Author: khamsarngor

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းအားသိမ်းပိုက်နိုင်မှုရှိပြီး တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း TNLA ထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၃ ၊ ၂၀၂၄ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်နိုင်မှုရှိပြီးနောက် ဇူလိုင်၂ ရက်နေ့တွင်ထပ်မံပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းTNLA က ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိဒုံးတပ်ရင်း(၆၀၆)တပ်စခန်းတွင် ဇူလိုင်၂ ရက်နေ့ မနက် ၁၀ နာရီမှညနေ ၄ နာရီကျော်အထိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်ထားသည်၊၊ ခမရ(၁၁၄)နှင့် (၁၁၅)တပ်စခန်းများကို တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေသည့်…

လွိုင်ကော်တောင်စျေးကို ယာယီစျေးအဖြစ်ပြန်လည်ဖွင့်လှစ်ထား

ခမ်းသားငေါဝ်း ဇူလိုင် ၃၊ ၂၀၂၄ လွိုင်ကော်မြို့ သီရိမင်္ဂလာစျေးခေါ် တောင်စျေးကို ယာယီပြန်လည်ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့တွင် တိုက်ပွဲအတွင်းမီးလောင်ပြာကျသွားခဲ့သော သီရိမင်္ဂလာစျေးခေါ် တောင်စျေးကို ယခုပတ်အတွင်း ယာယီစျေးအဖြစ်ပြန်လည်ဖွင့်လှစ်ထားသည်။ ” ဒီရက်ပိုင်းအတွင်းပဲ ပြန်ဖွင့်ထားတယ်၊ အနည်းကျဥ်းလေးပဲရောင်းဝယ်နိုင်ကြသေးတယ်၊ ယာယီစျေးလိုပုံစံမျိုးပါပဲ၊ မြန်မြန်ပြန်ပြီးအေးချမ်းလာရင်တော့ အရမ်းကောင်းမှာပဲ ” လို့ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ လွိုင်ကော်မြို့တွင် လုံခြုံရေးအပြည့်အဝ စိတ်ချရခြင်းမရှိသေးသော်လည်း စစ်ဘေးဆက်ရှောင်ဖို့အခက်အခဲ…

နယ်မြေမငြိမ်သက်မှုကြောင့် ပင်လောင်းတောင်ဖက်ရှိ စာသင်ကျောင်းတစ်ချို့ပိတ်ထားရ

ခမ်းသားငေါဝ်း ဇူလိုင် ၂၊ ၂၀၂၄ နယ်မြေမငြိမ်သက်မှုကြောင့် ပင်လောင်းတောင်ဖက်ရှိ စာသင်ကျောင်းတစ်ချို့ ပိတ်ခဲ့ရကြောင်း ဇူလိူင်လ ၂ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တောင်ဖက်ရှိ ဝါးလီး၊ ပင်ခွန်၊ တောင်လေး၊ ပင်ကာလ ရွာစာသင်ကျောင်းများသည် နယ်မြေမတည်ငြိမ်မှုများကြောင့် ဇူလိူင်လ ၁ ရက်ကစပြီးပိတ်ထားသည်။ “တိုက်ပွဲကအရမ်းနီးနေပြီ။ ကျေးရွာထဲဆိုလည်း ဒရုန်းတွေပျံနေတော့ ကျောင်းပိတ်လိုက်တယ်ပြောတယ်။ ဘယ်အထိပိတ်သွားမယ်ဆိုတာလည်း မသိရဘူး။…

စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူအပါ တပ်ဖွဲ့ဝင် ၅၀ ကျော် TNLA ထံ လက်နက်ချ

ခမ်းသားငေါဝ်း ဇွန် ၂၉၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ တိုက်ပွဲ ၅ ရက်အတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီးတဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၃ ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ယနေ့တွင်ထုတ်ပြန်သည်။ ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုန်နှင့်မိုးမိတ်မြို့တိုက်ပွဲ ဇွန်လ ၂၅ ရက်မှ…

အောင်ပန်းတွင် ရေနှစ်သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

ခမ်းသားငေါဝ်း ဇွန်လ၂၉၊ ၂၀၂၄ အောင်ပန်းတွင် ရေနှစ်သေဆုံးနေသည့်အမျိုးသားအလောင်းတစ်ခုတွေ့ရှိ ခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့ မင်္ဂလာကန်၌ ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းအချိန်တွင် အမည်၊နေရပ် မသိ ရေနစ်သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့သည်။ ” ရောက်တဲ့အချိန်မှာတော့ အလောင်းက ရေလယ်ခေါင်မှာ ရှိနေတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကသေသွားတာလို့ခန့်မှန်းထားတယ်၊ ဘာလို့ဆိုတော့ အလောင်းက ပုပ်ပွပြီး ရေပေါ်ပေါ်နေပြီ ၊…

