Author: khamsarngor

လွိုင်ကော်တွင် အစဥ်အလာမပျက် သင်္ကြန်ကျင်းပမည်ဆိုခြင်းသည် သက်သက်မဲ့ဝါဒဖြန့်ခြင်းသာဖြစ်ဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၁၁၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အတွင်း စစ်ကောင်စီက အစဥ်အလာမပျက် မဟာသင်္ကြန်ပွဲကျင်းပနိုင်ရန် လုပ်ဆောင်ခြင်းသည် သက်သက်မဲ့ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း KNDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ လွိုင်ကော်မြို့တွင်သုံးပုံ နှစ်ပုံကျော်သည် စစ်သလင်းစစ်မြေပြင်ဖြစ်နေသော်လည်း ယခုနှစ် သင်္ကြန်ကျင်းပရန် စစ်ကောင်စီက ရာထူးကြီးဝန်ထမ်းများကိုခေါ်ယူနေခြင်းသည်…

မိုင်းနင်းမိသည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ မိုင်းနင်းမိခဲ့သည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ရွာတွင် မတ်လ၂၉ ရက်နေ့က အမျိုးသမီးတစ်ဦး ခြံသွားစဉ်မိုင်းနင်းမိပြီးလျက်ရှိ စဝ်းစံထွန်းဆေးရုံသို့ ဆေးကုသနေလျှက်ရှိကြောင်း…

လွိုင်ကော်မြို့အဝင်အထွက် လမ်းကြောင်းအားလုံးပိတ်ဆို့ထားသည်ဟုသိရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ ကယား(ကရင်နီ)ပြည်ရှိ လွိုင်ကော်မြို့၏ အဝင်အ ထွက်လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်ဟု ဧပြီလ(၁၁)ရက်က သိရသည်။ ၁၁၁၁ စစ်ဆင်ရေးနောက်ဆက်တွဲနှင့်အတူ လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်အ တွက်ကြောင့် လွိုင်ကော်မြို့ရှိ အဝင်အထွက်လမ်းကို လုံခြုံရေးအရ ပိတ်ထားသည်ဟုသိရသည်။…

ဖယ်ခုံမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပြည်သူများပြန်လည်နေထိုင်ခြင်းမရှိသေး

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ ဖယ်ခုံမြို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပြည်သူများပြန်လည်နေထိုင်​ခြင်း မရှိသေးကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ပြည်သူများပြန်လည်နေထိုင်ခွင့်မရှိသေးဘဲ မြို့ပျက်သဖွယ် ဖြစ်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကဆိုသည်၊၊…

သရက်ပုရွာအနီးတွင် ကားပျက်၍ကားပြင်ပြီး လမ်းလျှောက်နေစဥ် ကားတိုက်ခံရ သေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ အောင်ပန်း- တောင်ကြီးသွားလမ်း သရက်ပုရွာအနီးတွင် ကားပျက်၍ကားပြင်ပြီးလမ်းလျှောက်နေစဥ် ကားတိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။ ဧပြီလ ၈ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် သရက်ပုရွာအနီးတွင်(ရွှေညောင်)နေ ယာဥ်မောင်း ကိုဇေ~~(ခ)ဖိုးလပြည့်သည်…

KNDF ဗျူဟာခုံဖွဲ့စည်းနိုင်ရန် လူငယ်များအား စစ်သင်တန်းပို့ချနေပြီဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ KNDF ဗျူဟာခုံတစ်ခုဖွဲ့စည်းနိုင်ရန် လူငယ်များအား စစ်သင်တန်းပို့ချပေးနေပြီဟု KNDF ပြန်ကြား ရေး တာဝန်ခံတစ်ဦး ပြောဆိုလိုက်သည်။ စစ်ကောင်စီတပ်ကိုတော်လှန်တိုက်ခိုက်နိုင်ရန်အတွက် KNDF အနေနှင့်ဗျူဟာခုံတစ်ခုဖွဲ့စည်းနိုင်ရန် ဖြစ်ကြောင်း KNDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက…

ရှမ်းတောင်တိုက်ပွဲ (၇၇) ရက်အတွင်း အရပ်သား သေဆုံးသူ ၅၈ ဦးအထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ရှမ်းတောင်တွင် တိုက်ပွဲဖြစ်ပွားသည့် (၇၇)ရက်အတွင်းအရပ်သားသေဆုံးသူ ၅၈ ဦးရှိပြီဖြစ် ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ယင်းသေဆုံးမှုတွင်အမျိုးသမီး ၃ ဦး…

တိုင်းနှင့်ပြည်နယ် အသီးသီးရှိအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများ သေဆုံးမှုမြင့်တက်နေ

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ဇန်နဝါရီလမှ မတ်လအထိ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နိုင်ငံရေးအကျဥ်းသားများ သေဆုံးမှုမြင့်တက်လာကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ…

၂၉ ကြိမ်မြောက် နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို မြန်မာနိုင်ငံကိုယ့်စားပြု ပအို၀်းအနုပညာနှင့်ယဥ်ကျေးမှု ဖေါင်းဒေးရှင်းမှ ကိုယ့်စားလှယ်တက်ရောက်

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ၂၉ ကြိမ်မြောက် ထိုင်းနိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို မြန်မာနိုင်ငံကိုယ့်စားပြု ပအို၀်းအနုပညာနှင့်ယဥ်ကျေးမှု ဖေါင်းဒေးရှင်းမှ ကိုယ့်စားလှယ်တက်ရောက် ခဲ့သည်။ ထိုင်းနိုင်ငံတွင် ယဉ်ကျေးမှုအတွက် ပူးပေါင်းဆောင်ရွက်ရန် MOU သဘောတူ လက်မှတ်ရေးထိုးရာတွင်…

စစ်ကောင်စီလက်နက်ကြီးကြောင့် ကျောင်းသူသုံးဦးထိမှန် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၉၊၂၀၂၄ စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးသည် တွေပူရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသူသုံးဦးထိမှန်ပြီး တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တွေပူကျေးရွားအတွင်း ဧပြီ ၈ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီမှ…