Author: khamsarngor

မိုးများပြီးဂေါ်ဖီထုပ်များ ပျက်စီးကုန်သည့်အတွက် စျေးနှုန်းအဆမတန် မြှင့်တက်နေ

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ ယခုရက်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းသည့်အတွက် ဂေါ်ဖီခင်းများပျက်စီးကုန်ပြီး ဂေါ်ဖီထုပ်များ အဆမတန်စျေးမြှင့်တက်နေကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဂေါ်ဖီထုပ်စိုက်သည့်ဒေသများတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဂေါ်ဖီထုပ်များပျက်စီးကုန်ပြီး ရှားပါးလာသည့်အတွက် စျေးတက်နေသည်။ “မိုးအရမ်းရွာတော့ ပျက်စီးကုန်တယ် စိုက်တာသိပ်မဖြစ်ဘူး…

စစ်ကောင်စီ၏ လက်နက်ကြီးနှင့်မြေမြုပ်မိုင်းကြောင့် ဇွန်လအတွင်း ပြည်သူ ၁ ဦးသေဆုံး၊ ၆ ဦးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေလယ်ခထွီခရိုင်အတွင်း၌ ဇွန်လအတွင်း စစ်ကောင်စီ၏လက်နက်ကြီးနှင့်မြေမြုပ်မိုင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ ထုတ်ပြန်ထားသည်။ ကေအဲန်ယူ-မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း ဇွန်လ ၄ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကြိတ်ခါးကုန်းကျေးရွာနေ…

ရွှေစျေး၊ဒေါ်လာစျေးပြန်ကျသော်လည်း စားသုံးကုန်စျေးဆက်လက်မြှင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများ အခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဇွန် ၁၃ ၊ ၂၀၂၄ ရွှေစျေးနှင့်ဒေါ်လာစျေးပြန်ကျသော်လည်း အခြေခံစားသောက်ကုန်များစျေးဆက်လက်မြှင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစား ပြည်သူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မေလက ရွှေစျေးနှင့် နိုင်ငံခြားငွေလဲနှုန်းအဆမတန်မြှင့်တက်ခဲ့ပြီး အခြေခံစားသုံးကုန်များလည်း စျေးမြှင့်တက်ခဲ့ကာ ယခုတွင် ရွှေစျေးများ ပြန်လည်ကျဆင်းသော်လည်း…

ရှမ်းတောင် တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၇၇ ဦးရှိလာ

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တိုက်ပွဲဖြစ်ပွားသည့် လေးလကျော်အတွင်း အရပ်သားသေဆုံးသူ ၇၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ဦးကျော်ရှိပြီဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။ တိုက်ပွဲဖြစ်သည့် ၁၄၀ ရက်အတွင်း အရပ်သားပြည်သူ…

မိုးများပြီး စိုက်ခင်းပျက်စီးမှုကြောင့် အင်းလေးဒေသ ခရမ်းချဥ်သီး စိုက်တောင်သူ အခက်တွေ့

ခမ်းသားငေါဝ်း ဇွန် ၁၂ ၊ ၂၀၂၄ ယခုနှစ်မိုးများသည့်အတွက် ခရမ်းချဉ်သီးစိုက်ခင်းများပျက်စီးပြီးအင်းလေးဒေသ ခရမ်းချဉ်သီး စိုက် တောင်သူများအခက်ကြုံနေရကြောင်းတောင်သူများထံ သိရသည်။ လက်ရှိခရမ်းချဉ်သီးအစိမ်းတစ်ပိဿာစျေးက ၇ ထောင် အမှည့်‌တစ်ပိဿာဈေး ၅ ထောင်ကျပ်ထိရရှိနေပြီး စျေးကောင်းရသည့်အချိန်ဖြစ်သည်။ “အခုကမိုးကျပြီဆိုတော့တစ်ချို့စိုက်ခင်းတွေဆိုရင်ရေတွေလွမ်းကုန်ပါပြီ၊ ကျန်တဲ့စိုက်ခင်းတွေကလည်းမသေချာတော့ပါဘူး…

တိုက်အပွဲအတွင်း ပျက်စီးသွားသည့် ဆီဆိုင်မြို့ရှိ​​ဒေသ ခံနေအိမ်များကို ထောက်ပံ့ကြေးပေးအပ်

ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ဆီဆိုင်မြို့ရှိဒေသခံ နေအိမ်များကို စစ်ကောင်စီလက်အောက်ခံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပျက်စီးမှုအလိုက်ခွဲပြီး ထောက်ပံ့ ကြေးပေးအပ်ခဲ့​ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်းပျက်စီးသွားခဲ့သည့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်…

ဒေသမတည်ငြိမ်မှုကြောင့် စံကားဒေသဖက်တွင် ကျောင်းသားများနေ့တစ်ပိုင်းသာ ကျောင်းတက်ရ

ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ စံကားအင်းဒေသ ဘုရားတောင်ရေဆိပ်ကျောင်းတွင် ဒေသတွင်း မတည်ငြိမ်မှုကြောင့် ကျောင်းတက်နေသည့် ကျောင်းသားများ နေ့တစ်ပိုင်းသာ ကျောင်းတက်နေရသည်ဟု ဇွန်လ(၁၁)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ ထီရီးကျေးရွာတွင် လက်နက်ကြီးအထိုင်ချပြီး ဘုရားတောင်ကျောင်းအနီးနားဖက်…

တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးသည် လမ်းကျဥ်းပြီး မိုးတွင်းပြုပြင်ခြင်းကြောင့် ကားများပိတ်မိ

ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ ယခုရက်ပိုင်းအတွင်း မိုးရွာပြီး လမ်းပိုင်းတချို့ပျက်စီးခြင်းကို ပြင်နေသည့်အတွက်ကြောင့် တောင်ကြီး-လွိုင်လင်သွားရာလမ်းတွင် ကားတန်းများစွာပိတ်မိနေပြီး ခရီးသွားနှင့် ကားသမားများအခက် အခဲကြုံတွေ့နေကြရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးသည်ကျဉ်းမြောင်းသလို အကွေ့အကောက်များပြီး ပျက်စီးသည့်လမ်းအားပြင်နေသည့်အတွက် ကားတန်းများပိတ်မိနေကြောင်းသိရသည်။ “…

အိမ်ဝိုင်းထဲ မိုင်းနင်းမိသည့်ဆီဆိုင်ဒေသခံ အမျိုးသမီး ဆေးကုနေစဥ်သေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ ဆီဆိုင်မြို့ အိမ်ဝိုင်းထဲတွင် သန်းရှင်းရေးလုပ်ပြီး မိုင်းနင်းမိခဲ့သည့် ဒေါ်စိုးစိုးလတ်သည် ဆေးကုသနေစဥ်သေဆုံးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့၊မြကန်သာရပ်ကွက်နေ ဒေါ်စိုးစိုးလတ်သည် ဇွန်လ ၆ ရက်နေ့တွင် အိမ်ခြံဝန်းအတွင်း သန်းရှင်းရေးလုပ်နေစဉ်မိုင်းနင်းမိပြီးနောက်အောင်ပန်းမြို့ စစ်ဆေးရုံတွင်ဆေးကုသပြီးနေစဉ် ဇွန်…

မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လာတိုက်ခိုက်ရာ ၃ ဦးဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၁၀၊ ၂၀၂၄ မိုးမိတ်မြို့နယ်ရှိ တအာင်းတပ်မတော် TNLAတပ်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်တိုက်ခိုက်ပြီး TNLA တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ ၉ ရက်နေ့တွင်…