ရှမ်းမြောက်တွင် စစ်ကောင်စီမှလေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၁)ဦးသေဆုံးပြီး (၄)ဉီးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန်လ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် မှု ကြောင့် အရပ်သား ၁၁ ဦးသေဆုံးခဲ့ရပြီး ၄ ဉီးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ ‌မိုးမိတ်မြိုနယ်တိုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ ဇွန်လ (၂၈) ရက်နေ့က…

လားရှိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတားနှစ်စင်း စစ်ကောင်စီမိုင်းခွဲဖျက်ဆီး

ခမ်းသားငေါဝ်း ဇွန်လ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မန်စံရေကျ၊ မန်ပွဲ-လားရှိုးဆက်သွယ်ထားသည့် တံတား (၂)စင်းအား စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း TNLA ကထုတ်ပြန်ထားပါသည်။ အဆိုပါတံတားနှစ်စင်းသည် မန်စံရေကျကြိုးတံတားနှင့် ခိုလိတ်ရထားလမ်းတံတားတို့ဖြစ်ပြီး ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စသည့်ကျေးရွာများမှ ပြည်သူများ အသုံးပြုသည့် တံတားဖြစ်ပြီးတံတားပျက်သွားခြင်းကြောင့် ဒေသတွင်း…

လားရှိုးတွင် လျှပ်စစ်မီးပြတ်တောက်နေသည့်အ တွက် ဒေသခံများအခက်အခဲဖြစ်နေသည်ဟုဆို

ခမ်းသားငေါဝ်း ဇွန်လ ၂၈၊ ၂၀၂၄ လားရှိုးမြို့တွင်လျှပ်စစ် မီးပြတ်တောက်နေသည့်အတွက် ဒေသခံများ အခက်ခဲဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့တွင် ဇွန်လ၂၆ ရက်မှစ၍လျှပ်စသ် မီးပြတ်တောက်နေပြီး အလုပ်လုပ်ရာနှင့် ချက်ပြုတ်ရာတွင် မီးစက်ကိုအသုံးပြုနေရကာ စက်သုံးဆီများလည်းစျေးတက်သည့်အတွက် ဒေသခံများ အခက်အခဲဖြစ်နေကြောင်းသိရသည်။ “အစ်မတို့ဆိုတော်တော်ဒုက္ခရောက်တယ် အကုန်လုံးကကုန်စျေးနှုန်းတက် ထမင်းလည်းအရင်က လျှပ်စစ်မီးနဲ့ပဲချက်နေကြဆိုတော့လေ Gas ဝယ်ဖို့ကျတော့လည်း စျေးလည်းတက်တယ် Gas တစ်ဘူးဆိုရင်တစ်ခါနှစ်ခါပဲသုံးရတယ်လေ အလုပ်မှာလည်း…

နောင်ချိုခမရ(၁၁၅)တပ်စခန်းကို TNLA ပူးပေါင်းတပ်တို့ သိမ်းပိုက်ပြီး လက်နက်ခဲယမ်း (၃၈၀)ကျော်သိမ်းဆည်းရမိ

ခမ်းသားငေါဝ်း ဇွန်လ ၂၈၊ ၂၀၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၅)တပ်စခန်းကို TNLAပူးပေါင်းတပ်တို့ သိမ်းပိုက်ပြီး လက်နက်ခဲယမ်း (၃၈၀) ကျော်သိမ်းဆည်းရမိကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးမှ ဇွန်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်လိုက်ပါသည်။ နောင်ချိုမြို့ စစ်ကောင်စီ၏(၁၁၅)တပ်စခန်းကို TNLAနှင့် MDY-PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ရရှိသည့်အချိန်တွင် စစ်စခန်းအတွင်း စစ်ကောင်စီအဖွဲ့၏ လက်နက်မျိုးစုံ(၃၅၀)ကျော်သိမ်းပိုက်ရရှိ​​ခြင်းဖြစ်သည်။ သိမ်းပိုက်ရရှိထားသည့်…

ရှမ်းမြောက်တိုက်ပွဲအတွင်းစစ်ကောင်စီကလက်နက်ကြီး နှင့်တိုက်လေယာဥ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန်လ ၂၈၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ မိုးကုတ်နှင့် ကျောက်မဲ မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားကြောင်း TNLA ကထုတ်ပြန်ထားသည်။ ကျောက်မဲ မြို့တွင် ဇွန်လ ၂၇ ရက်နေ့၌ နေအိမ်ပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက် ၂ ရှိ အသက်…