Author: khamsarngor

လားရှိုးမြို့တွင် ခိုးယူခံထားရသည့် မော်တော်ယာဉ်များ အမြန်ဆုံးလာယူရန် MNDAA အသိပေးထုတ်ပြန်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ လားရှိုးမြို့တွင် ဩဂုတ်လ ၃ ရက်နေ့မှစတင်ကာ လွတ်မြောက်ရေးရရှိခဲ့ပြီဖြစ်သည့်အတွက် ခိုးယူခံထားရသည့် ကား၊ ဆိုင်ကယ်အား ယာဉ်ပိုင်ဆိုင်သတ်သေလက်မှတ်နှင့်အတူ အမြန်ဆုံးလာယူရန်ဖိတ်ခေါ်ကြောင်း MNDAA ကဩဂုတ် ၂၄ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ပွဲအတွင်း အချို့သောရာဇဝတ်ကောင်များသည် အခွင့်ကောင်းယူပြီး မော်တော်ယာဉ်များနှင့် ပုဂ္ဂလိကပိုင်အိမ်တွင်းပစ္စည်းများ ခိုယူမှုရှိရာ ယခုလွတ်မြောက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ…

စစ်ကောင်စီက ပြည်သူများအားဦးတည်ကာ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် တစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီက ပြည်သူများအား ဦးတည်ကာ ဩဂုတ်လ ၂၄ ရက်နေ့၌ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ၊တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် ပြည်သူများအား ဦးတည်ကာ စစ်ကောင်စီကလက်နက်ကြီး(၆)လုံးပစ်ခတ်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရပြီး သီပေါမြို့ရွှေကျောင်းရပ်ကွက်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ခြင်းကြောင့် အသက်(၆၀)ကျော်အမျိုးသားတစ်ဦး ဦးခေါင်းပြတ်ဒဏ်ရာနှင့် ပွဲချင်းသေဆုံးခဲ့ကြောင်း…

PRF ထောက်ပို့ရေးမိသားစုတွေကို အသိအမှတ်ပြုကြောင်း NUG ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးဆို

ခမ်းသားငေါဝ်း ဩဂတ် ၂၅၊ ၂၀၂၄ PRF ထောက်ပံ့ရေးမိသားစုတွေကို တော်လှန်ရေးရဲဘော်အဖြစ် အသိအမှတ်ပြုကြောင်း NUG ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးက ဩဂုတ် ၂၄ ရက်တွင်ဆိုထားသည်၊၊ ပြည်ထောင်ကာကွယ်ရေးဝန်ကြီးဌာနမှ စီစဥ်ပြုလုပ်နေသည့် PRF မိသားစုဝင် ပြည်သူ့တော်လှန်ရေး ထောက်ပို့ရေးအစီစဥ်တွင် တော်လှန်ရေးအောင်ပွဲဆက်လက်ရတဲ့ထိ အင်မတန်မှအရေးကြီးသည့်အတွက် ထောက်ပို့ဆောင်ရွက်သည့်ရဲဘော်များကို တော်လှန်ရေးရဲဘော်အဖြစ်အသိအမှတ်ပြုကြောင်း NUG ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးကဆိုသည်၊၊ “စစ်သားတစ်ယောက် ရှေ့တန်းတက် တိုက်ပွဲဝင်ဖို့ နောက်ကနေထောက်ပို့လုပ်ပေးတဲ့ရဲဘော် အနည်းဆုံးငါးဦးလောက်လိုတယ်လို့…

မောင်တောမြို့ကို မကြာခင် အလုံးစုံထိန်းချုပ်နိုင်တော့မည်ဟု AA ထုတ်ပြန်

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊ ၂၀၂၄ မောင်တောမြို့တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေလျှက်ရှိပြီး မကြာခင်တွင် အလုံးစုံထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့တွင် AA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေလျှက်ရှိပြီး မောင်တောမြို့သည် အာရက္ခတပ်တော် AA ၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့တစ်မြို့ ဖြစ်လာတော့မည်ဟု AA က ဆိုထားသည်။ မောင်းတောမြို့တွင်…

