Author: khamsarngor

စစ်အုပ်ချုပ်ရေးကြေညာခြင်းသည် အပစ်ခတ်ရပ်ဆဲရေး သဘောတူညီချက်ဖော်ဆောင်ရာ၌ အခက်အခဲဖြစ်စေသည်ဟု ညီနောင်မဟာမိတ်ဆို

ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးဥပဒေ(Martial law)ကို ကြေညာလိုက်ခြင်းသည် အပစ်ရပ်ဆဲရေးဖြစ်သည့် ဟိုင်ဂင်သဘောတူညီချက်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲဖြစ်စေသည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ဟိုင်ဂင်သဘောတူညီချက်အား အကောင်အထည်ဖော်…

တောင်နီဈေးဟောင်း ဖျက်သိမ်းခံရမှုအပေါ် ဈေးသည်ဟောင်းများမကျေနပ်ကြသလို အခက်ခဲဖြစ်နေရဟုဆို

ခမ်းသားငေါဝ်း မတ် ၆၊၂၀၂၄ တောင်နီဈေးဟောင်းအား စစ်ကောင်စီလက် အောက်ခံဒေသတွင်း အာဏာပိုင်များက ဖျက်သိမ်းခံရမှုတွင် ဈေးသည်ဟောင်းများ မကျေနပ်ကြသလို အခက်ခဲများဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်နီဈေးဟောင်းသည် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့၌…

ရွာငံ-မန္တလေးလမ်း မြို့ကြီးရွာအနီးတွင် Probox ကားတစ်စီး တိမ်မှောက်ပြီး ၆ ဦးသေဆုံး

ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၄ ရွာငံ -မန္တလေး လမ်း မြို့ကြီးရွာအနီးတွင် Probox ကားတစ်စီး အရှိန် မထိန်းနိုင်ပဲ တိမ်မှောက်ပြီး ၆ ဦး သေဆုံးပြီး ၁ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။…

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်မှုမထမ်းမနေရမူကိုကာကွယ်ရန် PNLA တပ်က ​ပြည်သူကိုစစ်မှုထမ်းခေါ်ယူနေ

ခမ်းသားငေါဝ်း မတ်လ ၅၊ ၂၀၂၄ ပအိုဝ်းဒေသတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သည့်သူ စစ်မှုမထမ်းမနေရမူကိုကာကွယ်ရန် PNLA တပ်မှ ဆီဆိုင်မြို့တောင်ဘက် ကျေးရွာများရှိဒေသခံများကို PNLA တပ်ထဲစစ်မှုထမ်းရန် ခေါ်ယူနေကြောင်း PNLO/PNLA တာဝန်ရှိသူ တစ်ဦးထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း…

ဆီဆိုင်မြို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲပြင်းထန်

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ဆီဆိုင်မြို့သို့ စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် ဖေဖော်ဝါရီ(၄)ရက်နေ့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ (၅)ရက်နေ့က PNLA ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့သို့ စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် PNLA ကခုခံတိုက်ခိုက်ရာ ဆီဆိုင်မြို့မြောက်ဘက်တွင်…

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်ပြီး ထုတ်ဖော်မပြောရန် သဘောတူထားကြောင်း စစ်ကောင်စီဘက်ကပြော

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်ပြီး ထုတ်ဖော်မပြောရန် နှစ်ဖက်သဘောတူညီထားကြောင်း စစ်ကောင်စီ၏ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် မတ်လ(၁)ရက်နေ့မှ(၃)ရက်နေ့ထိ တရုတ်နိုင်ငံကူမင်းမြို့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ပြီး ဆွေးနွေးပွဲရလဒ်ကို…

မိုင်းပန်တွင် ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်းသားများကို RCSS/SSA မှ စစ်မှုထမ်းရန်ခေါ်နေဟုဆို

ခမ်းသားငေါဝ်း မတ် ၅၊၂၀၂၄ မိုင်းပန်မြို့နယ်ရှိ အသက် ၁၈ နှစ်အထက်လူငယ်များအား ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်း သားများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAမှ စစ်မှုထမ်းရန်ခေါ်ယူနေကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်ရှိ ကျေးရွာများတွင် ဗာမာကလွဲ၍…

လွယ်ဝိုးတုတ်ရွာတွင် စစ်ကောင်စီနှင့် လက်အောက် ခံ PNOပြည်သူ့စစ်တို့ ဒေသခံပစ္စည်းများခိုးယူပြီး ကားဖြင့်သယ်ထုတ်နေ

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံပစ္စည်းများအား ခိုးယူနေသယ်ထုတ်နေ ကြောင်း ရွာသားထံမှ သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင်ပြီးနောက်…

တိုက်ပွဲကြောင့် လွိုင်လင်တိုးဂိတ်နှင့် မိုင်းပွန်တံတား ပိတ်လိုက်၊ ဖွင့်လိုက်ပြုလုပ်နေ

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်ဂိတ်နှင့် မိုင်းပွန်တံတားကိုတိုက်ပွဲ စစ်ကောင်စစ်နှင့်လက်အောက်ခံများက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေကြောင်းဒေသခံထံက သိရသည်။ မိုင်းပွန်ဘက်မှာ လက်နက်ကြီး ပစ်ခတ်သံ ကြားရသောကြောင့် တံတားကို ယနေ့မတ်လ ၅ ရက်နေ့နံနက် ၉ နာရီအချိန်တွင်…

TNLAသိမ်းဆည်းထားသည့် မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ

ခမ်းသားငေါဝ်း မတ်လ ၄၊ ၂၀၂၄ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းဆည်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ နမ္မတူနှင့် နမ့်ဆန် မြို့တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြောင်း ယနေ့ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ကောင်စီက မြို့နယ်…