Author: khamsarngor

ပန့်ဆီဆိုင်မှ အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချပေးသောကြောင့် ဆီမရသည့်သူများလည်းရှိနေ

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ နမ့်စန်မြို့တွင် စက်ဆီ ပန့်ဆီဆိုင်ကြီးများတွင် ဆီများကို အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေခြင်းကြောင့် ဆီမရှိသည့်သူများလည်းရှိနေကြောင်း ဩဂုတ်လ ၁၃ ရက်တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့၌ ပန့်ဆီဆိုင်များတွင် မနက် ၇ နာရီမှ ၉ နာရီအတွင်းသာဆီထည့်လို့ရသည့်အတွက် ဆီမရဘဲပြန်သွားရတဲ့သူလည်းရှိကြောင်း သိရသည်။ “တို့မြို့လည်း ဆီထည့်ချင်ရင် တန်းစီရတဲ့ခေတ်ရောက်နေပြီ။ တန်းစီတဲ့သူများတော့…

နမ့်ဆန်မြို့တွင် စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားများကို ဦးတည်ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦးသေဆုံးပြီး (၁)ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း PSLF/TNlA က ယနေ့ တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ယမန်နေ့ည (၁၁း၃၁)မိနစ်၌ တစ်ကြိမ်၊ (၁၁း၄၅)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၅၁)မိနစ်တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံးကြဲချတိုက်ခိုက်ခဲ့ကာ ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်…

တောင်သာမြို့ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ တောင်သာမြို့ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ ထုတ်ပြန်ထားသည်။ မန္တလေးတိုင်း တောင်သာမြို့ လှည်းကူးမအုပ်စု၊ ပြဿဒ်ကြီးရွာ ကမ်းပါးယံဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှုတွင် ကျောင်းထိုင်ဆရာတော်နှင့်အတူ၊ ကျောင်းသားသံဃာများ ထိခိုက်မှုမရှိသော်လည်း ကျောင်းဆောင် ၃ ဆောင်ပျက်စီးသွားကြောင်း သိရသည်။…

မိုးကုတ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးကို PSLF/TNLA ဖမ်းဆီးအရေးယူ

ခမ်းသားငေါဝ်း သြဂုတ် ၁၂၊ ၂၀၂၄ မိုးကုတ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးကို PSLF/TNLA ဖမ်းဆီးအရေးယူထားကြောင်း TNLA မှယနေ့ညတွင်သတင်းထုတ်ပြန်ထားသည်။ မိုးကုတ်မြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အဖြစ် PSLF/TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ဆင်ရေးပြုလုပ်နေစဥ် မြို့နယ်အတွင်း ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟုဆိုသည်။ ထိုပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအနက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ…

တောင်ကြီးအထက ၁ ကျောင်းအနီး 38 ညဈေးတွင် ဖွင့်လှစ်ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီလက်အောက်စည်ပင်ကဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊ ၂၀၂၄ တောင်ကြီးမြို့ အထက (၁) ကျောင်းမြောက်ဘက် Nights 38 ညစျေးရှိ စျေးဆိုင်များအား ဖွင့်လှစ်ရောင်းချခြင်းမပြုရန်၊ လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဟုဩဂုတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံစည်ပင် မှထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ညပိုင်းတွင် စည်ကားလက်ရှိသည့် Night 38 ညစျေးတွင် စည်ပင်က ယာဉ်ကြောပိတ်ဆို့မှုနှင့် ညလှည့်ကင်း ၊ပတ်ကင်း၊…

နောင်ချိုနှင့်သီပေါတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလေကြောင်းဖြင့်တိုက်ခိုက်မှုရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊ ၂၀၂၄ နောင်ချိူနှင့်သီပေါမြို့တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်ပြုလုပ်ခဲ့ကြောင်း သြဂုတ်လ(၁၁)ရက်နေ့တွင် TNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သီပေါမြို့တွင် တက်ပွဲပြင်းထန်နေပြီး နောင်ချိူမြို့တိုက်ပွဲအတွင်းတွင်စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်(၃)ကြိမ်နှင့် Y-12 ထောက်ပို့လေယာဥ်ဖြင့်(၃)ကြိမ်၊ဗုံး(၂၀)လုံးလာရောက်ကြဲချခဲ့ကြောင်းသိရသည်။ သီပေါမြို့ခလရ(၂၃) တပ်စခန်းနေရာတွင်လည်းတိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ Y-12ထောက်ပို့ယာဥ်ဖြင့်(၁၂)ကြိမ်၊ဗုံး(၈၅)ကြဲချသည့်အပြင်၎င်းတို့၏တပ်ဖွဲ့ဝင်များအတွက်Y-12လေယာဥ်ဖြင့်(၅)ကြိမ်ထောက်ပို့ပစ္စည်းများလာရောက်ကြဲချပေးခဲ့ကြောင်း သိရသည်။ နောင်ချိူမြို့နယ်တောင်ခမ်းနှင့် မက်မန်းတောကျေးရွာတွင်တအာင်းတပ်မတော်TNLAနှင့်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီးတောင်ခမ်းရွာ၌အမြောက်တပ်(၉၀၂)တပ်နှင့်သော်လည်းကောင်း၊မက်မန်းတောကျေးရွာတွင်တပ်မ(၉၉)လက်အောက်ခံခမရ(၃၀၂)တပ်နှင့်သော်လည်းကောင်းအရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်လက်အောက်ခံခမရ(၃၂၅)တပ်နှင့်သော်လည်းကောင်း၊အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်လက်အောက်ခံခမရ(၃၀၆)တပ်ရင်းတို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဓာတ်ပုံ-PSLF/TNLA #PPV0012 #နောင်ချိုနှင့်သီပေါ #တိုက်ပွဲပြင်းထန်နေ…

