Author: khamsarngor

MNDAA က စစ်သုံ့ပန်းစစ်ကောင်စီမိသားစုဝင် ၃၈၀ ကျော်အား အိမ်ထောင်တစ်စု ၅ သောင်းကျပ်ပေးပြီးပြန်လွတ်

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ လားရှိုးမြို့တွင် (MNDAA)က စစ်သုံ့ပန်းမိသားစုဝင်တွင်ကိုအိမ်ထောင်စုတစ်စုလျှင်ငွေ ၅ သောင်းကျပ်ပေးပြီးပြန်လွတ်ပေးခဲ့ကြောင်းသြဂုတ် ၇ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုးကန့်တပ်မတော် MNDAA ရှေ့တန်းမြေပြင်တပ်ဖွဲ့ဝင်များက စစ်သုံ့ပန်းအယောက် ၃၈၀ ကျော်ကိုအိမ်ထောင်စုတစ်စုလျှင် ၅ သောင်းကျပ်နှင့်စုစုပေါင်း ၉၆ သိန်းကျပ်ပေးဝေခဲ့ပြီး နောက်ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။ သြဂုတ်လ ၆ ရက်နေ့တွင် စစ်သုံ့ပန်းကမိမိတို့နေအိမ်သို့ရောက်ရှိရန်…

လွိုင်ကော်-ဒီမောဆိုလမ်းမကြီး သွားလာခြင်းမပြုရန် KNDF မေတ္တာရပ်ခံသတိပေး

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ကရင်နီပြည်နယ်ရှိ လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးအား အသုံးပြုသွားလာခြင်းမပြုကြရန် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန ကဩဂုတ်လ(၇)ရက်နေ့တွင် မေတ္တာရပ်ခံအသိပေးထုတ်ပြန်ထားသည်။ ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်စပ်သည့်နေရာများတစ်လျှောက်တွင် ဇူလိုင်လမှစကာ ယနေ့ထိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် မိဘပြည်သူများအနေဖြင့် အသုံးပြုသွားလာခြင်းမပြုကြရန် KNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက မေတ္တာရပ်ခံ အသိပေးထားသည်။ လွိုင်ကော်မြို့တွင် ဇူလိုင်လမှစပြီး…

ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဗုံးထပ်မံကျဲချပြီး အဆောက်အဦးတချို့ပျက်စီးခဲ့သည်ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထံမံလာ‌ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အဆောက်အဦးတချို့ပျက်စီးခဲ့ကြောင်း PSLF/TNLA က သြဂုတ်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ သြဂုတ်လ(၇)ရက်နေ့ နေ့လည် ၁နာရီ ၅၀ မိနစ်ခန့်တွင်တစ်ကြိမ်၊ ၁ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်းပေါင် ၅၀၀ ဗုံးအသုံးပြုပြီး နှစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး…

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည့်အပေါ် PNLO၊ PNFC နှင့် NMSP-AD တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ တတိယအကြီးဆုံး တိုင်းဌာနချုပ်ဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို MNDAA, TNLA နှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့က အောင်မြင်စွာ သိမ်းပိုက်နိုင်သည့်အပေါ် ဝမ်းသာဂုဏ်ယူကြောင်း PNLO၊ PNFC နှင့် NMSP-AD တို့က ပူးတွဲသဝဏ်လွှာ ပေးပို့ လိုက်သည်။ ‘’တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ နွေဦးတော်လှန်ရေးမှာပေါ်ပေါက်တဲ့ တော်လှန်ရေးအင်အားစုတွေ ညှိနိုင်းစစ်ဆင်ရေးနဲ့…

ပင်လောင်းရှိ စင်းတောင်းနှင့်ဝါးလီးကြား မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးသည့်အတွက် သွားလာရခက်ခဲနေ

ခမ်းသားငေါဝ်း ဩဂုတ် ၇၊ ၂၀၂၄ ပင်လောင်းမြို့နယ်ရှိ စင်းတောင်းနှင့်ဝါလီးရွာကြား လွိုင်ကော်သွားသည့်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးပြီး ခရီးသည်များသွားလာရန်ခက်ခဲ့နေကြောင်း ဩဂုတ်လ ၇ ရက် နေ့ တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စင်းတောင်းနှင့် ဝါလီးရွာကြား လွိုင်ကော်မြို့သို့ သွားသည့် လမ်းတလျှောက်တွင် ဩဂုတ် ၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတလျောက်ရေကြီးပြီး ဒေသခံနှင့်ခရီးသည်များ…

