Author: khamsarngor

အင်းလေးဒေသတွင် ရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ အင်းလေးဒေသတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရှိရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်လျက်ရှိကြောင်း စက်တင်ဘာလ(၂)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့်ကျေးရွာတွင်းရှိ ချောင်းများလည်းရေတက်နူန်းမြင့်နေပြီး ဖောင်တော်ဦးဘုရားဝင်းအတွင်း ရေများဝင်ရောက်လျက်ရှိနေသည်။ “မိုးလဲညဖက်ရောက်ပြီဆိုရင်ရွာပြီ၊ ရွာဖက်တွေမှာလည်း ရေတွေတက်တယ်၊ တစ်ချိူ့ရက်ကန်းရုံတွေခနနားထားရတယ် ရေဝင်လို့လေ၊ အထည်တွေမခြောက်ဘူးလေ ရေတွေအရမ်းတက်လာတယ်ရော၊ဖောင်တော်ဦးရင်ပြင်အရှေ့ဘက်ထိ ရေရောက်နေပြီခုက”ဟုအင်းလေးဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ နောက်ဒေသခံတစ်ဦးကလည်း”အိမ်အောက်ထပ်တွေလဲရေဝင်ကုန်ပြီ၊ စိုက်ခင်းတစ်ချိူ့လည်းရေမြုပ်လို့ပျက်စီးသွားတာတွေလဲရှိတယ်”ဟု၎င်းကပြောသည်။ ဒီနှစ်အတွင်း…

ရွှေကျင်မြို့၊ ကုန်းမြင့်သာယာစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းနှင့် ရိက္ခာများရရှိထား

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်းစစ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့်ရိက္ခာများရရှိထားကြောင်း စက်တင်ဘာ (၁)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်းစစ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ၊ PDFတပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior…

အမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအား MNDAA မှစားနပ်ရိက္ခာလှူဒါန်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ လားရှိုးမြို့ရပ်ကွက်(၃)ခုရှိအမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအားဆန်နှင့်ဆီများသွားရောက်လှူဒါန်းပေးခဲ့ကြောင်းစက်တင်ဘာလ(၁)ရက်နေ့တွင်MNDAAထုတ်ပြန်ချက်အရသိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ခံများ၏အသက်မွေးဝမ်းကြောင်းပြန်လည်ထူထောင်ရေးနှင့် ရပ်ကွက်အသီးသီးရှိနေထိုင်သူများ၏အခြေခံဘဝအာမခံချက်ရရှိစေရန်အတွက် အမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအားဆန်နှင့်ဆီများသွားရောက်လှူဒါန်းပေးခဲ့သည်၊၊ ပြီးခဲ့သည့်ရက်ပိုင်းတွင် လားရှိုးမြို့ရှိသက်ဆိုင်ရာရပ်ကွက်တာဝန်ခံအသီးသီးမှ ရပ်ကွက်များတွင် တစ်အိမ်တက်တစ်အိမ်ဆင်းသွားရောက်ကြည့်ရှုသည့်လုပ်ငန်းစဥ်အတွင်း မိသားစုအချိူ့ထံ၌အရေးပေါ်အကူအညီများလိုအပ်နေသည်ကိုတွေ့ရှိရကြောင်းသိရသည်။ ထို့ကြောင့်သြဂုတ်လ(၃၁)ရက်နေ့တွင် MNDAA အဖွဲ့က လားရှိုးမြို့၏ရပ်ကွက်၄၊၅၊၆ရှိအလွန်ဒုက္ခရောက်နေသည့် မိသားစု(၁၄၂)စုထံသို့အစားအသောက်နှင့်အခြားကယ်ဆယ်ရေးပစ္စည်းများကို ပထမဆုံးအကြိမ် သွားရောက်ပေးဝေခဲ့ပြီး ရပ်ကွက် ၅ ဘုန်းကြီးကျောင်းရှိ သံဃာတော်(၄၅)ပါးကိုလည်းဆွမ်းဆန်ကပ်လှူခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။ လက်ရှိတွင် အလွန်ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကို စိစစ်နေဆဲဖြစ်ပြီး…

ဆီဆိုင်မြို့နယ် နောင်မွန်အဝင်တွင် ပြည်သူ့စစ်ဂိတ်ဖွင့်ပြီး ဂိတ်ကြေးကောက်ခြင်းကြောင့်ဒေသခံအခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ ဆီဆိုင်မြို့နယ် နောင်မွန် အဝင်တွင် နောင်မွန်ပြည်သူ့စစ်ကဂိတ်ဖွင့်ပြီးဖြတ်သန်း သွားလာသမျှကားများအား ငွေကောက်ခံနေကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင် ဟိုပုံးလမ်းမနောင်မွန်အ ဝင်ဟိုတိ(ဟိုတွူး)တွင် PNO ပြည်သူ့စစ်မဟုတ်သည့် နောင်မွန်ပြည်သူ့စစ်က ဒေသခံများထံ လာသမျှကားများအား ဂိတ်ကြေးဟုဆိုကာ ငွေကောက်ခံနေသည်။ “PNO တော့မဟုတ်ဘူး ဗမာတွေပဲ နောင်မွန်မြောက်အထွက်က (ဟိုတွူး) ဟိုတိ ညောင်ပင်အောက် ဟိုပုံးဆီဆိုင်မြို့နယ်အစပ်မှာ”…

တောင်ကြီးမြို့နယ်နောင်ကားမှ ညောင်ရွှေမြို့နယ်သို့သွားသည့်လမ်းတွင် PNO စခန်းလာချပြီး ရွာသားများကထမင်းပို့ပေးနေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ တောင်ကြီးမြို့နယ် နောင်ကားမှ ညောင်ရွှေမြို့နယ်သို့ သွားသည့်လမ်းတွင် PNO ပြည်သူ့စစ်မှစခန်းလာချထားပြီး အနီးအနားရှိရွာများက ထမင်းပို့ပေးနေရကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် ဒေသခံပြောကြားချက်အရသိရသည်။ တောင်ကြီးမြို့နယ် နောင်ကားမှ ညောင်ရွှေမြို့နယ်သို့သွားသည့်လမ်းတွင် PNO ပြည်သူ့စစ်က စခန်းလာချထားပြီး အနီးအနားရှိညောင်ခမ်းရွာ၊ (ဒုံတန်တယ်းခုဲင်း)တဲခဲရွာများကနေစဉ် ထမင်းပို့ပေးနေရပြီး ကုန်ဈေးနုန်းကြီးမားမှုနှင့် ရေရှည်စခန်းချထားပါက ရွာသားများအတွက် အခက်အခဲရှိနိုင်ကြောင်းသိရသည်။ “လူအယောက်သုံးလေးဆယ်အတွက်…

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးပြီးအသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးရေနစ်သေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းပြီး အောင်ပန်းမြို့ မြေနိမ့်ပိုင်းရေကြီးမှုအတွင်း အသက် ၇ နှစ်အရွယ် ဒုတိယတန်း တက်ရောက်သူ မသွန်းစုစုနိုင်က ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ မသွန်းစုစုနိုင် အသက် ၇ နှစ်သည် သြဂုတ်လ ၃၀ ရက်နေ့ညတွင် ကျောင်းကနေအိမ်သို့ပြန်လာစဥ် အိမ်လှေကားပေါ်မှ ခြေချော်ပြီး အိမ်အောက်ရှိရေကြီးမှုအတွင်းပြုတ်ကျပြီး ရေမြောင်းကနေတဆင့်…