အရပ်ဝတ်နှင့်သတင်းယူရန်ရောက်ရှိသည့် ရန်သူတပ်သားနှစ်ဦး ဖမ်းဆီးရမိကြောင်း Myingyan Black Tiger ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊ ၂၀၂၄ မြင်းခြံခရိုင် MBT စစ်ကြောင်း(၁) နယ်မြေတွင် အရပ်ဝတ်နှင့် သတင်းယူရန် ရောက်ရှိလာသည့် ရန်သူတပ်သား နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ဩဂုတ်လ ၁၂ ရက် ဒီကနေ့တွင် Myingyan Black Tiger သတင်းထုတ်ပြန်ထားသည်။ မန္တလေးတိုင်း မြင်းခြံခရိုင် မြင်းခြံခရိုင် MBT စစ်ကြောင်း(၁) နယ်မြေတွင် သတင်းလာယူသည့် ရန်သူတပ်သား…

PNO ပြည်သူ့စစ်က လွယ်လုံရွာသား ၇ ဦးကိုဖမ်းဆီးပြီး ၆ ဦးကိုပြန်လွှတ်ပေး၊ ရွာသားဆိုင်ကယ်၂၈ စီးကိုလည်း သိမ်းဆည်းသွား

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊ ၂၀၂၄ PNO ပြည်သူ့စစ်က လွယ်လုံရွာသား ၇ ဦးကိုဖမ်းဆီးပြီး ၆ ဦးကိုပြန်လွှတ်ခဲ့သော်လည်း တဦးကိုဖမ်းဆီးထားဆဲဖြစ်ပြီး ၊ရွာသားဆိုင်ကယ်၂၈ စီးကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ လွယ်လုံရွာသား ၇ ဦးကို PDFနှင့်ပက်သက်သည်ဟု ဆိုပြီး PNO ပြည်သူ့စစ်ကဇူလိူင်လ၂၁ ရက်နေ့တွင် ဖမ်းဆီးပြီး သြဂုတ်လ…

ကျေးသီးမြို့နယ်တွင် SSPP ကရွာသားများကို ကင်းစောင့်ခိုင်းဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊ ၂၀၂၄ ကျေးသီးမြို့နယ် ဝမ်စိမ်းနှင့်၊ မိုင်းယန်းအုပ်စုရှိ ရွာသားများကို SSPP/SSA တပ်ဖွဲ့များက ကင်းစောင့်ရန် ပြောကြောင်း ဩဂုတ် ၁၂ ရက်တွင် ဒေသခံထံက စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ဝမ်စိမ်းနှင့် မိုင်းယန်းအုပ်စု ကျေးရွာရှိ ရွာသားများကို တစ်ရက်လျှင် တစ်ယောက် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီတပ်စွဲထားသည့်နေရာတွင် ကင်းစောင့်ရန် ပြောကြောင်း ရွာသားများထံမှ သတင်းရရှိသည်။…

မှတ်ပုံတင်မရှိဘဲ အွန်လိုင်းတွင် ဈေးရောင်းချသူများကို ဥပဒေပုဒ်မ ၅ နှင့်အရေးယူဟု စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊ ၂၀၂၄ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းတွင်ဈေးရောင်းချသူများအား စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဥပဒေပုဒ်မ ၅ နှင့်အရေးယူသွာဟု ဩဂုတ် ၉ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ သို့ဖြစ်ပါ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေနှင့် မှတ်ပုံတင်များလျှောက်ထားရန်အတွက်နှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူခြင်းမရှိဘဲ ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်…