Author: khamsarngor

တောင်ကြီးတွင် မီးပျက်နေချိန် သူခိုးများ အခွင့်ကောင်းယူပြီး မီးကြိုးများ လိုက်လံခိုးနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ တောင်ကြီးမြို့တွင် မီးပုံမှန်မလာခြင်း၊ မီးနေ့စဉ်နေ့တိုင်းပျက်နေခြင်းကို သူခိုးများ အခွင့်ကောင်းယူပြီး မီးကြိုးများ လိုက်လံခိုးယူနေကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မီးပုံမှန်မလာသဖြင့် မီးပျက်နေသည့်အချိန်များ၌ သူခိုးများက အခွင့်ကောင်းယူပြီး ရပ်ကွက်တွင်းရှိ မီးကြိုးများ၊…

မှော်ဘီ ဂိတ်နှစ်ခုတွင် ဂိတ်စောင့်စစ်သားများက ခရီးသွားလာပြည်သူများကို ရိုက်နှက်စစ်ဆေးပြီး ငွေတောင်းနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ မှော်ဘီ ကျေးရွာအနီးရှိ တံတားပေါ်ဂိတ်နှင့် အဝိုင်းပတ်ဂိတ်တွင် ခရီးသွားလာပြည်သူများကို ရိုက်နှက်စစ်ဆေးပြီး ငွေတောင်းနေကြောင်း ခရီးသွားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊မှော်ဘီကျေးရွာရှိ တံ‌‌တားပေါ် နှင့် အဝိုင်းပတ် စစ်ကောင်စီတပ် နှင့်…

တောင်ကြီးရှိ ရွှေတောင်ရိုးကားခြံ မီးလောင်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံအား ယနေ့နံနက်အစောပိုင်း ၁ နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံကို ယနေ့ဇန်နဝါရီလ ၁၈ ရက်က်နေ့ နံနက် ၁၂ နာရီ ၅၈…

ဒေါတခြောကျေးရွာသို့ ထပ်မံရောက်လာသည့် စစ်ရှောင်မိသားစုများအား PNLOမှ ဆန် ဆီ ဆား များကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ကရင်နီ နယ်စပ်ရှိ ဒေါတခြောကျေးရွာသို့ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထပ်မံရောက်ရှိလာသည့် ကရင်နီပြည်မှ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စစ်ဘေးရှောင်များအတွက် ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ သွားရောက်ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။…

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်‌ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်သားများအတွက် ဒေသခံကျေးရွာများ နေ့စဉ်ထမင်းထုပ်ပြီး ပို့ပေးရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ စံကားအင်းဒေသတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNA)တပ်သားများအတွက် ရွာသားများက စားနပ်ရိက္ခာထောက်ပံ့ ပေးနေရကြောင်း ခမ်းသားငေါဝ်းမှ စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသရှိ ဒေသခံပြည်သူများသည် ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်‌ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် (PNA)…

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင်များ အလုပ်အကိုင်ရှားပါးပြီး လုပ်အားခနှိမ်ခံရ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း လာရောက်တိမ်းရှောင်နေသည့်စစ်ရှောင်များအလုပ်အကိုင် ရှားပါးပြီး လုပ်အားခနှိမ်ခံရနေရကြောင်း စစ်ရှောင်တစ်ဦးက ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောသည်။ အလှူရှင်နည်းပါးသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲရှိနေပြီး စစ်ရှောင်အများစုအလုပ်အကိုင် လိုအပ်သော်လည်း စစ်ရှောင်များကို…

တောင်ကြီးတွင် လျှပ်စစ်မီးပုံမှန်မလာ၍ လုပ်ငန်းခွင်များ နှင့် အိမ်ရှင်မများ အခက်ခဲဖြစ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ တောင်ကြီးမြို့ပေါ် ရှိ ရပ်ကွက်များတွင် လျှပ်စစ်မီးပုံမှန်လာခြင်းမရှိသောကြောင့် မီးနှင့်အလုပ်လုပ်နေရသည့် လုပ်ငန်းများနှင့် အိမ်ရှင်မများ အခက်အခဲ ဖြစ်ရကြောင်း အမျိုးသမီးတစ်ဦးထံမှ သိရသည်။ လျှပ်စစ်မီးပုံမှန်ပျက်လေ့ရှိသော်လည်း ယခုရက်ပိုင်းတွင် နေ့စဉ်မီးပျက်နေပြီး မီးလာချိန်အနည်းသာရှိသောကြောင့် မီးသုံးရန်လိုအပ်သည့်လုပ်ငန်းများ နှောင့်နှေးခြင်း၊…

ပင်လောင်းသို့ ရောက်ရှိသည့် စစ်ရှောင်များ မတူညီသည့် ရာသီဥတုဒဏ်များကြောင့် စစ်ရှောင်ကလေးငယ်များ ဖျားနာဖြစ်ပွား

ခမ်းသားငါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ပင်လောင်းသို့ ရောက်ရှိလာသည့် ဖယ်ခုံမှ စစ်ဘေးရှောင်များသည် မတူညီသည့် ရာသီဥတုဒဏ်များကြောင့် စစ်ရှောင်ကလေးငယ်များ ဖျားနာနေကြရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ စစ်ပွဲကြောင့် ဖယ်ခုံမြို့မှ ဒေသခံများသည် နီးစပ်ရာ ပင်လောင်းမြို့နှင့် အနီးအနားတစ်ဝိုက်ကျေးရွာများတွင် စစ်ရှာင်ခဲ့ကြရပြီးနောက်…

ဆီဆိုင် မဲဟဲရွာတွင် စစ်ကောင်စီ နှင့် PNO ဂိတ်လာဖွင့်ပြီး တင်းကြပ်စစ်ဆေးသဖြင် ဒေသခံများ အခက်ခဲဖြစ်ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ဆီဆိုင်မြို့နယ် မဲဟဲရွာ အဝင်တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်က ဂိတ်လာဖွင့်ပြီး ဒေသခံများအား တင်းတင်းကြပ်ကြပ် စစ်ဆေမှုများပြုလုပ်နေ ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ မဲဟဲရွာ အဝင်တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်က…

နမ့်စန်တွင် တိုက်လေယာဥ်များ နေ့ရောညပါအဆက်မပြတ် ဆင်းတက်နေသဖြင့် ဒေသခံပြည်သူများ ထိခိုက်ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ နမ့်စန်မြို့တွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များ နေ့ရောညပါဆင်းတက်နေသဖြင့် အရပ်သားပြည်သူများ၏ နေထိုင်မှုကို ထိခိုက်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ယခုရက်ပိုင်းတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များသည် ရှေ့တန်းစစ်မြေပြင်စစ်ကူသွားရန် နေ့ရောညပါဆင်းတက်နေသဖြင့် အရပ်သားပြည်သူများ၏…