Author: khamsarngor

စစ်ယူနီဖောင်းဝတ်စစ်ခေါင်းဆောင်က ယာယီသမ္မတစာတမ်းဖြင့် ကာလုံခေါ်ပြီး အရေးပေါ်ကာလ ၆ လ ထပ်တိုး

ခမ်းသားငေါဝ်း ဇူလိုင် ၃၁၊ ၂၀၂၄ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတ(တာဝန်)စာတမ်းနှင့်ဇူလိုင် ၃၁ ရက်တွင် အမျိုးသားလုံခြုံရေး(ကာလုံ) အစည်းအဝေး ခေါ်ယူပြီး အရေးပေါ်ကာလ ၆ လထပ်တိုးခဲ့ကြောင်းသိရသည်။ ယနေ့မနက် ၁၀ နာရီ အချိန် နေပြည်တော်တွင် ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ် ရေးဦး စီးချုပ်ဟု ၃ မည်ရသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ကာလုံ…

မတ္တရာမြို့နယ်တွင် MDY-PDF က စစ်ကောင်စီတပ်စခန်း ၇ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဇူလိုင် ၃၁၊ ၂၀၂၄ မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း (၇)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထပ်မံသိမ်းပိုက်ရရှိထားကြောင်း ဇူလိုင် (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီရဲ့ တပ်စခန်းများမှာ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း ၊ တောင်ကန်ကျေးရွာ တပ်စခန်း ၊ အောင်သပြေကျေးရွာ တပ်စခန်း ၊ အောင်သပြေကားကွင်း တပ်စခန်း ၊ မြို့ကုန်းရွာ တပ်စခန်း…

တောင်ကြီးတွင် စက်သုံးဆီပန့်ဆိုင်များ ပိတ်ထားသောကြောင့် ကားသမားများအခက်တွေ့

ခမ်းသားငေါဝ်း ဇူလိုင် ၃၁၊ ၂၀၂၄ တောင်ကြီးမြို့တွင် စက်သုံးဆီပန့်ဆိုင်ကြီးများ ပိတ်ထားသောကြောင့် ကားသမားများအခက်အခဲ ဖြစ်နေကြောင်း ကားမောင်းသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဇူလိုင်လ ၃၁ ရက်နေ့တွင် စက်သုံးဆီပန့်ဆိုင်များပိတ်ထားသောကြောင့် ကားသမားများအခက်အခဲဖြစ်နေသည်။ ” ဒီမနက် မှာ စပိတ်လိုက်တာထင်တယ်၊ မနေ့ညက ရသေးတယ်၊ ဆီပြတ်သွားလို့လား တက်စျေးနဲ့ပဲရောင်းချင်တာလားတော့မသိဘူး၊ အကုန်လုံးကိုပိတ်ထားတာ၊ဆီဆိုင်သေးသေးလေးတွေတော့ ဖွင့်ပါသေးတယ်၊ စျေးတော့ပိုများတာပေါ့” ဟု…

မိုးကြီးပြီး လုဲင်းလောင်းပေရွာ-ထီယွန်ရွာ ဆက်သွယ်ထားသည့် တံတားပျက်စီး၊လမ်းပေါ် မြေပြိုကျသဖြင့် သွားလာရန်ခဲ

ခမ်းသားငေါဝ်း ဇူလိုင် ၃၁၊ ၂၀၂၄ မိုးကြီးသဖြင့် လုဲင်းလောင်းပေရွာ-ထီယွန်ရွာ ဆက်သွယ်ထားသော လမ်းတံတားပျက်စီးသွားပြီး၊ လမ်းပေါ်တွင် မြေပြိုကျပြီး သစ်ပင်များလဲကျသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေရကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ဇူလိူင်လ ၂၉ရက်ညတွင် မိုးကြီးပြီး လုဲင်းလောင်းပေရွာ-ထီယွန်ရွာ ဆက်သွယ်ထားသော လမ်းတံတားပျက်စီးသွားပြီး၊လမ်းပေါ်တွင် မြေပြို၊ သစ်ပင်များလဲကျသဖြင့် ဒေသခံများသွားလာရေးခက်ခဲနေသည်။ “မြေပြိုတာတွေ သစ်ပင်လဲတာတွေတော့ ရွာသားတွေ တစ်ချို့ရှင်းထားတယ်။ တံတားကတော့ လုံးလုံးပြိုသွားလို့…

ပင်လောင်းစစ်ဘေးရှောင်များ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်သူများပြားနေ

ခမ်းသားငေါဝ်း ဇူလိုင် ၃၀၊ ၂၀၂၄ ပင်လောင်းမြို့နယ်ရှိစစ်ဘေးရှောင်များ ဝမ်းပျက်၊ဝမ်းလျှောဖြစ်သူများပြားနေကြောင်း စစ်ဘေးရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များသည် ဇူလိူင်လအတွင်းတွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါခံစားနေရသူ များနေကြောင်း သိရသည်။ “ခုကာလက စစ်ရှောင်တွေ ဆေးရုံဆေးခန်း သွားနိုင်ဖို့ အရမ်းခက်ခဲကြတယ်။မသွားနိုင်ကြဘူး။ဝမ်းလျှောရောဂါခံစားနေရတဲ့သူတွေ သူတို့ဘာသာသူတို့ဘဲ ဆေးမှီးတိုနဲ့ ပြန်ကုသကြရတာများတယ်”ဟု စစ်ရှောင်အရေးကူညီပေး နေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ပင်လောင်းဖက်စစ်ရှောင်များသည် ဝမ်းလျှော၊ဝမ်းပျက်ရောဂါများအပြင် ရာသီတုပ်ကွေးကြောင့်…

