Author: khamsarngor

စစ်ကောင်စီ တပ်စခန်း (၃)ခု သိမ်းယူခဲ့ပြီး သံချပ်ကာတင့်ကား(၁)စီးကိုလည်း MNDAA ထပ်မံသိမ်းဆည်းရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၈၊၂၀၂၃ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ နှင့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခု အပါအဝင် တပ်စခန်း ၃ ခုကို MNDAA က နိုဝင်ဘာလ ၇ ရက်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း…

စစ်ကိုင်းတိုင်း တမူးခရိုင်ရှိ ခမ်းပတ်မြို့ကို KIA၊ PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာလ ၇၊၂၀၂၃ စစ်ကိုင်းတိုင်းရှိ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့…

ရှမ်းမြောက်တိုက်ပွဲတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၄ ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ…

ဂျင်းဈေးကောင်းသဖြင့် ဂျင်းစိုက်ခင်းများကို ခြံခင်းပြတ်ရောင်းကြရ ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ ဂျင်းစိုက်ပျိုးတောင်သူများသည် ဂျင်းဈေးကောင်းသဖြင့် ဂျင်းစိုက်ခင်းများကို ခြံခင်းပြတ်ရောင်းကြရကြောင်း ဂျင်းစိုက်ပျိုးတောင်သူတစ်ဦး ပြောပြချက်အရ သိရသည်။ ယခုလက်ရှိဈေးကွက်အတွင်း ဂျင်းပေါက်ဈေးသည် ဂျင်းဥမအခက်ကြီး ၁ ပိဿာကို ( ၁၀၀၀၀)ကျပ်အထိရှိနေပြီး ဥမအခက်အလတ်…

အောင်ပန်း-တောင်ကြီးလမ်းတွင် ဆိုင်ကယ်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ အောင်ပန်း- တောင်ကြီးလမ်းပေါ်တွင် ဆိုင်ကယ်မောင်းနှင်သူနှစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး အဆိုပါနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရပါသည်။ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အောင်ပန်း- တောင်ကြီးလမ်း happy…

ပအိုဝ်းအမျိုးသမီးသမဂ္ဂ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုပြည်သူနှင့်အတူဆက်လက်တိုက်ပွဲဝင်မည်ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၃ ပအိုဝ်းအမျိုးသမီးသမဂ္ဂ အနေဖြင့် အမျိုးသမီး အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ပြည်သူနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုသွားသည်။ “အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲတွေ၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ နေ့စဉ်နှင့်အမျှ ပိုပိုဆိုးလာတဲ့အတွက် ၂၄…

ဓနုဒေသတွင်၂၀၂၃ ကာလအတွင်းခရီးသွားများ တဖြည်းဖြည်းများပြားလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၃ အာဏာသိမ်း​ပြီးကာလအတွင်း ခရီးသွားများထက်ဝက်လျော့ကျသွားသော်လည်း၂၀၂၃ ခုနှစ် ရွာငံနှင့် ပင်းတယနယ်တွင် ခရီးသွားများတဖြည်းဖြည်း များပြားလာကြောင်း ခရီးသွားပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးပြောပြချက်အရသိရသည်။ ရှမ်းတောင်ရှိ ပင်းတယနှင့် ရွာငံဒေသများတွင်ပြည်တွင်းခရီးသွားများ တဖြည်းဖြည်း များလာပြီး နိုင်ငံခြားခရီးသွားလာနေမှုက နည်းပါးနေဆဲဖြစ်…

ရှမ်းမြောက်တွင်တိုက်ပွဲကြောင့်ဒေသခံလူထုသောင်းချီထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အိုးအိမ်​နေရပ်စွန့်ခွါပြီးစစ်ဘေးရှောင်ပြည်သူ သောင်းချီရှိလာခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ၂၇ ရက်နေ့မှစပြီး နိုဝင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလျက်ရှိကာ ပြည်သူများဘဝနေထိုင်မှု လုံခြုံမှုမရှိကြောင်းရှမ်းမြောက်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ဒီစစ်ဆင်ရေးစတင်ကြေညာတဲ့ရက် တိုက်ပွဲစဖြစ်တဲ့ရက်ကစပြီး ပြည်သူတွေလုံခြုံမှုမရှိတော့ဘူးလေ။ အဲ့ရက်ကတည်းကတချို့ကရှောင်နေရပြီ။ခုထိရှောင်နေရသူ…

ကောလင်းခရိုင် ကောလင်းမြို့ကို PDF များ သိမ်းပိုက်ပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိဟုဆို

ခမ်းသားငေါဝ်း၊ နိုဝင်ဘာ ၆၊ ၂၀၂၃ အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွတ်ကဲရေး အစီစဥ်ဖြင့် ကောလင်းမြို့ကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများပြားသိမ်းဆည်းရမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထုတ်ပြန်ချက်အရသိရသည်။ စစ်ကိုင်းတိုင်း၊ ကောလင်း ခရိုင်၊…

အင်းလေးတွင်ကျပ်သိန်းပေါင်းသိန်းချီလိမ်လည်သွားသူ ရောက်ရာအရပ် ဌာနဆိုင်ရာကိုလာဘ်ထိုးပြီးနေထိုင်နေဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၃ အင်းလေးဒေသ အင်းပေါခုံရွာအတွင်း ဒေသခံများထံမှကြေးငွေကိုလိမ်လည်ပြီးထွက်ပြေးနေသည့် ကိုဇင်မင်းထွန်းလင်မယား သည်လက်ရှိမွန်ပြည်နယ် မော်လမြိုင်မြို့ သံဖြူဇရပ်တွင်ရောက်ရှိနေထိုင်နေကြောင်း သိရသည်။ ထိုသူမိသားစု လွတ်လပ်စွာသွားလာနေထိုင်နိုင်ရန် ယင်းဒေသရှိဌာနများ၏ စခန်းမှူး၊ မြို့နယ်မှူးများကိုပိုက်ဆံနှင့်လိုက်ကန်တော့ခြင်းလာဘ်ထိုးခြင်းများပြုလုပ်နေကြောင်းသတင်းရင်းမြစ်ကပြောသည်။ “ကျွန်တော်တို့ဒီမှာခေါ်တာကဇင်မင်းလို့ခေါ်တယ်။ ဒီလူက ကုတ်ဆွဲပြီးဖမ်းလို့တော့မရဘူး။…