လမ်းအလွန်ပျက်စီးသည့်အတွက်ရပ်ကွက်နေပြည်သူသွားလာရန်ခက်ခဲ
ခမ်းသားငေါဝ်း၊ ဇွန်လ ၈ ၊ ၂၀၂၃ တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက် နယ်မြေ ၄ အဝင်လမ်း လွယ်ခမ်းလမ်းမကြီးသည် အလွန်ပျက်စီးနေသည့်အတွက် ပြည်သူများ သွားလာရန်ခက်ခဲကြောင်းသိရသည်။ မိုးရွာသွန်းချိန်တွင် လမ်းမပေါ် ရေပြည့်လျှံသလို ချိုင့်ခွက်များအလွန်ကြီးမားခြင်းကြောင့် သွားလာရန်အလွန်ခက်ခဲ့ကြောင်းဒေသခံများထံသိရသည်။ “မိုးတွင်းဆိုရင်တော့ပိုဆိုးတယ်။လမ်းပေါ်ရေတွေစီးဆင်းတဲ့ချိန်ဆိုရင် သွားလာရတာအဆင်မပြေဘူး။ယာဥ်ကြောပါပိတ်ဆို့သွားရင်ဆိုင်ကယ်မောင်းသူတွေအနေနဲ့ဆိုရင်…