သတင်းအမှား ဖြန့်ဝေသူများကို အရေးယူမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ် သတိပေးထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၃၀၊ ၂၀၂၄ အဖွဲ့အစည်း တံဆိတ်တုံးအတုများကို အသုံးပြုပြီးသတင်းအမှား ဖြန့်ဝေသူများကို ပြင်းထန်စွာအရေးယူမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဇူလိူင်လ၂၈ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။ “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှခွဲထွက်ပြီးနိုင်ငံသစ်ထူထောင်တော့မည်”ဟုခေါင်းစဥ်ဖြင့် အပါအဝင် ညံ့ဖျင်းသည့် တရုတ်ဘာသာ အရေးအသားနှင့် တိကျမှန်ကန်မှုမရှိသည့် အရေးအသားများ Photoshop များကို အသုံးပြုပြီး အဖွဲ့အစည်းများ တံဆိပ်ကို အသုံးပြုကာ သတင်းအတုဖြန့်ဝေနေသည့်အတွက် ပြင်းထန်စွာအရေးယူမည်ဟုဆိုထားသည်၊၊ တံဆိတ်တုံးအတုများ၊…

ရှမ်းတောင်စစ်ဆင်ရေးတွင် မဟာမိတ်တပ်နှင့်အတူဖာပွန်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် ပါဝင်တိုက်ခိုက်နေဟုဆို

ခမ်းသားငေါဝ်း ဇူလိုင် ၃၀ ၊ ၂၀၂၄ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုလက်အောက်တွင်ရှိသည့်ဖာပွန်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သည် နွေဦးကစတင်ပြီး ယခုမိုးရာသီကာလအထိ ရှမ်းတောင်စစ်ဆင်‌ရေးတွင် ပါဝင်တိုက်ခိုက်နေကြောင်း ဖာပွန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF က ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဆိုက်ခေါင်၊ ဟိုပုံး မြို့နယ်တွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ရေးဦးဆောင်မှုနဲ့အတူ မဟာမိတ်တပ်တွေဖြစ်သည့် PNLA ၊…

ရွှေစျေးတက်လာသည်နှင့်အမျှ တခြားကုန်ပစ္စည်းများလည်းစျေးမြှင့်တက်လာပြီး အခြေခံလူတန်းစား အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၃၀၊ ၂၀၂၄ ယခုရက်ပိုင်းတွင် ပြည်တွင်းရွှေစျေး တဟုန်ထိုးစျေးမြင့်တက်လာပြီး တခြားလူသုံးကုန်ပစ္စည်းများလည်း စျေးမြှင့်တက်လာကာ အခြေခံလူတန်းစားများ၏ဝင်ငွေထက်ကျော်လွန်နေခြင်းကြောင့် ပြည်သူများအခက်အခဲဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။ လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်များကြောင့် မြန်မာနိုင်ငံတွင် ရွှေစျေးနှင့် နိုင်ငံခြားငွေလဲနှုန်းမတည်ငြိမ်မှုဖြစ်လာကာ အခြေခံလူသုံးကုန်ပစ္စည်းများလည်း တစ်စတစ်စ မြင့်တက်လာနေသည့်ပြီး ဝင်ငွေနှင့် မညီမျှနေသည့်အတွက်ကြောင့် ပြည်သူများ များစွာအခက်အခဲဖြစ်နေကြကြောင်းသိရသည်။ “စားဝတ်နေရေးအပိုင်းမှာ အရမ်းခက်ခဲတယ် အလုပ်လုပ်ရင်လည်း စရိတ်ငြိမ်းပဲရှာကြတာများတော့တယ် အဲလိုမှစားသောက်ဖို့က ပိုလွယ်ကူမှာ…

ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၂၀) ဦး ဖမ်းဆီးရပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ခမ်းသားငေါဝ်း ဇူလိုင် ၃၀ ၊ ၂၀၂၄ ကျောက်မဲ၊ မိုးကုတ် နှင့် မိုးမိတ်မြို့ တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်သုံးပန်း ၂၀ ဦးဖမ်းမိပြီး လက်နက်ခဲယမ်း ၇၀ ကျော်သိမ်းဆည်းရမိကြောင်း TNLA က ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများအား တအာင်းတပ်မတော် TNLA…

သရက်အကျဥ်းထောင်တွင် ဆေးကုသခွင့်မရသဖြင့် နိုင်ငံရေးအကျဉ်းသား ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၃၀၊ ၂၀၂၄ မကွေးတိုင်း သရက်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား တစ်ဦး အချိန်နှင့်တပြေးညီဆေးကုသခွင့်မရသဖြင့် သေဆုံးသွားကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ယက် PPNM မှ ထုတ်ပြန်ထားသည်။ သရက်အကျဥ်းထောင်တွင် ထောင်ဒဏ်(၁၁) နှစ်ဖြင့် မတရားအပြစ်ပေးခြင်းခံထားရသည့် အသက်(၃၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုညီညီသည် သွေးတိုးရောဂါခံစားနေရပြီး အချိန်မှီကုသမှုမရရှိခြင်းကြောင့် ဇူလိုင်လ ၂၇ ရက်နေ့တွင် သေဆုံးသွားသည်။ ဇူလှိုင်လ(၂၆)ရက် ညခင်းအချိန်တွင် အရေးပေါ်ဆေးဝါးကုသပေးရန်…