Author: khamsarngor

ဟူးရန်းရွာ(ယမ်ဖူ)တွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၉၊ ၂၀၂၄ စံကားတောင်ဖက် ဟူးရန်းကျေးရွာတွင်ယနေ့မနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွာသနေကြောင်း ဇူလိုင်လ (၁၉)ရက်တွင် စုံစမ်းသိရှိရသည်။ ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ် စံကားဒေသ ဟူးရန်း(ယမ်ဖူ)ရွာ ယနေ့ မနက်ပိုင်း ၁၁ နာရီ‌ကျော်ခန့်တွင် စစ်ကောင်စီ လက်အောက်ခံ PNO​ ပြည်သူ့စစ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ “စံကားရွာကလူလည်း ပြေးကုန်ပြီ စံကားတောင်ဘက်လုံးလုံး ပြောင်းသွားပြီ…

စစ်ကောင်စီ ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်အရပ်သား ၁၈ ဦးသေဆုံး ၁၉ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၉၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အပစ်ရပ်ထားသည့် (၄)ရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ် သား (၁၈)ဦး သေဆုံးပြီး (၁၉)ဦး ဒဏ်ရာရရှိသည်ဟု TNLA ကထုတ်ပြန်ထားသည်။ မိုးကုတ်မြို့အရှေ့ပိုင်း ကုန်းမြင့်သာယာ၊ မင်းတံတားရပ်၊ ဖောင်တော်ဦးဘုရား၊ ဟက်ဖလားရပ်နှင့် မြို့မရပ်ကွက်တို့တွင် ဇူလိုင်လ ၁၈ ရက်နေ့၌…

ဖယ်ခုံမြို့နယ်ရှိစစ်ရှောင်စာသင်ကျောင်းတွင် ကျောင်းသုံးပစ္စည်း နှင့် ဆရာ၊ဆရာမ လိုအပ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၉၊ ၂၀၂၄ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စာသင်ကျောင်းတွင် ကျောင်းသုံးပစ္စည်းနှင့် ဆရာ၊ဆရာမ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသော စစ်ရှောင်စာသင်ကျောင်းများတွင် ဇွန်လ ကတည်းကဖွင့်လှစ်ထားသော်လည်း ကျောင်းသုံးပစ္စည်းနှင့် ဆရာဆရာမ လိုအပ်မှုများရှိနေသည်။ ” ကျောင်းသင်ထောက်ကူ ပစ္စည်းဖြစ်တဲ့ သင်ရိုးစာအုပ်၊ စားပွဲခုံ ၊ သင်ပုန်း အဲ့ဒါတွေလိုအပ်နေတယ်၊ ဆရာ၊ဆရာမတွေကလည်း လုံလောက်တဲ့အနေအ…

စမ်းရေကြည်အနီးတဝိုက်ရှိစစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်

ခမ်းသားငေါဝ်း ဇူလိုင် ၁၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စမ်းရေကြည်အနီးတဝိုက်ရှိ စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေကြောင်းဇူလိုင်၁၉ ရက်က စစ်ဘေးရှောင်ကူညီသူတစ်ဦးထံမှ သိရှိရပါသည်။ ပင်လောင်းတောင်ဖက်တိုက်ပွဲကြောင့် စမ်းရေကြည်အနီးတဝိုက်ရှိ သရက်အုပ်၊ တအိုမုတ်၊ လုံကန်၊ ထီးကာ၊ နန်းဟူး ၊ယပ်စပ်ကျေးရွာတွင် ရှိသည့် စစ်ဘေး‌ရှောင်ပြည်သူတစ်ထောင်ခန့် အခြေခံစားနပ် ရိက္ခာများနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်းသိရှိရသည်။ “အလှူရှင်တွေလည်း မလာတော့လေ…

တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့်စံကားတောင်ဘက်ရွာ ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၈၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် စံကားတောင်ဘက်ရှိဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ ဇူလိုင်လ(၁၈)ရက်နေ့တွင်သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတောင်ဘက်တွင် ဇူလိုင်လ(၁၈)ရက်နေ့၌ တော်လှန်ရေးသမားများဝင်လာသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သောကြောင့် ဟူးရန်းရွာအပါအဝင် အောင်ချမ်းသာ၊ လင်လမ်၊ ထီဟန်းတား၊ နမ်းဗွန်စသည့်ရွာတို့တွင် ဒေသခံများအကုန် ထွက်ပြေးတိမ်းရှောင်နေကြသည်။ “အကုန်ပြေးပြီ နမ်းဗွန်ရွာဘက်ကတော့ဒီမနက်ကတည်းကပြေးတာ အခုသူတို့ရောက်လာတော့ ရွာထဲတိုက်ပွဲဖြစ်မှာကိုလည်းစိုးရိမ်ရတယ်၊ ရွာထဲတိုက်ပွဲဖြစ်ရင်လက်နက်ကြီးကျပစ်လာမှာပဲကော် အိမ်တွေပြာကျသွားကုန်မှာပေါ့ အိမ်တစ်လုံးဖြစ်လာဖို့ဆိုတာလည်း လွယ်တာမှမဟုတ်တာ”…

ကွယ်လွန်သွားသည့် နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်မော(ဝ်)အား ဇူလိုင် ၁၉ ရက်နေ့တွင် သဂြိုလ်မည်ဟုသိရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၈၊ ၂၀၂၄ ကွယ်လွန်သွားသည့် နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်(မောဝ်)အား ဇူလိုင်လ ၁၉ ရက် နေ့လယ် ၃ နာရီအချိန်တွင်သဂြိုလ်သွားမည်ဟု မိသားစုဝင်ထံက သိရသည်၊၊ နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်(မောဝ်း) အသက် ၇၇ နှစ်အား ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ဇူလိုင် ၁၉ ရက် နေ့လည်သုံးနာရီအချိန်၌ သဂြိုလ်သွားမည်ဖြစ်ပြီး ရပ်နီးရပ်ဝေးမှအသိများအနေနှင့် လိုက်ပါပို့ဆောင်နိုင်ကြောင်း သိရသည်၊၊…

မြန်မာနိုင်ငံတွင်ရှိသည့်အကျဉ်းထောင် ၁၃ ခုတွင် မသန့်ရှင်းသည့် သောက်သုံးရေဆိုင်ရာပြဿနာများဖြစ်‌ပေါ်နေသည်ဟုဆို

ခမ်းသားငေါဝ်း ဇူလိုင် ၁၈၊ ၂၀၂၄ နိုင်ငံတဝန်းရှိ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင် ၁၃ ခုတွင် သောက်သုံးရေ ပြဿနာများဖြစ်ပေါ် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD က ဇူလိုင်(၁၇)ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ NLDထုတ်ပြန်ချက်တွင် ခွက်ရေနှင့်အကန့်အသတ်ဖြင့် ရေချိုးနေရခြင်း၊ မသန့်ရှင်းသောရေများကို သောက်နေရခြင်း၊ ထောင်သားများမှ ကိုယ်ပိုင် ငွေကြေးစိုက်ထုတ်ကာ သောက်ရေများဝယ်ယူရခြင်းနှင့် ‌ရေမသန့်ရှင်းခြင်းကြောင့် နောက်ဆက်တွဲ ယားနားများဖြစ်ပွားနေရသည်ဟု ဖော်ပြထားသည်။ မိတ္ထီလာအကျဥ်းထောင်၊…

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး ပွဲချင်းပြီးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၈၊ ၂၀၂၄ စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၆)ဦးပွဲချင်းပြီး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိကာ နေအိမ်(၄)လုံး မီးလောင်ပျက်စီးသွားကြောင်း TNLA က ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ လားရှိုးနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူနှင့် နေအိမ်ပျက်စီးမှုရှိနေသည်၊၊ ကျောက်မဲမြို့…