စစ်ကောင်စီပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲအား ထိုင်းဘက်ကကူညီရန်ကမ်းလှမ်းကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်

ခမ်းသားငေါဝ်း ဩဂုတ် ၇၊ ၂၀၂၄ အာဏာသိမ်း စစ်ကောင်စီ၏ ၂၀၂၅ ရွေးကောက်ပွဲပြုလုပ်မည့်အပေါ် ထိုင်းဘက်က ကူညီရန် ကမ်းလှမ်းကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာသည်။ နေပြည်တော်မြို့၊ ဩဂုတ်လ ၆ ရက်နေ့မွန်းလွဲ ၂ နာရီတွင် စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးကိုကိုနှင့် စစ်ကောင်စီဝန်ကြီးများအပါအဝင် ရန်ကုန်မြို့ ထိုင်းသံရုံးကသံအမတ်ကြီး Mr. Mongkol Visitstump တို့တွေ့ဆုံချိန် ရွေး‌ကောက်ပွဲအတွက်…

ရွှေ့ပြောင်းအလုပ်သမားများ စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် နစ်နာကြေးရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ဟု NUG ဆို

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ ထိုင်းနိုင်ငံတွင် စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားလက်မဲ့ဖြစ်ခြင်းနှင့် အခက်အခဲများကြုံတွေ့သူများကို နစ်နာကြေးရအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း NUG က သြဂုတ် ၆ ရက်ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊ ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံမှ ဇူလိုင်လဒုတိယပတ်တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းသောကြောင့် မြန်မာအလုပ်သမား (၃၀၀)ကျော်အပါအဝင်စုစုပေါင်းရွှေ့ပြောင်းအလုပ်သမား(၃၈၀)ဦးခန့်သည် အလုပ်လက် မဲ့ဖြစ်ခြင်းနှင့်အခက်အခဲများကြုံတွေ့နေရမှုကို နစ်နာကြေးရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအိုးရ NUG ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊ ရွှေ့ပြောင်းအလုပ်သမားအလုပ်လက်…

ပင်လောင်းတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ ပင်လောင်းတောင်ဖက် ကျေးရွာများတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့နေရကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့တောင်ဖက် ကျေးရွာများတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့နေရသည်။ “သူတို့ကလစဉ် ကောက်တယ်။အချိန်မှန်မှန်လည်းထည့်ပေးရတယ်။မထည့်ပေးရင် ရွာသူကြီးတွေ ရွာလူကြီးတွေက လာပြောတယ်။အကုန်လုံးထည့်ရတယ်။”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ယခုတွင် ကုန်စျေးနှုန်းအမျိုးမျိုး တက်နေသည့်အပြင်…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ပေါက်ကွဲမှုကြောင့် မီးရယ်ရွာနှင့် ထီရီးရွာမှ ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ စစ်ကောင်စီက ညဘက်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မီးရယ်ရွာနှင့် ထီရီးရွာတွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်အရှေ့ဘက် ထီရီးရွာတွင် မနေ့ည ၈ နာရီဝန်းကျင်က စစ်ကောင်စီလက် နက်ကြီးပစ်ခတ်ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖွား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအလားတူ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု မီးရယ်ရွာတွင် မနေ့ည ၁၀ နာရီကျော်အချိန်က…

အောင်ပန်းတွင် ဆိုင်ကယ်က လမ်းဖြတ်ကူးသူကို ဝင်တိုက်မှုဖြစ်ပွားခဲပြီး ထိခ်ုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၇ ၊ ၂၀ အောင်ပန်းတွင် ဆိုင်ကယ်က လမ်းဖြတ်ကူးသူကိုဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် ဟိုက်ဒရိုကွင်းအနီး လမ်း၌ သြဂုတ်လ ၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဆိုင်ကယ်မောင်းသူ ဦးမျိုး(မိုးကောင်းရပ်ကွက်နေ) က လမ်းဖြတ်ကူးသူ ကိုအာကာ( ဟိုက်ဒရိုကွင်း) နေကို ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။…