ဆီဆိုင်မြို့နယ် တောတောင်အတွင်း စစ်ရှောင်သူများ စားနပ်ရိက္ခာနှင့်မိုးကာများအရေးပေါ်လိုအပ်
ခမ်းသားငေါဝ်း သြဂုတ် ၂၆၊ ၂၀၂၄ ဆီဆိုင်မြို့နယ်၊တောင်ယာတောအတွင်း စစ်ဘေးရှောင်နေရသူများ စားနပ်ရိက္ခာ၊အမိုးအကာများ အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော လွယ်ထွယ်ရွာမှ အိမ်ထောင်စု (၁၂၀)၊လူဦးရေ(၆၀၀)ကျော်သည် လက်ရှိတွင် တောင်ယာတောထဲ တဲထိုးပြီး အဆင်ပြေသလိုနေထိုင် စားသောက်နေရပြီး အခြေခံစားသောက်ကုန်၊ ဆန်၊ဆီ၊ဆားနှင့် အမိုးအကာများ လိုအပ်နေကြောင်းသိရသည်။ “မိုးရွာရင် ပိုပြီး ဒုက္ခရောက်ကြတယ်။လိုအပ်ချက်တွေတော့ အများကြီးပေါ့။ကိုယ်တိုင်သွားနိုင်သူများ သွားရောက်ကူညီပေးစေချင်တယ်”ဟု…