ယခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ် စျေးမြှင့်တက်မှုကြောင့် စိုက်ပျိုးတောင်သူများအခက်ခဲဖြစ်
ခမ်းသားငေါဝ်း၊ မေလ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခုနှစ်စိုက်ပျိုးရာသီနီးစပ်လာသည်နှင့်အမျှ စိုက်ပျိုးစရိတ်နှင့်ကုန်ကြမ်းများ ပိုမိုမြှင့်တက်လာမှုကြောင့် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်၊၊ စိုက်ပျိုးရေးအတွက် မြေသြဇာ၊ မျိုးစေ့၊ ဓာတ်ဆီ၊ဒီဇင်စျေးနှင့် လုပ်အားခများ ယခင်နှစ်ထက် စျေးပိုမြှင့်တက်လာခြင်းဖြစ်သည်ဟု စိုက်ပျိုးတောင်သူထံသိရှိရသည်၊၊…