးသွားများက…