Author: khamsarngor

စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူ ၂ ဦးကိုအကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်

ခမ်းသားငေါဝ်း ဇွန် ၂၆ ၊ ၂၀၂၄ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်ကပြည်သူ ၂ ဦးအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လယ်ထွဲကျေးရွာတွင် ပုံမှန်စျေးလာရောင်းနေသည့် ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာနေ လူငယ် ၃ ဦးကို ဇွန်လ ၂၀ ရက်နေ့၌ စစ်ကောင်စီနှင့် PNO ကဖမ်းဆီးခဲ့ရာ…

စစ်တပ်နှင့် PNO ပြည်သူ့စစ်က ဒရုန်းနှင့်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ရွာသား ၃ ဦးဒဏ်ရာရှိ

ခမ်းသားငေါဝ်း ဇွန် ၂၆၊ ၂၀၂၄ ပင်လောင်းမြို့နယ် ညောင်မွူးကျေးရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းနှင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရွာသား ၃ ဦးဒဏ်ရရှိခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ညောင်မွူးကျေးရွာတွင် ဇွန်လ၂၂ ရက်နေ့ညနေပိုင်းအချိန်၌ ဦးကျော်လွင်ဦး ၃၀ နှစ်၏ နေအိမ်တွင် ဦးအောင်သန်း ၃၇ နှစ်၊ ခွန်အောင်မြင့်၂၀ နှစ် ၄င်းတို့သုံးဦး…

ကျောက်မဲတွင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ၂ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ၂၆၊၆၊၂၀၂၄ ကျောက်မဲတွင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ၂၅ ရက် တအာင်းတပ်မတော် TNLA ထုတ်ပြန်ချက်အရ သိရသည်။ တအာင်းဒေသ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ဇွန်လ ၂၅ ရက်နေ့ နံနက် (၅း၃၀)အချိန်မှစတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ…

မိုင်းပျဥ်းတောင်သွားလမ်းတွင် ကားများပိတ်ဆို့နေခြင်းကြောင့် သွားလာရန်အခက်အခဲကြုံနေရ

ခမ်းသားငေါဝ်း ဇွန် ၂၅၊ ၂၀၂၄ မိုင်းပျဥ်းတောင်လမ်းတွင် မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးပြီး ကားများပိိတ်နေခြင်းကြောင့် သွားရလာရခက်ခဲနေကြောင်း ခရီးသွားကားမောင်းသမားထံမှ ဇွန် ၂၅ ရက်တွင် သိရသည်။ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်းတောင်သွားသည့်လမ်းတွင် မိုးစရွာပြီးကတည်းလမ်းများ ပျက်စီးပြီး၊လမ်းဘေးနံရံတွေပါပြိုကျသည့်အပြင် တချို့ကားမောင်းသမားရဲ့ တစ်ကိုယ်ကောင်းဆန်စိတ်ကြောင့်လုယက်ပြီးမောင်းနကြသဖြင့် ကားများပိတ်ပြီးသွားလာရခက်ခဲနေသည်၊၊ “ကားလမ်းပိတ်ဆို့မှုနဲ့ လမ်းကျဥ်းတဲ့အခြေအနေကြောင့်မို့ နာရေးကားသွားဖို့လာဖို့တောင်အဆင်မပြေတော့လို့ လူနဲ့ပဲထမ်းပိုးခဲ့ရတာကိုမြင်ခဲ့တယ်”ဟုခရီးသွားကားမောင်းသမားကပြောသည်။ မိုင်းပျဥ်းတောင်တွင်လမ်းပျက်စီးပြီး လမ်းဘေးနံရံတွေပြိုကျမှုကြောင့် ကားစီးရေထောင်ကျော်ပိတ်ဆို့နေသည့်အတွက် တစ်လနီးပါးလောက်လမ်းခရီးသွားလာရန်ကြန့်ကြာမှုနှင့် လမ်းချော်မှုကြောင့်…

ချိန်ကိုက်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဆက်သေရွာသား၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၂၅ ၊ ၂၀၂၄ ချိန်ကိုက်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဆက်သေရွာသားလူငယ်၂ ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ၂၅ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆက်သေရွာအမျိုးသားလူငယ် ၆ ဦးသည်ဇွန်လ၂၄ ရက်ညနေ ၆ နာရီအချိန်တွင် ဘောလုံးကန်ပြီးအပြန် ဘုရားကုန်းရွာ မြောက်ဘက် တံတားပေါ်တွင် ချိန်ပိုက်ဗုံးဖြင့်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ ၄…

ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် TNLA တို့နှစ်ဖက် တ​ကျော့ပြန်တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း ဇွန်လ၂၅ ၊ ၂၀၂၄ ရှမ်းမြောက်၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်တွင် ယနေ့မနက်အစောပိုင်းက စစ်ကောင်စီနှင့် နှစ်ဲဖက်တိုက်ပွဲ ပြန်ဖြစ်နေပြီဟု PSLF/TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက တရားဝင် သတင်းထုတ်ပြန်လိုက်သည်။ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတွင် ယနေ့နံနက် ၅ နာရီခွဲ အချိန်က တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီက jet fighter ဖြင့် ဗုံးလေးလုံးလာရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ကျောက်မဲမြို့နယ်…

