Author: khamsarngor

လွယ်ဆောင်ရွာထဲနှင့် လွယ်ထွယ်ရွာအနီးတွင်တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

ခမ်းသားငေါဝ်း ဩဂုတ် ၆၊၂၀၂၄ လွယ်သောဝ်ရွာထဲနှင့်လွယ်ထွယ်ရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သြဂုတ်က ၆ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စု လွယ်ဆောင်ကျေးရွာထဲတွင် ယနေ့မနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ “မနက်ကတည်းက ဖြစ်တယ် ရွာ ၄ ရွာ…

တောင်ကြီးတွင် အချိန်ကြာမြှင့်စွာတန်းစီကာ စောင့်ဆိုင်းပြီး ဆီဖြည့်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၆ ၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာတန်းစီကာ စောင့်ဆိုင်ပြီး ဆီဖြည့်နေရကြောင်း ဩဂုတ်လ ၅ ရက်နေ့၌ တောင်ကြီးမြို့ပေါ် ဒေသခံထံကသိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့ ပေါ်တွ ယခုရက်ပိုင်း ဓာတ်ဆိီဆိုင်များမှဓာတ်ဆီများ ပြန်လည်ရရှိလာပြီဖြစ်သော်လည်း ဆီများကို မနက်အစောကတည်းက လာပြီးတန်းစီကာ စောင့်ဆိုင်းနေရသည်။ “ BOC ဆီဆိုင်ကြီးမှာတော့ မနက်…

စစ်ဘေးရှောင်သည့် သက်ကြီးပိုင်းအမျိုးသမီး အအေးပတ်ပြီး သေဆုံးသူ ၄ ဦးထိရှိလာ

ခမ်းသားငေါဝ်း ဩဂုတ် ၅၊ ၂၀၂၄ ပင်လောင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများအနက်သက်ကြီးပိုင်းအမျိူးသမီးများ အအေးပတ်၍သေဆုံးမှု ၄ ဦးထိရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တွင် ယခုနှစ်မိုးရာသီ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ရာသီဥတုအေးခြင်းကြောင့် သုံးရက်အတွင်း အအေးပက်၍သေဆုံးသူ ၄ ဦးထိရှိသည်။ “အခုရက်ပိုင်း တစ်ချိူ့စစ်ရှောင်စခန်းဆိုရင် လူကြီး၊ ကလေးကလွဲရင်ကျန်တဲ့လူကတစ်ရက်ကိုထမင်း(၂)နပ်လျှော့စားကြတယ်ဆိုတဲ့ကိစ္စရပ်လဲပေါ်လာတယ် ၊ နောက်ပြီးတော့သေဆုံးသွားတဲ့အမျိူးသမီးတွေဟာ ပင်လောင်းတောင်ဘက်ကစစ်ရှောင်တွေပဲဖြစ်တယ်”ဟုပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦးကပြောသည်။ စစ်ဘေးရှောင်များသည် မိုးရာသီဖြစ်သည့်အတွက်…

ဉဆောင်၊ တောင်ထီဗွာရွာမှ ပင်လောင်းမြို့ သွားသည့် လမ်းပေါ် မြေပြိုနေသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေ

ခမ်းသားငေါဝ်း ဩဂုတ် ၅ ၊ ၂၀၂၄ ဉဆောင်၊ တောင်ထီဗွာကျေးရွာမှ ပင်လောင်းမြို့ သွားသည့် လမ်းပေါ် တွင် မြေပြိုမှုဖြစ်ပွားနေသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေကြကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သြဂုတ်လ ၃ ရက်နေ့၌ တောင်ထီဗွာ၊ ဉဆောင်ရွာမှ ပင်လောင်းမြို့သို့ သွားသည့် လမ်းပေါ်တွင် မြေပြိုနေသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေကြကြောင်းသိရသည်။ ” ရင်းမှီးရွာမရောက်ခင် ကုန်စီရွာအကျော်မှာဖြစ်တာ။…

PNLA ဌာနချုပ်ကို စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဆီဆိုင်ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ပြီး ထပ်မံထွက်ပြေးကြ

ခမ်းသားငေါဝ်း ဩဂုတ် ၄ ၊ ၂၀၂၄ PNLA ဌာနချုပ်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဆီဆိုင် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ပြီးထွက်ပြေးနေကြကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ရှိ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA ငှာနချုပ်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဩဂုတ် ၃ ရက်နေ့တွင် ၁၀ ကြိမ်မကလက်နက်ကြီးဖြင့်…

