စစ်ကောင်စီက စစ်ကြောင်းပြန်လည်ထိုးလာသောကြောင့် တောင်သူများ စပါးမရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေ
ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊ ၂၀၂၄ ဒီမောဆိုတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသောကြောင့် တောင်သူများ စပါးမရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ကရင်နီ(ကယား) ပြည် ဒီမောဆိုမြို့နယ်တွင် စစ်ကောင်စီတပ်များသည် သြဂုတ်လမှစပြီး လွိုင်ကော်- ဒီမောဆို လမ်းမကြီးတစ်လျောက် စစ်ကြောင်းထိုးလာသောကြောင့် စိုက်ပျိုးထားသည့်စပါးများ မရိတ်သိမ်းနိုင်မည်ကို တောင်သူများ စိုးရိမ်နေသည်။ ” စပါးကရိတ်သိမ်းရမယ့် အချိန်ရောက်တော့မှာလေ၊ နောက်လလောက်ဆို ရိတ်လို့ရပြီ၊…