ရပ်စောက်မြို့နယ် လွယ်တင်ရွာဘက် တောထဲတွင် RCSSနှင့် SSPP တို့တိုက်ပွဲဖြစ်

ခမ်းသားငေါဝ်း ဇွန် ၂၅ ၊ ၂၀၂၄ ရပ်စောက်မြို့နယ် လွယ်တင်ရွာဘက် တောထဲတစ်နေရာတွင် ဇွန်လ ၂၄ ရက် မနက် ၈ နာရီအချိန်က RCSS နှင့် SSPP တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် လွယ်တင်ရွာဘက်တောထဲတစ်နေရာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့တိုက်ပွဲဖြစ်ပွားခဲ့သည်၊၊ “နည်းနည်းဝေးပါတယ်ပစ်ကြတာ ဆက်သေမြေမဲမြောက်ဘက်…

ဂျင်းဥမ ၁ ပိဿာ ၅ ထာင်ကျော်ထိစျေးကောင်းရနေ

ခမ်းသားငေါဝ်း ဇွန် ၂၃ ၊ ၂၄ ပင်လောင်းဘက်တွင် ထွက်ရှိသည့် ဂျင်းဥမ ၁ ပိဿာ ၅ ထောင်ကျော်ထိစျေးကောင်းရနေကြောင်း စိုက်ပျိုးတောင်သူထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လိန်းညားကျေးရွာတွင် စိုက်ပျိုးသည့်ဂျင်း ယခုတွင် ဂျင်းဥမတစ်ပိဿာ ၅ ထောင် ၅ ရာထိဈေးကောင်းရနေသည်၊၊ ”အရင်နှစ်ဆို ၁ ပိဿာ၂၀၀၀၊ ၃၀၀၀ဘဲရောင်းရပြီးဒီနှစ်မှာတော ၁ ပိဿာ…

မူဆယ်မြို့နယ်တွင် ကျွဲတစ်ကောင်ရမ်းခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၂၄ ၊ ၂၀၂၄ မူဆယ်မြို့နယ်တွင် ကျွဲတစ်ကောင်ရမ်းခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ဇွန်လ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ တအာင်းဒေသ တပ်မဟာ(၁)စစ်ဒေသ မူဆယ်မြို့နယ် မိုင်းယု(105)မိုင်ရွာတွင် ဇွန်လ၂၂ရက်နေ့တွင် ကျွဲတစ်ကောင် ရွာအတွင်း လိုက်လံ ရမ်းခတ်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး(၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။ ကျွဲခတ်ခံရသည့် နယ်မြေ(၃)နေ…

ဆီဆိုင်မြို့နယ်ထီရီးရွာတွင် PNO ပြည်သူ့စစ်အတွက်နေ့စဥ်ထမင်းထုတ်ပို့ပေးနေရသဖြင့် အခက်အခဲရှိလာ

ခမ်းသားငေါဝ်း ဇွန် ၂၃၊ ၂၀၂၄ ဆီဆိုင်မြို့နယ်ထီရီးကျေးရွာတွင် PNO ပြည်သူ့စစ်အတွက်နေ့စဥ်တစ်အိမ်လျှင်ထမင်း၂ ထုပ်ဆီပို့ပေးနေရသဖြင့် အခက်အခဲရှိလာနေကြာင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထီရီးကျေးရွာတွင် ပြည်သူ့စစ်အတွက်အိမ်တစ်အိမ်လျှင်ထမင်း၂ ထုပ်ဆီနေ့စဥ် ပို့ပေးနေရသည်မှာ တစ်လကျော်ခန့်ရှိခဲ့ပြီဖြစ်သည်၊၊ “ရွာကလူတွေက အဆင်ပြေတဲ့ဟင်းကိုပဲပို့လို့မရဘူး သူတို့ PNA ဖက်ကသတ်မှတ်တဲ့ဟင်းကိုပဲပို့ပေးနေရတော့ ကုန်ကျစရိတ်လည်းများတာပေါ့နော် ဟင်းကလည်းအသားဟင်းတွေပဲစားတယ် ထမင်းကိုလဲနေ့တိုင်း၂ နပ်စာပို့ပေးနေရတယ် ထမင်းထုပ်မပို့ပေးနိုင်တဲ့သူတွေဆိုခြိမ်းခြောက်တယ်”ဟုဒေသခံတစ်ဦးက ပြောသည်၊၊ ထို့သို့နေ့စဥ်ထမင်းထုပ်ပို့ပေးနိုင်ရန် တချို့အဆင်မပြေသူများက အဆင်ပြေသူများထံ…