Author: khamsarngor

နမ်းပန်တွင် စစ်မှုထမ်းအတွက် ညအချိန်မတော်လိုက်ဖမ်းမည်သတင်းကြောင့် လူငယ်များထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ ညောင်ရွှေမြို့ နယ် နန့်ပန်ဒေသရှိ ရပ်ကွက် တချို့တွင် စစ်မှုထမ်းဆောင်ရန်အတွက် ညအချိန် ဝင်ရောက်ဖမ်းဆီးမည်ဆိုသည့် သတင်းကြောင့် ရွာထဲရှိ ယောက်ကျားများ တိမ်းရှောင်နေရကြောင်းဩဂုတ်လ ၂၃ ရက်က ဒေသခံထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေ မြို့ အင်းလေးဒေသရှိ နန့်ပန်မြို့ရပ်ကွက်တွင်စစ်မှုထမ်းရန် စစ်ကောင်စီထံ နာမည်ပေါက်သူကိုဝင်ဖမ်းမည်ဟုသတင်းများထွက်ပေါ်နေသည်။ “ သူကြီး က ဖုန်းခေါ်လာပြီးတော့…

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် စိုးရိမ်သောကြောင့် စာသင်ကျောင်းများမကြာခဏ ပိတ်ထားရ

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်သောကြောင့် စာသင်ကျောင်းများမကြာခဏ ပိတ်ထားရကြောင်း CDM ကျောင်းဆရာမတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စာသင် ကျောင်းများ နှင့် ကျေးရွာစာသင်ကျောင်းများတွင် စစ်ကောင်စီ၏ လေကြောင်းမကြာခဏဝဲနေခြင်းကြောင့်လေကြောင်းရန် ကိုစိုးရိမ်​နေရသည်။ ” ဒီလထဲမှာ လေယာဥ်တွေမကြာခဏ လာဝဲနေတယ်၊ ဗုံးကြဲမှာ ကိုကြောက်တာပေါ့နော်၊…

စစ်ဘေးရှောင်ကလေး ၃ ဦးအား PNLA မှခေါ်ယူထိန်းသိမ်းထားပြီး လာခေါ်ပေးသူကို ကလေးမိဘကတစ်ဦးဆယ်သိန်းပေရဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ ဆီဆိုင်တွင် ဒုတိယအကြိမ်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ကြစဉ် အသက် ၁၅ နှစ်အရွယ် ကလေးသုံးဦးသည် မိသားစုဝင်နှင့်အဆက်သွယ်ပြတ်ပြီး PNLA တပ်ကထိန်းသိမ်းပေးခဲ့ပြီး မိဘကိုပြန်အပ်ရာ သွားရောက်ခေါ်ပေးသည့် အိမ်နီးချင်းက တစ်ဦးဆယ်သိန်းမိဘထံတောင်းခံသည်ဟု အုပ်ထိန်းသူထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘုရားဖြူရွာရှိ ကလေးပျော်ဆုံးသည့်အတွက် မိဘနှင့်အသိုင်းအဝိုင်းများက စိက်ပူကာ လူမှုကွန်ယှက်စာမျက်နှာတွင် တင်သောကြောင့် PNLA က ၎င်းတို့ထံတွင်ရှိနေပြီး…

တအာင်းသူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ် စတင်ဖွင့်လှစ်မည်ဟုဆို

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ တအာင်းသူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ် ကို PSLF/TNLA ကျန်းမာရေးငှာန နှင့် Medical Family Mandalay( MFM )တို့ပူးပေါင်းပြီး သံလွင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၂၂ ရက် နေ့တွင် TNLA ကထုတ်ပြန်ထားသည်။ တအာင်းဒေသထဲရှိ ဝေးလံခေါင်ဖျားသည့် ဒေသတွင် ကျန်းမာရေးစနစ် လက်လှမ်းမမှီတဲ့သူများအတွက် ကျန်းမာရေး…

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုထပ်ဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုထပ်မံဖြစ်ပေါ်နေကြောင်း သြဂုတ်လ(၂၂)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေထပ်မံမြင့်တက်လာပြီး ရပ်ကွက်အချိူ့ရှိလူနေအိမ်များနှင့် လမ်းများပေါ်၌ရေများဝင်ရောက်လျက်ရှိပြီး သွားလာရခက်ခဲသည့်အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ “ရေပြန်ကျတာမှမကြာသေးဘူး စိတ်လည်းမကောင်းဘူး‌ပေါ့နော်၊ မိုးကလည်းခုထိရွာနေတုန်းဆိုတော့ မြေနိမ့်ပိုင်းတွေဆိုရေဝင်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယခုလအတွင်းတာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး၊ သြဂုတ်လ(၁)ရက်နေ့တွင်…