ကျောက်နီတိုက်နယ်အတွင်း စစ်မှုထမ်းအတွက်နှင့် RCSS ဆက်​ကြေးအတွက် ငွေကောက်ခံမှုကြောင့် ဒေသခံအခက်ခဲဖြစ်

ခမ်းသားငေါဝ်း သြဂုတ် ၂၄၊ ၂၀၂၄ ကျောက်နီတိုက်နယ် ရှိကျေးရွာများတွင် စစ်မှုထမ်းအတွက်နှင့် RCSS ဆက်​ကြေးအတွက် ငွေကောက်ခံမှုကြောင့် ဒေသခံအခက်ခဲဖြစ်နေရကြောင်း ဒေသခံကပြောသည်။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် ‌ကေျာက်နီတိုက်နယ်အတွင်းရှိကျေးရွာများတွင် စစ်မှုထမ်းလူငှားရန်အတွက် တစ်အိမ် ၅ သောင်းနှုန်းနှင့် RCSS ဆက်ကြေးအတွက်တစ်အိမ် တစ်သောင်း ငွေကြေးကောက်ခံနေကြောင်းသိရသည်။ “ကျောက်နီတိုက်နယ်ကအကုန်ထည့်ပေးရတယ် အခုကငွေကြေး အရမ်းကြပ်တဲ့ကာလလေ ဒါပေမယ့် ထည့်ပေးရတာပဲ”ဟု ဒေသခံ…

ဆီဲဲဆိုင်မြို့တွင်တစ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ် ၅၀ နီးပါးသေဆုံး

ခမ်းသားငေါဝ်း သြဂုတ် ၂၄၊ ၂၀၂၄ PNLA ရှိသည့်နေရာများသို့ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာခြင်းကြောင့် သြဂုတ်လတစ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွား စစ်ကောင်စီ တပ် ၅၀ နီးပါးသေဆုံး ခဲ့ကြောင်း PNLA ကထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသေဆုံးခဲ့ပြီး အလောင်း ၃၁ လောင်း ကျန်ရှိခဲ့ကာကျန်ရှိခဲ့သည့်…

အခြေခံစစ်သင်တန်းပညာသည် အထူးဒေသ ၆ တွင်ရှိသည့် နယ်မြေ အားလုံးတွက်ဖြစ်ကြောင်း စန္တားခမ်း ဒုဗိုလ်မူးကြီးဖြားခွန်ဒေဝဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊ ၂၀၂၄ အခြေခံစစ်သင်တန်းပညာသည် ကိုယ့်ကိုယ်အတွက်၊ ရွာအတွက်၊ ဒေသအတွက်၊ (စန္တာခမ်း)နောင်တရားဒေသတွက်ပဲမဟုတ် အထူးဒေသ ၆ တွင်ရှိသည့် နယ်မြေ အားလုံးတွက်ဖြစ်ကြောင်း PNO ပြည်သူ့စစ် စန္တားခမ်း ဒုဗိုလ်မူးကြီးဖြားခွန်ဒေဝက ဩဂုတ် ၂၁ ရက် နောင်တရားဒေသ အခြေခံစစ်ပညာသင်တန်းဆင်းပွဲတွင် ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်းအမှတ်စဉ် ၁…

ဒီမောဆို အနောက်ဖက်ခြမ်းတွင် mobile banking ဝန်ဆောင်ခများ ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းထိပြန်လည်ကျဆင်းလာ

ခမ်းသားငေါဝ်း သြဂုတ် ၂၄၊ ၂၀၂၄ ဒီမောဆို အနောက်ဖက်ခြမ်းတွင် mobile banking ဝန်ဆောင်ခများ ၁၀ ရာခိုင်းနှုန်းမှ ၂ ရာခိုင်နှုန်းအထိပြန်လည်ကျဆင်းပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား) ပြည်နယ်၊ ဒီမောဆို အနောက်ဖက်ခြမ်းတွင် mobile banking များဖြစ်သည့် Kpay၊ Wave Pay ထုတ်ယူမှုဝန်ဆောင်ခများ ဇူလိုင်လတွင် ၁၀ ရာနှုန်းကျော်ရှိခဲ့ရာ ယခု ၂…