တအာင်း ရုံးသုံးစာပေ/ဘာသာစကား တိုးတက်ပြန့်ပွားရန် တအာင်းစာပေအဖွဲ့ TLA ကို ဖွဲ့စည်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ တအာင်းမျိုးနွယ်စုများ၏ တမူတည်းစာ ရုံးသုံးစာပေ/ဘာသာစကား တိုးတက်ပြန့်ပွားစေရန် တအာင်းစာပေအဖွဲ့ (TLA) ကို ဖွဲ့စည်းလိုက်ကြောင်း TNLA ကရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်ဩဂုတ် ၃၀ ရက်က ၅၂ နှစ်မြောက် တအာင်းစာပေနေ့ကျင်းပပြုလုပ်စဥ် တအာင်းစာပေအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း TNLA ထုတ်ပြန်သည့်ရုပ်သံတွင်ဆိုထားသည်။ တအာင်းလူမျိုးများသည် မျိုးနွယ်စုများစွာရှိပြီး မတူညီသည့်…

ဖမ်းဆီးခံရသည့် လွယ်လုံရွာသားတစ်ဦး PNO ပြည်သူ့စစ်နှိပ်စက်မှုဒဏ်ဖြင့် သေဆုံးသွား

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ ဖမ်းဆီးခံရသည့် လွယ်လုံရွာသားအသက် ၆၂ နှစ်အရွယ် ဦးမောင်ဆောင်ကို PNO ပြည်သူ့စစ်နှိပ်စက်မှုဒဏ်ဖြင့်သေဆုံးသွား ခဲ့ကြောင်း သိရသည််။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ ၊လွယ်လုံကျေးရွာ ဇူလိူင်လ ၂၁ ရက်နေ့တွင် ရွာသား ၇ ဦးကို PNO ပြည်သူ့စစ်က ဖမ်းဆီးပြီးနောက် ၆ ဦးကို သြဂုတ်လပထမပတ်အတွင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း…

“ဝ” တောင်ပိုင်းထဲ နေထိုင်ပြီး ပြည်ပသို့ ရောက်ရှိသည့် “ဝ” အမျိုးသားများစစ်မှုထမ်းရန်ပြန်ခေါ်

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊၂၀၂၄ “ဝ” ပြည်နယ်တောင်ပိုင်း ဒေသအတွင်း နေထိုင်ပြီး ပြည်ပနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ကြသည့် “ဝ” အမျိုးသားများ၊ တရားမဝင်အလုပ်သမားများ၊ စစ်မှုထမ်းရန်ရှောင်ပြေးနေသူများ အနေနှင့် မိမိနေရပ်ဆီကို အမြန်ဆုံးပြန်လာပြီး စာရင်ပေးသွင်းကာ စစ်မှုထမ်းကြရန် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA၊ တောင်ပိုင်း စစ်ဒေသ (၁၇၁) မှ သြဂုတ်၊…

မိုင်းပျိုးဘုန်းကြီးကျောင်းရှိ စစ်ရှောင်များသန့်ရှင်းသည့်​ရေရ ရှိရန်အတွက် အဝီစိရေတွင်းလိုအပ်နေ

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊ ၂၀၂၄ ညောင်ရွေမြို့နယ်၊ မိုင်းပျိုးဘုန်းကြီးကျောင်းတွင်စစ်ရှောင်များသန့်ရှင်းသည့်ရေရရှိရန် အတွက် အဝီစိရေတွင်းလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် မိုင်းပျိုးဘုန်းကြီးကျောင်းတွင် စစ်ရှောင်များစုဖွဲ့နေထိုင်ပြီး အင်းထဲရှိရေကိုသာ အပြန်ပြန်အဖန်ဖန်အသုံးပြုနေရသည်။ ‘ အင်းရေပဲ အကုန်လုံးပေါင်းသုံးကြတော့လေ မသန့်တော့ဘူးပေါ့နော်၊ အိမ်သာကထွက်တာက အင်းထဲနဲ့ ဆက်နေတော့လေ ရောဂါတွေဖြစ်လာမှာကြောက်တယ် ၊ ပြီးတော့ ဒီမှာက လူအများကြီး စုနေကြရတော့လေ ရေကလည်းမသန့်တော့ ဝမ်းပျက်ဝမ်းလျောတွေ ၊…