တခြားကုန်ဈေးနုန်းမြှင့်တက်သော်လည်း သနပ်ဖက်ဈေးကျဆင်းသည့်အတွက် တောင်သူများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာသော်လည်း သနပ်ဖက်ဈေးကျဆင်းသည့်အတွက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရပြီး အခက်အခဲများဖြစ်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ ဩဂုတ်လ(၂၂)နေ့တွင် သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်းမှထွက်ရှိသည် သနပ်ဖက်ဈေးသည် ပြီးခဲ့သည့် ဇွန်လ၌အကြီးတစ်ပိဿာ ၁ သောင်း ၅ ထောင်ကျပ် အငယ်တစ်ပိဿာ ၈ ထောင်ကျပ်ရှိနေပြီး လက်ရှိတွင်တခြားကုန်ဈေးနုန်းမြှင့်တက်သော်လည်း သနပ်ဖက်ဈေးသည် အကြီးတစ်ပိဿာ ၁ သောင်းကျပ်၊ အသေးတစ်ပိဿာ ၅ ထောင်ကျပ်ကျဆင်းသည့်အတွက်…

ရှမ်မြောက်သို့သွားမည့် နို့စို့ကလေးအရွယ်ကလေးအပါဝင် ၁၆၀ ကျော်အားမြေမဲဂိတ်တွင် PNO ဖမ်းဆီးမိပြီး စစ်ကောင်စီသို့အပ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းဘက်မှ ရှမ်းမြောက်သို့သွားမည့် နို့စို့ကလေးငယ်အပါအဝင် ၁၆၀ ဦးကျော်အား မြေမဲစစ်ဆေးရေးဂိတ်တွင် PNO ပြည်သူ့စစ်ကဖမ်းဆီးပြီး စစ်ကောင်စီထံသို့ လွဲပြောင်းပေးခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် မြေမဲဂိတ်တွင် ဩဂုတ် ၂၀ ရက်နေ့၌ ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းဘက်မှ ရှမ်းမြောက်သို့သွားမည့် နို့စို့ကလေးငယ်အပါအဝင် ၁၆၀ ဦးကျော်အား မြေမဲဂိတ်တွင် PNO ပြည်သူ့စစ်ကဖမ်းဆီးထားပြီး ထိုရက်ပင်စစ်ကောင်စီနှင့်…

အောင်ပန်းတွင် တောင်ကြီးကိုတက်လာသည့် ဆီဘောက်ဆာယာဥ်တိမ်းမှောက်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ အောင်ပန်းတွင် တောင်ကြီးခွဲတန်းအတွက် ဆီလာပို့သည့် ဆီဘောက်ဆာယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်းပန်း-ကလော လမ်းခွဲ လပ်ကီးဆဲဗင်း စက်သုံးဆီဆိုင် အနီး၌ သြဂုတ်လ ၂၁ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် တောင်ကြီးခွဲတန်းအတွက် မန္တလေးမှ တက်လာသော ပရီမီယံဆီဘောက်ဆာယဥ်တစ်စီး တိမ်းမှောက်ခဲ့သည်။ ” တောင်ကြီးခွဲတမ်းအတွက် ဆီလာပို့တာလို့ပြောတယ်၊…

နောင်ချိုမြို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းလာခြင်းကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ နောင်ချိုမြို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းလာသည့်အတွက်ကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း PSLF/TNlAက သြဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ သရက်ချို၊ တောင်ခမ်းနှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ယမန်နေ့မနက် ၉ နာရီ ၁၃ မိနစ် အချိန်တွင်…

အင်အားတစ်သောင်းဖြင့် PNO/PNA ပြည်သူ့စစ် စစ်သင်တန်းဆင်းပွဲပြုလုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ အင်အားတစ်သောင်းဖြင့်PNO /PNA ပြည်သူ့စစ် စစ်သင်တန်း ဆင်းပွဲကို သြဂုတ်လ၂၁ ရက်နေ့တွင် ပင်လောင်းမြို့နောင်တရားဒေသ၌ ပြုလုပ်‌ခဲ့ကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ဒေသခံပြည်သူများက မိမိတို့ဒေသကာကွယ်ရေးနှင့် လုံ ခြုံရေးရေးကိစ္စဆောင်ရွက်နိုင်ရန်အမှတ်စဥ်(၁) စစ်အင်အားတစ်သောင်းဖြင့် PNO/PNA ပြည်သူ့စစ် စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်၊၊ “ငါးရက်လောက် အတင်းအဓမ္မ တစ်အိမ်တစ်ယောက်မတက်မနေရဆိုပြီး…