Author: khamsarngor

မန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးကွပ်ကဲသည့် တပ်စခန်း ကို TNLAမှ အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ၂၄၊ ၂၀၂၃ ရှမ်းပြည်နယ် မြောက်ပိုင်းမန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းပွဲကို တအောင်းတပ်မတော် TNLA က ဒီဇင်ဘာ ၂၂ ၌ အလုံးစုံထိန်းချုပ်သိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ…

ဗန်းမောက်စစ်ရှောင်စခန်းသို့ စစ်ရှောင်ကူညီရန်သွားသူများကို စစ်ကောင်စီက ဓားထောက်စစ်ဆေးခြိမ်းခြောက်မှုပြုလုပ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်း – ဖယ်ခုံ နယ်စပ်ရှိ ဗန်းမောက်ကျေးရွာသို့သွားသည့် စစ်ရှောင်ကူညီသူများကို စစ်ကောင်စီက ဓားထောက်ခြိမ်း ခြောက်သည့်အတွက် စစ်ရှောင်များကိုအကူအညီပေးရန် အခက်အခဲရှိနေကြောင်းသိရသည်။ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်ကူညီလုပ်ဆောင်ပေးသူများကို စစ်ကောင်စီက ဒီဇင်ဘာ ၂၀…

စစ်ကောင်စီတပ်လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် (၁၅‌)လုံး ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၃၊၂၀၂၃ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် (၁၅‌)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းမြောက် မန်တုံမြို့တွင် တအာင်းတပ်မ‌တော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ(၁၉)ရက်နေ့မှ ဒီဇင်ဘာလ(၂၂)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်…

နမ်းခမ်းမြို့တိုက်ပွဲတွင် အရပ်သား(၁၄)ဦးသေဆုံးပြီး အရပ်သားနေအိမ်(၁၂၇)လုံး ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၃၊၂၀၂၃ တိုက်ပွဲတစ်လကျော်ကာလကြာမြင့်ခဲ့သည့် နမ်းခမ်းမြို့တိုက်ပွဲတွင် အရပ်သား(၁၄)ဦးသေဆုံး၊ (၂၆)ဦးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်(၁၂၇)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ရှမ်းမြောက် နမ်းခမ်းမြို့တွင် တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ တစ်လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သား(၁၄)ဦးသေဆုံး၊ (၂၆)ဦးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်…

လွတ်လပ်သည့်သတင်းမီဒီယာ ကာကွယ်နိုင်ရန် လွတ်လပ်သည့်မြန်မာသတင်းမီဒီယာကောင်စီဖွဲ့စည်း

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၃၊ ၂၀၂၃ သတင်းမီဒီယာလွှတ်လပ်ခွင့်နှင့်မီဒီယာစိန်ခေါ်မှုဆိုးရွားလာသည့် အခြေအနေကြောင့် ပြည်တွင်းပြည်ပရှိ လွတ်လပ်သောမြန်မာမီဒီယာများစုပေါင်း၍ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)ကို ဒီဇင်ဘာ၂၂ ရက် နေ့ထိုင်းနိုင်ငံ တစ်နေရာတွင် ဖွဲ့စည်းလိုက်သည်။ စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းမီဒီယာသမားများအား ချွင်းချက်မရှိ လွှတ်ပေး ရန်လည်း…

တရုတ်ဂက်စ်ပိုက်လိုင်းတလျှောက်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဂက်စ်ပိုက်လိုင်းပေါက်ကွဲမည်ကိုပြည်သူစိုးရိမ်

ခမ်းသားငေါဝ်း ဒီဇင်ဘာလ ၂၂ ၊၂၀၂၃ မြှုပ်နှံထားသည့်ပိုက်လိုင်းတည်ရှိရာနေရာများကိုစစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်မည်ကိုပြည်သူများစိုးရိမ်နေရကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြောဆိုထားသည်။ ရှမ်းမြောက်တိုက်ပွဲအတွင်း ပြည်သူလူထုများလူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့်ပတ်သက်ပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီဇင်ဘာ ၂၁ ရက်တွင် အစီရင်ခံစာထုတ်ပြန်ထားကြောင်းသိရသည်။ “စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်ပြီးစစ်ရာဇဝတ်မှုကျူးလွန်တာရှိတယ်၊ စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီး…

အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပေါ် ကူညီကာကွယ်ပေးပါရန် India For Myanmarက မဏိပူရဝန်ကြီးချုပ်ထံ တောင်းဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၂၊၂၀၂၃ ဆီးခံရမှုကို လွတ်ပေးပါရန်နှင့် မဏိပူရပြည်နယ်အတွင်းခိုလှုံသူများကို ကူညီကာကွယ်ပေးရန် India For Myanmarက ယနေ့ဒီဇင်ဘာလ(၂၂)ရက်နေ့တွင် တောင်းဆိုထားပါသည်။ အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပေါ် ဆိုးဝါးစွာသံသယဝင်နေမှုများကို လျှော့ချပြီး ဖမ်းဆီးခံရမှုကို အမြန်ဆုံးလွတ်ပေးပါရန်နှင့် မဏိပူရပြည်နယ်အတွင်းခိုလှုံသူများကို စနစ်တကျစာရင်းပြုစုကာ…

ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့ တက်လာသည့် လူနာတင်ကားတစ်စီး ဓားပြတိုက်ခံရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၂၊၂၀၂၃ ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့ တက်လာသည့် လူနာတင်ကားတစ်စီး ပင်လောင်းမြို့နယ်တွင် ဓားပြတိုက်ခံရကြောင်း ကိုယ်တိုင်ကြုံတွေ့သူပြောပြချက်အရ သိရသည်။ ဒီဇင်ဘာ၂၀ ရက်နေ့ ည ၈ နာရီအချိန်တွင် အဆိုပါ လူနာတင်ကားသည် ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့…

ထီရီးရွာအတွင်း လက်နက်ကြီးကျရောက်မှုဆက်ရှိနေပြီး ဒေသခံများ ထပ်မံထွက်ပြေးနေရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၁၊၂၀၂၃ ရှမ်းတောင် ညောင်ရွှေမြို့နယ် ထီးရီးကျေးရွာအတွင်း ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ လက်နက်ကြီးကျရောက်မှု ဆက်ရှိနေပြီး ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။…

လွိုင်ကော်အကျဥ်းထောင်ရှိ အကျဥ်းသား(၅၀၀) ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၁၊၂၀၂၃ လွိုင်ကော်အကျဥ်းထောင်ရှိ အကျဥ်းသား(၅၀၀) ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။ ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းထောင်အတွင်းအခြေအနေသည် အလွန်ဆိုးရွားနေပြီး အကျဥ်းသား(၅၀၀) ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများအရေးပေါ် လိုအပ်နေကြောင်း ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA)က…