တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီက အသွင်ယူဖမ်းဆီးမှုပြုနေ
ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီအသွင်ယူဖမ်းဆီးမှု ပြုလုပ်နေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်တောင်ပိုင်း ရှိတောင်ကြီး-အေးသာယာ-ညောင်ရွှေ လမ်းမကြီးတစ်လျှောက်တွင်ရှိသည့် လမ်းဘေးတွင် ခုံချပြီးပုလင်းများဖြင့်ဆီမှောင်ခိုရောင်းချနေသူများအား စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးမှုပြုလုပ်နေသည်။ “တစ်ချိူ့ကတော့ဆီပန့်တွေမှာ တန်းစီတိုးပြီးရလာသလောက်ကို အပြင်မှာဈေးတင်ပြီးပြန်ရောင်းကြတယ်လေ၊ အဲတော့ဆီပန့်မှာတန်းမစီချင်တဲ့သူတွေအချိန်သိပ်မရတဲ့သူတွေကတော့ ဈေးများမှန်းသိလည်း ဝယ်ကြတာပဲ၊အဓိကဆီရဖို့တွက်ပဲလေ ၊ဆီဆိုင်တွေမှာ တစ်ရက်တစ်ရက်လူတွေကနည်းတာမှမဟုတ်တာ” ဟုဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီလက်အောက်ခံများ လိုက်လံဖမ်းဆီးမှုရှိနေခြင်းကြောင့် တစ်ချိူ့မှောင်ခိုသမားများက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်…