စစ်ဝတ်စုံအတွက်ဟုဆိုကာ PNO ပြည်သူ့စစ်ကတစ်အိမ်ငါးသောင်း ငွေကောက်ခံ
ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ သပြေကုန်းရွာအုပ်စု (အွိုင်ႏတဖြေကွုံꩻ)အတွင်းစစ်ဝတ်စုံအတွက်ဟုဆိုကာ PNO ပြည်သူ့စစ်က ဒေသခံများထံ တစ်အိမ်ငါးသောင်းကောက်ခံနေသဖြင့် ဒေသခံများအတွက် အခက်အခဲဖြစ်နေရသည်ဟု စက်တင်ဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သပြေကုန်းရွာအုပ်စု (အွိုင်ႏတဖြေကွုံꩻ)အတွင်း၌ အသက်(၁၈)နှစ်အထက် (၄၀)အောက်အမျိုးသားများအားလုံး အခြေခံစစ်သင်တန်း မဖြစ်မနေတက်ရောက်ရမည်ဖြစ်ပြီး ယခုအခါတွင် သင်တန်းသားများဝတ်ဆင်ရန် စစ်ဝတ်စုံအတွက်ဆိုကာ တစ်အိမ်ငါးသောင်းကောက်ခံနေသည်။ “ပိုက်ဆံကတော့လာကောက်ပြီ တစ်အိမ်(၅)သောင်းတဲ့ စက်တင်ဘာလ(၁၁)နေ့နောက်ဆုံးထားပြီး ထည့်ရမယ်ပြောတယ်၊…