နမ့်ခမ်းမြို့နယ်တွင် မိုးရေကြီးသဖြင့် မြေပြိုပြီး နေအိမ်များပျက်စီး၊ ကလေးတစ်ဦးသေဆုံး
ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသကျေးရွာအတော်များများတွင် မိုးရေကြီးမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး မန်ကန်ရွာရှိ အသက်(၁)နှစ်ကျော် ကလေးငယ်တစ်ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့သြဂုတ်လ(၉)ရက်နေ့ နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသရှိ ကျေးရွာများတွင်မိုးသည်းထန်စွာရွာပြီးမြေပြိုမှုကြောင့် လူနေအိမ်များပျက်စီးကာ…