ပင်လောင်း-ပေါင်းလောင်းလမ်းမကြီးတွင် မြေပြိုမှုဖြစ်ပွားနေခြင်းကြောင့် သွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း ဩဂုတ် ၄၊ ၂၀၂၄ ပင်လောင်း-ပေါင်းလောင်းလမ်းမကြီးတွင် မြေပြိုမှုဖြစ်ပွားနေခြင်းကြောင့် သွားလာရန် အခက်အခဲရှိကြောင်း သြဂုတ်လ(၄)ရက်နေ့တွင် ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ပင်လောင်း၊ပေါင်းလောင်းလမ်းမ ကြီးတွင်မြေပြိုမှုထပ်မံဖြစ်ပွားနေခြင်းကြောင့် ဒေသခံများခရီးသွားလာရန်အခက်အခဲရှိနေသည်၊၊ ‟အဲ့လိုမျိုးမြေတအားပြိုတော့ အဲ့ဒီဖက်ခရီးသွား ပြည်သူနဲ့ လမ်းသွားလမ်းလာလုပ်တဲ့သူအတွက်အရမ်းအခက်အခဲဖြစ်တယ် ပြီးတော့လမ်းကအဲ့ဒီတစ်လမ်းဘဲရှိတော့ အခုရက်ပိုင်းခရီးသွားလာဖို့ အဆင်မပြေဘူး ပြီးတော့အဲ့ဒီဘက်ခရီးသွားဖို့လုပ်ထားတယ်ဆိုရင် လမ်းကြောင်းသေချာစုံစမ်းပြီးမှ သွားသင့်တယ်”ဟုဒေသခံတစ်ဦးက ပြောသည်၊၊ ပင်လောင်းမြို့တွင် ပြီးခဲ့သည့်ဇူလိုင်လမှ ယခုအချိန်ထိ တစ်လလုံးမိုးရွာသွန်းမှုကြောင့်…

ဇူလိုင်လတစ်လအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၄၊ ၂၀၂၄ ဇူလိုင်လတစ်လအတွင်း PNO ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ထုတ်ပြန်ချက်တွင်ဆိုထားသည်။ လွိုင်ကော်မြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများပြီး လက်နက်ငယ် လေးလက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။ ရှမ်း-ကယား နယ်စပ် ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊နောင်ဝိုးကျေးရွာဘက် ဖြစ်ပွားသည့်…

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုလုပ်သည့် အိန္ဒယသမ္မတနိုင်ငံ ကိုယ်စားလှယ်အား NUG ကရာထူးမှထုတ်ပယ်

ခမ်းသားငေါဝ်း ဩဂုတ် ၄၊ ၅၀၂၄ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အိန္ဒယသမ္မတနိုင်ငံ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇင်ခင်ကို ရာထူးမှထုတ်ပယ်ကြောင်း NUG က သြဂုတ်လ(၃)ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနသည် လုပ်ငန်းခွင်တွင် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်သည်ဟူသောတိုင်ကြားချက်အား၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင်လက်ခံရရှပြီးဒီဇင်ဘာလတွင်ကြားနာစစ်ဆေးသတိပေးမှုများပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဆိုသည်။ အမျိုးသမီးမဟာမိတ်အဖွဲ့မြန်မာ WAC-M ကနိုင်ငံခြားရေးဝန်ကြီးဌာနသို့အမျိုးသားညီညွတ်ရေးအစိုးရ၏အထက်ပါပြူမူခြင်းဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒနှင့်အညီအမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်နှင့်အ ခြားသောအမျိုးသမီးများလည်း တရားမျှတမှုအတွက်တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းပြုမူသောဆလိုင်းအိုက်ဇင်ခင်ကို စာရွက်စာတမ်းများအခြေပြုနည်းလမ်းနှင့် လူတွေ့မေးမြန်းခြင်းနည်းလမ်းနှစ်ရပ်အသုံးပြုပြီး စုံစမ်းစစ်ဆေးရာတွင်အမှန်တကယ်ကျုးလွန်ခဲ့ပြီးအဆိုပါလုပ်ရပ်များသည်…

PNO ဖမ်းသွားသည့် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖခွန်ထက်နိုင်သေဆုံးလျက်ပြန်တွေ့

ခမ်းသားငေါဝ်း ဩဂုတ် ၄၊ ၂၀၂၄ PNO ပြည်သူ့စစ် ဖမ်းသွားသည့် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖအသက် ၅၀ ကျော်အရွယ် ခွန်ထက်နိုင်သည် သေဆုံးလျက်ပြန်တွေ့ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘတ်ကျေးရွာအုပ်စု၊ နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖဖြစ်သူ အသက် ၅၀ ကျော်အရွယ် ခွန်ထက်နိုင်သည် PNO ပြည်သူ့စစ် ဖမ်းဆီးသွားပြီးနောက် သေဆုံးလျက်ပြန်လည်တွေ့ ရှိခဲ့ကြောင်းသိရသည်။…

ပန်ကန်းဘက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးတော်လှန်ရေးဘက်မှ ထိခိုက်ကျဆုံးမှုရှိ

ခမ်းသားငေါဝ်း သြဂုတ် ၃၊ ၂၀၂၄ လွိုင်ကော်မြို့ ပန်ကန်းဘက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖက်မှ ထိခိုက်ကျဆုံး မှုရှိကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။ ကယား( ကရင်နီ) ပြည်၊ လွိုင်ကော်မြို့၊ ပန်ကန်းဘက်၌ သြဂုတ်လ ၂ ရက်နေ့တွင်စစ်ကောင်စီနှင့် တော်လှန်ရေး တပ်တို့ တိုက်ပွဲတစ်နေကုန်ဖြစ်ပွားခဲ့သည်။ ” မနေ့ကတစ်နေကုန်တိုက်ပွဲ ဖြစ်တယ်၊ ကျွန်တော်တို့ KNDF ရဲဘော် နှစ်ဦး ကျသွားတယ်၊…