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝမ်စိမ်း ခိုလမ်သွားလမ်း ရေကြီးရေလျှံမှု ဖြစ်ပွား

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊၂၀၂၄ မိုးဆက်တိုက်ရွာသွန်းမှုကြောင့်ဝမ်စိမ်းမှ ခိုလမ်မြို့သွားသည့် လမ်းတွင် ရေကြီးရေလျှံမှုဖြစ်ပြီးခရီးသွားသူများ အခက်ခဲဖြစ်နေကြောင်း ဩဂုတ်လ (၂၂)ရက်တွင် သိရသည်။ ရှမ်းပြည်တောင်ပိုင်း ဝမ်စိမ်းနှင့် ခိုလမ်မြို့သို့ သွားသည့်လမ်း နမ့်ဟူးကူရွာနားတွင် နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်။ “မနက်သွားတုန်းက အဲ့လောက်မကြီးသေးဘူး။ မိုးကမတိတ်တော့ ရေကပိုကြီးလာဖို့ပဲရှိတယ်။ ငါ့ဆိုင်ဆယ်လည်း ‌ဒီနားဖြတ်လိုက်တော့ တော်တော်နဲ့ စက်နိုးမရဘူး”ဟု ခရီးသွားသူတစ်ယောက်က…

ပြည်သူ့စစ်သင်တန်းမတက် နိုင်သည့်ပြည်ပရောက်လူငယ်များကို PNO ပြည်သူ့စစ်က တစ်ဦး ငွေသုံးသိန်းကောက်ခံ

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ တောင်ကြီးမြို့နယ်တောင်ဘက်ရှိ ကျေးရွာအုပ်စုအချိူ့တွင်ပြည်သူ့စစ်သင်တန်းမတက်ရောက်နိုင်သည့်နိုင်ငံခြားရောက်‌သူများကို တစ်ယောက်သုံးသိန်းနူန်းဖြင့်PNO ပြည်သူ့စစ်ကကောက်ခံနေကြောင်းဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်ထီဖောင်းကျေးရွာအုပ်စုတွင် PNOပြည်သူ့စစ်က ဆယ်ရက်တစ်ကြိမ်တပ်သားသစ်များစုဆောင်းနေပြီးသင်တန်းမတက်ရောက်နိုင်သည့်နိုင်ငံခြားရောက်နေသူများကိုငွေကြေး ကောက်ယူနေကြောင်းသိရသည်။ “ရွာမှာရှိတဲ့သူတွေကပိုက်ဆံထည့်လို့မရဘူး၊နိုင်ငံခြားရောက်နေတဲ့သူတွေပဲထည့်ရတာ၊တစ်ရွာကိုတစ်ယောက်၊ ရွာကြီးရင်တော့နှစ်ယောက်ဝင်ရတယ်၊ တစ်သုတ်ပြီးတစ်သုတ်မဲနိုက်စနစ်နဲ့သွားကြရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ စစ်သင်တန်း(၁၀)ရက်တက်ပြီးသည့်သူများကိုလုံခြုံရေးကင်းစောင့်ရန်အဖြစ်အခြားရွာသို့(၃)ရက်သွားစောင့်ပေးရကြောင်းသိရသည်။ စစ်မှုထမ်းဥပဒေကြောင့်ပြည်ပသို့လူငယ်အများအပြားထွက်ပြေးတိမ်းရှောင်ပြီးနောက်ပိုင်းစစ်ကောင်စီကစစ်မှုထမ်းအကျူံးဝင်လူငယ်များကိုပြည်ပထွက်ခွင့်ကန့်သတ်ထားကြောင်းသိရသည်။ ပအိုဝ်းဒေသ တွင် စစ်ကောင်စီ ၏ ပြည်သူ့စစ်မှုထမ်း အပြင် PNO ပြည်သူ့စစ် တပ်သားခေါ်ယူခြင်းပါခံနေရကြောင်းသိရသည်။ ပုံစာ- ဖာမွုန်းရွာတွင် PNO ပြည်သူ့စစ်…