တောင်ကြီးမြို့တွင် အိမ်းငှားခဆက်လက်မြင့်တက် နေခြင်းကြောင့် စစ်ဘေးရှောင်များ အခက်တွေ့
ခမ်းသားငေါဝ်း သြဂုတ် ၁၇၊ ၂၀၂၄ တောင်ကြီးမြို့တွင် အိမ်ငှားခ ဆက်လက်မြင့်တက်နေခြင်းကြောင့် စစ်ဘေးရှောင်များ အခက်အ ခဲဖြစ်နေကြောင်းစစ်ဘေးရှောင် တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ရှမ်းမြောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်အမြောက်အများရောက်ရှိလာခြင်းနဲ့အတူ အိမ်ငှားစရိတ်များလည်း မြင့်တက်နေပြီး ရှိနင့်ပြီးစစ်ရှောင်များလည်း အိမ်ဆက်လက်ငှားရမ်းရန်ပင် အခက်အခဲဖြစ်နေသည်။ ”အရင်ဒီမှာ ငှားနေ တာ ၆ လချုပ်နဲ့ပေါ့နော်၊ အဲ့ဒါအိမ်ရှင်က လာပြောတယ် နောက်စာချုပ်မှာတော့ စျေးတက်မယ်တဲ့၊ တခြားနေရာပြောင်းရှာဖို့ကလည်းမလွယ်ဘူးလေ၊…