Author: khamsarngor

ဆီဆိုင်မြို့တွင်း အခြေနေမငြိမ်သေးသည့်အတွက် နေရပ်ပြန်၍မရသေး ဟု ဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊၂၀၂၄ ဆီဆိုင်မြို့နှင့် ကျေးရွာများအတွင်း အခြေနေတည်ငြိမ်မှုမရှိသေးသောကြောင့် တိမ်းရှောင်ရသည့်ပြည်သူများအနေဖြင့် နေရပ်ကိုမပြန်လာသင့်သေးကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှသိရသည်။ လက်ရှိ ဇန်နဝါရီ ၃၀ ရက်နေ့အထိ စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များက ဆီဆိုင်မြို့တွင်း လေယာဥ်ဖြင့်ဗုံးကြဲခြင်း လက်နက်ကြီးဖြစ်ပစ်ခတ်ခြင်းတို့ကိုပြုလုပ်နေသေးကြောင်းသိရသည်။ “မြို့ထဲမှာအခြေနေမကောင်းဘူး။ ဗုံးတွေကြဲချနေတုန်း၊…

တိုက်ပွဲဖြစ်ပွားနေသဖြင့် ထီရီး‌ဒေသခံများ ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး အခက်အခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊၂၀၂၄ ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ထီရီးရွာဒေသခံများ ရွာလုံးကျွတ် နီးစပ်ရာကျေးရွာတွင် တိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လမ်တောင်ကျေးရွာအုပ်စု ထီရီးကျေးရွာတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ထီရီးရွာဒေသခံများ နီးစပ်ရာကျေးရွာတွင် တိမ်းရှောင်နေကြကြောင်း…

ဆီဆိုင်တွင် ပိတ်မိနေသည့် ညီလေးကိုသွားခေါ်ရာ ညောင်ကိုင်းရွာအရောက်တွင် စစ်ကောင်စီ နှင် ပြည်သူ့စစ်က ဆိုင်ကယ်သိမ်းယူ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊၂၀၂၄ ဆီဆိုင်တွင် ပိတ်မိနေသည့် ညီလေးကိုသွားခေါ်ရာ ညောင်ကိုင်းရွာအရောက်တွင် စစ်ကောင်စီ နှင် ပြည်သူ့စစ်က ဆိုင်ကယ်ကို သိမ်းယူခဲ့ကြောင်း အမျိုးသားတစ်ဦးထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၁၀…

ဖယ်ခုံတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံနေအိမ် ၆ လုံး ပျက်စီး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊၂၀၂၄ ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၆ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတော့ဘဲ စစ်ကောင်စီဖက် လက်နက်ကြီး နေ့စဉ်ပစ်ခတ်မှုရှိနေပြီး ဒေသခံ…

PNO ပြည်သူ့စစ်က ရွာသားများကိုပြည်သူ့စစ်ဝင်ရန်အ မိန့်ပေးသည့်အတွက် ဒေသခံများအခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၉၊ ၂၀၂၄ ဟို့ပုံးမြို့နယ်အတွင်းကျေးရွာများကို PNO ပြည်သူ့ စစ်က အတင်းအဓမ္မ စစ်သားစုဆောင်းနေခြင်းကြောင့် ဒေသခံပြည်သူများအခက်ခဲရှိနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်ဒေးကျေးရွာအုပ်စုတွင် ကျေးရွာလူကြီးများကို ခေါ်ယူဆွေးနွေးပြီး အိမ်တိုင်းလိုလို အိမ်ထောင်စုဇယားများကောက်ကာ ကျေးရွာအုပ်စု တစ်စုကို…

ကျန်ရှိအိုးအိမ်ပစ္စည်းများကို ကာကွယ်စောင့်ရှောက် ပေးရန် နှစ်ဘက်လက်နက်ကိုင်တပ်အကြီးအကဲကို ဒေသခံတောင်းဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၉၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားသည့် ဆီဆိုင်မြို့တွင် ဒေသခံများ ကျန်ရှိအိုးအိမ်ပစ္စည်းများကို ကာကွယ်စောင့်ရှောက် ပေးရန် နှစ်ဘက်လက်နက်ကိုင်တပ် အကြီးအကဲ များကို ဒေသခံက တောင်းဆိုလိုက်ကြောင်းသိရသည်။ နှစ်ဖက်တပ် လက်အောက်ငယ်သားများက ပြည်သူ့၏အိုးအိမ်ပစ္စည်းကိုဖျက်ဆီးခြင်း၊ ခိုးယူသုံးစွဲခြင်းများ မပြုလုပ်ရန်နှင့်…

ဆီဆိုင်မြို့တွင် လက်နက်ကြီးထိမှန်သည့်ဒေသခံ အမျိုးသမီးတစ်ဦး ဆေးကုသရန်အခက်ခဲရှိနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ထားသည့် ဒေသခံ အမျိုးသမီးတစ်ဦး ဆေးကုသရန်ခက်ခဲရှိနေ ကြောင်းသိရသည်။ ထိုအမျိုးသမီးသည် ယခုဆီဆိုင်မြို့နယ်တောတွင်း တစ်နေရာတွင် စစ်ရှောင်နေရပြီး စစ်ရှောင်သည့်နေရာတွင်လည်း ဆေးဝါးများမရှိကြောင်း သိရသည်။…

လုံခြုံမှုအားနည်းနေဆဲ ဆီဆိုင်မြို့တွင် နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းမပြုလုပ်ရန် PNLO မေတ္တာရပ်ခံ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၉၊ ၂၀၂၄ ဆီဆိုင်မြို့တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေယာဥ် ဗုံးကြဲမှုပြုလုပ်နေဆဲဖြစ်ပြီး လုံခြုံမှုအားနည်းနေဆဲကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းမပြုလုပ်ရန် PNLO မေတ္တာ ရပ်ခံထားသည်။ မိဘပြည်သူများအနေဖြင့် မလိုလားသည့်ထိခိုက်မှုများမဖြစ်စေရန် ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း…

စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ် ၃ ဦးကို PNLAက မူးယစ်ဆေးဝါးနှင့်အတူဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၉၊၂၀၂၄ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် တပ်သား (၃) ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ပအိုဝ်းအမျိုးသားတပ်မတော်PNLAက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဆီိဆိုင်မြို့နယ်အတွင်း PNLA တပ်မတော်မှ လုံခြုံရေးကင်းလှည့်လှုပ်ရှားစဥ် စစ်ကောင်စီနှင့်လက်အောက်ခံ…

ဆီဆိုင်မြို့တွင်း ဖောက်ထွင်းသမား သူခိုး ၃ ဦးကို PNLA ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၉၊ ၂၀၂၄ ဆီဆိုင်မြို့အတွင်း PNLA ပြည်သူ့လုံခြုံရေးကင်းလှည့် စဥ်နေအိမ်ဖောက်ထွင်းသမား သူခိုး ၃ ဦးကိုဇန်နဝါရီ ၂၈ ရက်က ဖမ်းဆီးရမိကြောင်းသိရသည်။ ဆီဆိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားပြီး အရပ်သားပြည်သူများ အိုးအိမ်စွန့်ခွါ ဘေးလွတ်ကင်းရာကိုတိမ်းရှောင်သွားနေရသည့်အတွက် သူခိုးများအခွင့်ကောင်းယူပြီးပြည်သူ့ဆိုင်ခန်းနှင့်…